Monday, March 11, 2019

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၁)ရက်





ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မြောက်ဘက်ခြမ်းရှိ နောင်ဒေးကျေးရွာအုပ်စု၊ နောင်ဝယ်-မီရဲ-မောက်စောက်-ဖယ်နမ်ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထလမ်းမအား ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် သတ်မှတ်ထားသည့် လမ်းဧရိယာအကျယ်အတိုင်း တိုးချဲ့ဖောက်လုပ်နိုင်ရန် အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခွန်မောင်ဖြူ၊၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်၊ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဦးခင်မောင်သက်နှင့် လမ်းဦးစီးဌာနမှ ဦးစိုင်းနော်အေးတို့က မတ်လ(၁၁)ရက် နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့တို့သည် ပြည်ထောင်စုလွှတ်တော်ရံပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် နောင်ဒေးကျေးရွာအ၀င်လမ်းပိုင်းရှိ တံတားတည်ဆောက်နေမှု၊ မောက်မွန်းကျေးရွာ အုပ်စု၊ ဝေဟိုင်းကျေးရွာရေရရှိရေးအတွက် ဒဲဉ်ဗုံးရေထွက်ဦးမှ စိမ့်စမ်းရေ (၄၃၇၀)ပေ အရှည်ရှိ ရေပိုက် သွယ်တန်းပြီးစီးမှုနှင့် ကျေးရွာလူထုမှ ကိုယ့်အားကိုယ်ကိုးရေစုကန် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ နယ်စပ်ရေးရာဝန်ကြီးဌာန ခွင့်ပြုရံပုံငွေဖြင့် ပအိုဝ်းတောင်တန်းကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်ပြီးစီးသည့် နောင်ယွန်း-ကံနျား-ပုံးတွန်-ပါရင်လမ်း (၅)မိုင် မြေသားလမ်းတည်ဆောက်ပြီးစီးသည့် အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.