Wednesday, January 9, 2019

အစားထိုးဖွံ့ဖြိုးမှုစီမံကိန်း(Pilot Project)ဒေသ၌ ပျမ်းမျှတစ်အိမ်လျှင်တစ်နှစ်ဝင်ငွေကျပ်(၄၀)သိန်း ရရှိနိုင်ရေးအတွက်​ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၉)ရက်




ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားဒေသ အတွင်းရှိ ပေါ့အင်ကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စု၊ မွေးပြင်ကျေးရွာအုပ်စု၌ ဆောင်ရွက်နေသည့် အစားထိုးဖွံ့ဖြိုးမှုရှေ့ပြေးစီမံကိန်း(Pilot Project) အတွင်းရှိ ကျေးရွာသူ/သားများ တစ်အိမ်ထောင်စုလျှင် တစ်နှစ်ဝင်ငွေပျမ်းမျှ ကျပ်သိန်း(၄၀)ရရှိရေးအတွက် လုပ်ငန်းညိုနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ (၈) ရက်နေ့တွင် ပင်လောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရပါသည်​။

လုပ်ငန်းညိုနှိုင်းအစည်းအဝေးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌက (Pilot Project)စီမံကိန်းဆောင်ရွက်ရသည့် အခြေခံအကြောင်းအရာ အကျဉ်းချုပ်ကို ပြောကြားသည်။ ဆက်လက်၍ ဖယ်ဖားလုံဖောင်ဒေးရှင်းဥက္ကဋ္ဌက (Pilot Project) စီမံကိန်းလုပ်ငန်းများအတွက် ဆွေးနွေးသည်။ ထို့နောက် စီမံကိန်းလုပ်ငန်းများတွင် ပါဝင်သော နယ်စပ်ရေးရာဝန်ကြီးဌာနမှ လမ်းတံတား၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့များ၊ ပျိုးပင်များ ထောက်ပံ့ထားမှု အခြေအနေများကို လည်းကောင်း၊ သမဝါယမဦးစီးဌာနမှ သမအသင်းဖွဲ့စည်းထားမှုအခြေအနေနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သင်တန်းဖွင့်လှစ်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ပညာရေးဌာနမှ ပညာရေးကဏ္ဍဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ကျန်းမားရေးဦးစီးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝက်၊ ကြက်၊ နွားများ မွေးမြူထားရှိမှုအခြေအနေများကိုလည်းကောင်းချပြရှင်းလင်းဆွေးနွေးပါသည်။

ထို့နောက် ကျေးရွာအုပ်စု(၄)ခုအတွင်းရှိ ကျေးရွာများ၌ တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၄၀)သိန်းရရှိရေးအတွက် မယ်ဖားလုံဖောင်ဒေးရှင်းမှ စီပီပြောင်းကုမ္ပဏီမှ မျိုးစေ့ထုတ်လုပ်ရေးဌာနတာဝန်ခံက လေးအုပ်စုအတွက် စီပီပြောင်းမျိုးစေ့များကို ငွေချေးဘဏ်ပုံစံဖြင့် ဧက (၄၀၀)အတွက် ကုမ္ပဏီဈေးနှုန်းများဖြင့်သာ ရောင်းချပေးမည်ဖြစ်ပြီး ထွက်ရှိလာသောပြောင်းဖူးစေ့များကို ကုမ္ပဏီမှပြန်လည်ဝယ်ယူပေးမည်ဖြစ်သည်။ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မယ်ဖားလုံဖောင်းဒေးရှင်းတို့က တစ်အိမ်လျှင်တစ်နှစ်ဝင်ငွေပျမ်းမျှကျပ် (၄၀)သိန်း ရရှိရေးအတွက် ဆွေးနွေးညိုနှိုင်းခဲ့ကြောင်းသိရသည်။

ထိုနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌဦးခွန်စံလွင်က ရိုးရာလက်ရက်ပလိုင်းကို မယ်ဖားလုံဖောင်ဒေးရှင်းဥက္ကဋ္ဌသို့ အမှတ်တရလက်ဆောက်များပေးအပ်ခဲ့ပြီး မယ်ဖားလုံဖောင်ဒေးရှင်းမှ အမှတ်တရလက်ဆောင်များပြန်လည်ပေးအပ်ခဲ့ပါကြောင်းသိရှိရပါသည်။

ခွန်အောင် (နောင်တရား)
Powered by Blogger.