Thursday, June 13, 2019

ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် အောင်ပိုင်ဦးက ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များအား လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၃) ရက်









၂၀၁၉- ခုနှစ်၊ ဇွန်လ(၁၃) ရက်နေ့၊ မွန်းလွဲ (၂း၃၀)အချိန်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊  ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် အောင်ပိုင်ဦးက ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များအား လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် အောင်ပိုင်ဦးက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့အနေဖြင့် မိမိတို့၏ လုပ်ဆောင်မှုအခြေအနေများ၊ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြပြီး တပ်မတော်နှင့် အတူတကွ လက်တွဲလုပ်ဆောင်နိုင်ပါကြောင်း စသောအမှာ စကားအသီးသီးတို့ ရှင်းလင်းပြောကြားပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးမှ ထုတ်လုပ်သည့် လက်ဆောင်ပစ္စည်းများကိုပါ ပေးအပ်ခဲ့ပြီးနောက် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီက ကြိုဆိုနှုတ်ဆက်စကားနှင့် ကျေးဇူးတင်စကားများကိုပါပြောကြားခဲ့ကြောင်းသိရသည်။

ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးဦးအောင်ခမ်းထီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ၊ အသွင်ပြောင်းပြည်သူ့စစ်ဌာနေ(PNA) ကွပ်ကဲရေးမှူး ဖြားခွန်မြင့်အောင်နှင့် ဗဟိုဌာချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်ကောင်းပြည်သူ့စစ် (၁) (၂)၊ ထီတခေါ့ ပြည်သူ့စစ် (၁) (၂)၊ ကျောက်တန်း ပြည်သူ့စစ်၊ ဘန်ကွဲ ပြည်သူ့စစ်၊ ဟိုပုံး ပြည်သူ့စစ်၊ နမ့်ခုတ် ပြည်သူ့စစ်၊ အောင်ဆုဗွေ ပြည်သူ့စစ်၊ နောင်တရား ပြည်သူ့စစ်၊ နောင်ပီ ပြည်သူ့စစ်၊ တပ်မှူးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခွန်ယံသေ

Powered by Blogger.