Sunday, April 28, 2019

လွယ်ကောင်းနှစ်ခြင်းခရာဇ်ယာန်အသင်းတော် နှစ်(၁၁၀)ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်းဓမ္မသဘင်နှင့် သင်းအုပ်ကြီး၏ အမှုတော်ဆောင် နှစ်(၄၀)ပြည့် ကျေးဇူးတော်ချီးမွှမ်းခြင်း အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်






၂၀၁၉-ခုနှစ်၊ ဧပြီ(၂၈)ရက်နေ့ ၊ မနက်(၈)နာရီအချိန်၊ တောင်ကြီးမြို့နယ်၊ လွယ်ကောင်းရွာသစ်ကျေးရွာတွင် လွယ်ကောင်းနှစ်ခြင်းခရာဇ်ယန်အသင်းတော် နှစ်(၁၁၀)ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်းဓမ္မသဘင်နှင့် သင်းအုပ်ကြီး၏ အမှုတော်ဆောင် နှစ်(၄၀)ပြည့် ကျေးဇူးတော်ချီးမွှမ်းခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာလွယ်ကောင်းနှစ်ခြင်းခရာဇ်ယာန်အသင်းတော်ဘုရားကျောင်းမုခ်ဦးဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နာယက ဖြားခွန်မောင်တုတ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြားခွန်သိန်းဖေ၊ လွယ်ကောင်းအသင်းတော် အသင်းထောက်ဦးရော်ဘင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် သိက္ခာတော်ရ ဆရာတော် ဦးဘဆန်း၊ သိက္ခာတော်ရ ဆရာတော်ဦးအောင်မွန်၊ အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဖြားပီတာထွန်းနိုင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်၊ အထူးဒေသ(၆) ကန်တော်ကြီးမြို့နယ် ဥက္ကဋ္ဌ ဖြားခွန်ကျော်သူတို့က  နှစ်(၁၁၀)ပြည့် ကမ္ဗည်းကျောက်တိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မနက်(၁၀)နာရီတွင် အဖွဲ့ချုပ်၊ သာသနာနယ်နှင့်အသင်းတော်အသီးသီးမှ သ၀ဏ်လွှာများ ဖတ်ကြားခြင်း၊ ပဏာမကျမ်းဖတ်ခြင်းနှင့် အဖွင့်ဆုတောင်းခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ အသင်းတော်သမိုင်းအကျဉ်းဖတ်ကြားခြင်း၊ သမ္မာကျမ်းစာဖတ်ကြားခြင်း၊ ဓမ္မဒေသနာဟောကြားခြင်း၊ လွယ်ကောင်းလူငယ်ဓမ္မတေးများ သီဆိုခြင်း၊ ဆက်ကပ်ဆုတောင်းခြင်းနှင့် ဆရာတော်ဦးဆန်နီအား ဂုဏ်ပြုခြင်းအစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ နာယက ဖြားခွန်မောင်တုတ်၊ ဖြားခွန်ပီတာထွန်းနိုင်၊ အတွင်းရေးမှူးချုပ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်၊ ဗဟိုဌာနချုပ်ရုံး ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း၊ အသွင်ပြောင်းပြည်သူ့စစ်ဌာနေ (PNA) ဒု-ကွပ်ကဲရေးမှူး ဖြားခွန်အောင်သန်း၊ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ အနီးသာသနာအဖွဲ့ချုပ်နှင့် အသင်းတော်အသီးသီးမှ ဆရာတော်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ခွန်ရာဇာဓိပတိ
Powered by Blogger.