Monday, November 26, 2018

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် တိုင်းရင်းသားရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ H.E. Mr. Tondrub Wangben နေပြည်တော်သို့ရောက်ရှိ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်




နေပြည်တော်၊ နိုဝင်ဘာလ ၂၆ ရက်၊ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက် လည်ပတ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် တိုင်းရင်းသားရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ H.E. Mr. Tondrub Wangben နှင့်အဖွဲ့သည် ယနေ့ ည ၁၉ နာရီ ၅ မိနစ်တွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိသည်။

ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ အတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ်၊ ကော်မတီအဖွဲ့ဝင် ဦးကျင်ဝမ်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

crd-pyithu hluttaw

Powered by Blogger.