Monday, February 4, 2019

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးခွန်ရဲထွေးနှင့် တာဝန်ရှိပုဂ္ဂိုလ်များကစခဲ-ထီဆုံရွာမှ ကန်လောင်းကျေးရွာလမ်းအခြေအနေများကွင်းဆင်းကြည့်ရှု

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်



တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ စခဲ- ထီဆုံရွာမှ ကန်လောင်းကျေးရွာအထိကျေးရွာချင်းဆက်လမ်းဆောက်ရွက်ရန်အတွက် ၂၀၁၉-ခုနှစ်၊ ဖေဖော်ရီလ (၄) ရက်၊ နံနက် (၈း၃၀) အချိန်တွင် ရှမ်းပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးခွန်ရဲထွေးနှင့် တာဝန်ရှိပုဂ္ဂိုလ်များကသွားရောက်ကွင်းဆင်းခဲ့ကြကြောင်းသိရပါသည်။

စခဲ- ထီဆုံရွာမှ ကန်လောင်းကျေးရွာအထိကျေးရွာချင်းဆက်လမ်းသည် (၅) မိုင် (၇) ဖာလုံရှိပြီး ၂၀၁၈- ၂၀၁၉ ပြည်ထောင်စုဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေဖြင့် စခဲ-ထီဆုံမှစ၍  (၁)မိုင် (၆) ဖာလုံကိုကတ္တရာလမ်းခင်းပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။

စခဲ- ထီဆုံရွာမှ ကန်လောင်းကျေးရွာလမ်းပိုင်း (၁)မိုင် (၆) ဖာလုံကိုလမ်းအကျယ် (၆၁)ပေဘေးတွင် စလန်မြောင်း(၂)ခု၊ ကျောက်ခင်းလမ်းပေ(၂၀)အကျယ်ပေါ်တွင် ကတ္တရာလမ်း (၁၂) ပေခင်းသွားမည်ဖြစ်ကြောင်းသိရပြီး၊ထိုလမ်းကို SOE AND MOE ကုမ္ပဏီ နှင့် 4B3F ကုမ္ပဏီတို့မှ မိုးမကျမှီ အပြီးတာဝန်ယူဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။

ခွန်ယံသေ
Powered by Blogger.