Wednesday, January 9, 2019

ကျောက်တလုံးကြီးမြို့နယ်၊ ထီရီးကျေးရွာတွင် ထီရီးဗိမာန်တော်ကျောင်းတိုက် အုတ်မြစ်ချပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၀)ရက်








အထူးဒေသ(၆) ကျောက်တလုံးကြီးမြို့နယ်၊ ထီရီးကျေးရွာတွင် ထီရီးဗိမာန်တော်ကျောင်းတိုက် အုတ်မြစ်ချပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၀) ရက်၊ နံနက်ပိုင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ 

ရှေးဦးစွာ ရတနာသုံးပါးကိုဦးထိပ်ထား၍ သံဃာတော်များက ပရိတ်တရားတော်များနှင့် ကမ္မ၀ါများကို ရွတ်ဖတ်ပူဇော်ပြီး နံနက် (၉း၀၆) မိနစ်အချိန်တွင် အရပ်(၈)မျက်နှာမူ၍ ကျောင်းဆောင်သစ်ကို အုတ်မြစ်ချခဲ့ပါသည်။ 

အဆိုပါ အုတ်မြစ်ချပွဲကို အေးစေတီကျောင်းတိုက် ကျောင်းထိုင်ဆရာတော်၊ မြို့ဦးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်၊ ပထမတောင်ကျောင်းကြီးစာသင်တိုက်မှ ဦးကောတိယ၊ ကျောင်းပေါင်း (၂၈) ကျောင်းမှ သံဃာတော်များ၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)ကွပ်ကဲရေးမှူး ဖြားခွန်မြင့်အောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံမိဘပြည်သူများစည်ကားသိုက်မြိုက်စွာ အုတ်မြစ်ချပွဲပြုလုပ်ကျင်းပကြောင်းသိရှိရပါသည်။

နန်းဆားတဲုင်
Powered by Blogger.