Tuesday, May 21, 2019

နောင်တရားမြို့တွင် မိုးသည်းထန်စွာရွာသွန်း၊ လေပြင်းတိုက်ခတ်၍ အဆောက်အအုံများပျက်စီး

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၂၁)ရက်







ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ တွင်မေလ (၂၀)ရက် မွန်းလွဲ(၁) နာရီခွဲအချိန်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရှိအဆောက်အအုံ (၆)လုံးနှင့် ပေါ့အင်ကျေးရွာအုပ်စု၊ နန်းပုလင်းကျေးရွာအုပ်စု၊ ပင်ခင်အုပ်စု၊ မွှေးပြင် အုပ်စုများတွင် လူနေအိမ် (၉)လုံးအမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။

မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဌာနဆိုင်ရာရုံး(၁)ရုံး၊ မူလတန်းကျောင်း(၁) ကျောင်းနှင့် လူနေအိမ်(၁၃)လုံး စုစုပေါင်းအဆောက်အအုံ(၁၅)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်များထိခိုက်ဆုံးရှုံးမှုမရှိကြောင်းသိရသည်။ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးမှုများကို နောင်တရားမြို့ သဘာဝဘေးဆိုင်ရာကြိုတင်ကာကွယ်တားဆီးရေးအဖွဲ့နှင့် ကျေးရွာသူကျေးရွာသားများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)
Powered by Blogger.