Tuesday, February 19, 2019

အမျိုးသားလွှတ်တော် ဖြားခွန်သိန်းဖေ ပုံဆွေးပင် -တခေါ့မွူး - ထီဖောင်း- ထီနွို့ -ထီဖူ မြေသားလမ်း ဖောက်လုပ်မှု အခြေအနေများကွင်းဆင်းကြည့်ရှု့

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်




ကျောက်တလုံးကြီးမြို့နယ်၊ နောင်ပစ်ကျေးရွာအုပ်စု၊ ပုံဆွေးပင်- တခေါ့မွူး- ထီဖောင်း- ထီနွို့- ထီဖူး မြေသားလမ်း ဖောက်လုပ်မှု အခြေအနေများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မဲဆန္ဒနယ်အမှတ်(၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေနှင့် ကျေးရွာကော်မတီမှတာဝန်ရှိ ပုဂ္ဂိုလ်များက ၂၀၁၉ -ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရပါသည်။

ပုံဆွေးပင်- တခေါ့မွူး- ထီဖောင်း- ထီနွို့- ထီဖူး ကျေးရွားချင်းဆက် မြေသားလမ်းသည် အရှည် (၅) မိုင် (၄)ဖာလုံရှိပြီး  ၂၀၁၈/ ၂၀၁၉ ခုနှစ် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးဖွံ့ဖြိုးတိုးတက်ရေး ဘတ်ဂျတ်ဖြင့်တာဝန်ရှိ ကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်ပေးလျက် ရှိကြောင်း သိရပါသည်။ အဆိုပါ ကျေးရွာများသည် သနပ်ဖက်ကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ ကျန်းမားရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊သယ်ယူပို့ဆောင်ရေး စသောလုပ်ငန်းများတွင်လည်း ပိုမိုအဆင်ပြေဖြစ်ကြောင်း သိရပါသည်။

ခွန်ယံသေ

Powered by Blogger.