Wednesday, April 10, 2019

တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် အထက်လက်ဝဲဘက် ဗုဒ္ဓမြတ်စွယ်တော်(ရင်ငွေ့တော်လှုံပြီး)ဗုဒ္ဓမြတ်စွယ်တော်ပွား ပင့်ဆောင်တော်မှုခြင်း

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၀)ရက်

သာသနာတော်နှစ် ၂၅၆၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၀-ပြည့်နှစ်၊ တန်ခူလဆန်း(၄)ရက်၊ ၂၀၁၉-ခုနှစ်၊ ဧပြီလ(၈)ရက်၊ တနင်္လာနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့၊ ပြည်တော်သာကျောင်းတိုက်ဆရာတော် ဒေါက်တာအရှင်ဇ၀န(သဒ္ဓမ္မ ဇောတိကဓဇ)(၀ိနယ၀ိဒူ) မူလပထမပရိတ်ချည်ဆရာတော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်မှ အထက်လက်ဝဲဘက် ဗုဒ္ဓမြတ်စွယ်တော်(ရင်ငွေ့တော်လှုံပြီး) ဗုဒ္ဓမြတ်စွယ်တော်ပွားနှင့် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ပြည်ချစ်ဘုရားရုပ်ပွားတော်မြတ်ပုံတော်တူတို့ကိုရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူဘုရား၊ ဗုဒ္ဓမြတ်စွယ်တော်ကျောင်းတွင် အများပြည်သူဖူးမျှော်ကြည်ညိုနိုင်ရန် စေတီတော်ဂေါပကအဖွဲ့ နာယကချုပ် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ၀ဏ္ဏကျော်ထင် အဘဦးအောင်ခမ်းထီအား လွှဲပြောင်းလှူဒါန်းခြင်း၊ ပင့်ဆောင်တော်မူခြင်း မှတ်တမ်းဓါတ်ပုံများ


မပင့်ဆောင်မှီ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့တွင်း လှည့်လည်အပူဇော်ခံခြင်း(၈-၄-၂၀၁၉)


ဗုဒ္ဓမြတ်စွယ်တော်ပွားအား စဥ့်ကိုင်မြို့ ပြည်တော်သာကျောင်းတိုက်ဆရာတော် ဒေါက်တာ အရှင်ဇ၀န(သဒ္ဒမ္မဇောတိကဓဇ)(၀ိနယ၀ိဒူ) မူပထမပရိတ်ချည်ဆရာတော်မှ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ၀ဏ္ဏကျော်ထင် အဘဦးအောင်ခမ်းထီအား လွှဲပြောင်းလှူဒါန်းခြင်း


စဥ့်ကိုင်မြို့ ပြည်တော်သာကျောင်းတိုက်ဆရာတော် ဒေါက်တာ အရှင်ဇ၀န(သဒ္ဒမ္မဇောတိကဓဇ)(၀ိနယ၀ိဒူ) မူပထမပရိတ်ချည်ဆရာတော်မှ ရေစက်ချအမျှပေးဝေနေစဉ်
အောင်ပန်းမြို့၊ အောင်ချမ်းသာပရိယတ္တိစာသင်တိုက်ကြီးတွင် ခေတ္တခဏ အပူဇော်ခံစဉ်

တောင်ကြီးမြို့၊ အေးစေတီပရိယတ္တိစာသင်တိုက်ကြီးတွင် တောင်ကြီးမြို့မှ ဒါယကာ ဒါယိကာမများ ဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် တညတာအပူဇော်ခံတော်မူစဉ်



တောင်ကြီးမြို့၊ အေးစေတီပရိယတ္တိစာသင်တိုက်ကြီးတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗိုလ်ချုပ်လင်းအောင်မှ ဗုဒ္ဓမြတ်စွယ်တော်ပွားအား လာရောက်ပူဇော် ကြည်ညိုနေစဉ်(၉-၄-၂၀၁၉)

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗိုလ်ချုပ်လင်းအောင်မှ ဗုဒ္ဓမြတ်စွယ်တော်ပွားအား ကရ၀ိတ်ဖောင်တော်ယာဉ်ပေါ်သို့ ပင့်ဆောင်စဉ်
တောင်ကြီးမြို့တွင်းသို့ လှည့်လည်အပူဇော်ခံနေစဉ်
တောင်ကြီးမြို့နယ်၊ လွယ်ကောင်းကျေးရွာမှ ဒါယကာ ဒါယိကာမများက ဗုဒ္ဓမြတ်စွယ်တော်ပွားအား ဖူးမျှော်ကြိုဆိုနေကြစဉ်
ဗုဒ္ဓမြတ်စွယ်တော်ပွားအား နေ့ဆွမ်းဆက်ကပ်လှူဒါန်ရန်နှင့် ဒါယကာဒါယိကာမများ ပူဇော်နိုင်ရန် တောင်ကြီးမြို့နယ်၊ ပုံဆွေပင်ရွာ၊ ပုံဆွေပင်ကျောင်းတိုက်တွင် ခေတ္တခဏ အပူဇော်ခံနိုင်ရန် ပုံဆွေပင်ဆရာတော်မှ ပင့်ဆောင်နေစဉ်

ပုံဆွေပင်ကျောင်းတွင် တရားနာယူစဉ်
 



ဗုဒ္ဓမြတ်စွယ်တော်ပွားအား တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်(ခွဲ)မှ ဘုရားဒါယကာ ဒါယိကာမများက ကက္ကတွင် ကြိုဆိုပင့်ဆောင် ပူဇော်နေကြစဉ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များက ဗုဒ္ဓမြတ်စွယ်တော်ပွားအား ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရားဝင်းအတွင်းရှိ ဗုဒ္ဓမြတ်စွယ်တော်စံကျောင်းတော်သို့ ပင့်ဆောင်တော်မူစဉ်



တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်မှ အထက်လက်ဝဲဘက် ဗုဒ္ဓမြတ်စွယ်တော်(ရင်ငွေ့တော်လှုံပြီး) ဗုဒ္ဓမြတ်စွယ်တော်ပွားနှင့် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ပြည်ချစ်ဘုရားရုပ်ပွားတော်မြတ်ပုံတော်တူတို့အား ဘုရားအနေကဇာတင်တော်မူခြင်း။

တရားတော်နာယူခြင်း
ခွန်ခမ်းရာ;၊ တနွိုင်ယွေး(တောင်;ကီ,)
Powered by Blogger.