Monday, December 10, 2018

ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌဖလား နောင်ကားဘောလုံးပွဲ အုပ်စုပွဲအတွက် မဲနိုက်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်






အထူးဒေသ(၆)၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ် (ခွဲ) နောင်ကားဘောလုံးကွင်းတွင် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၁၀) ရက် နံနက် (၁၁း၀၀) နာရီအချိန်တွင် ၂၀၁၈-၂၀၁၉ခုနှစ်၊ ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌဖလား နောင်ကား ဘောလုံးပွဲ ပါဝင်ယှဉ်ပြိုင်မည့် အကြီးတန်းဘောလုံးအသင်းနှင့် အငယ်တန်းဘောလုံးအသင်းတို့အား အုပ်စုပွဲအတွက် မဲနိုက်ခဲ့ကြကြောင်း သိရပါသည်။
အဆိုပါမဲနိုက်ရာတွင်  ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) အတွင်းရေးမှူး ဦးခွန်ကျော်သူက  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲနှင့် ပတ်သက်သော စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရပါသည်။

ထို့မဲနိုက်ရာတွင် အငယ်တန်းဘောလုံးအသင်းများ အသင်းပေါင်း (၁၀၅) သင်းရှိ၍ အသင်းအုပ်စု (၃၅)စု ရှိကြောင်း သိရပြီး၊ အကြီးတန်း ဘောလုံးအသင်းများ အသင်းပေါင်း (၁၅) သင်းရှိ၍  အုပ်စုပေါင်း (၅) စု ရှိကြောင်း သိရပါသည်။

ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF) ဥက္ကဋ္ဌဖလား ဖွင့်ပွဲကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက် ၁၃၈၀ခုနှစ်၊ နတ်တော်လဆန်း(၁၀) ရက်၊ တနင်္ဂလာနေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပထမဦးဆုံးပွဲအနေဖြင့် အကြီးတန်းဘောလုံးအသင်း ဆီဆိုင် United အသင်းနှင့် STAR ONE F.C အသင်း တို့ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး၊ ညနေခင်း (၃း၀၀)နာရီအချိန်တွင် အကြီးတန်းဘောလုံးအသင်း လေမော်တန် F.Cအသင်းနှင့် ဟဲဟိုး F.C အသင်းတို့က ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး အငယ်တန်းဘောလုံးအသင်းများသည် (၁၈.၁၂.၂၀၁၈) ရက် နေ့တွင်စတင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်ယံသေ

Powered by Blogger.