Thursday, July 11, 2019

နောင်​​တောင်းတပ်​ဦးဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်းတည်​​ထောင်​ခြင်း (၁၅)နှစ်​ပြည့်​အထိမ်းအမှတ်​နှင့်​ ​နောင်​​တောင်းဗုဒ္ဓ​ကောလိပ်​တည်​​ထောင်​ခြင်း(၄)နှစ်​ပြည့်​အထိမ်းအမှတ်​ပွဲ​တော်​ကျင်းပမည်

တောင်​ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်​လ (၁၁)ရက်










ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်ရ​ဒေသ၊ ဟိုပုံးမြို့ရှိ၊ ​နောင်​​တောင်းတပ်​ဦးဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်းတည်​​ထောင်​ခြင်း(၁၅)နှစ်​ပြည့်​အထိမ်းအမှတ်​နှင့် ​နောင်​​တောင်းဗုဒ္ဓ​ကောလိပ်​တည်​​ထောင်​ခြင်း(၄)နှစ်​ပြည့်အထိမ်းအမှတ်​ပွဲ​တော်​ကျင်းပနိုင်​ရန်​အတွက်​ ပအိုဝ်းလူမျိုးလွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ တာဝန်​ရှိပုဂ္ဂိုလ်​များ၊ ပအိုဝ်းလူထုများနှင့်​ ကြိုတင်​တိုင်​ပင်​​ဆွေး​နွေးခြင်းအခမ်းအနားကို ​၂၀၁၉-ခုနှစ်၊ ဇူလိုင်​လ(၁၁)ရက်​၊ နံနက်​(၁၀း၀၀)နာရီအချိန်တွင် နောင်​​တောင်းတပ်​ဦးဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်း ဓမ္မဗိမာန်​​တော်​၌ ကျင်းပခဲ့ပါသည်​။

အဆိုပါကြိုတင်​တိုင်​ပင်​ခြင်းအခမ်းအနားမှာ နောင်​​တောင်းဆရာ​တော်​ဘဒ္ဒန္တရာဇိန္ဒသီရိမှ ဩဝါဒမြွက်​ကြားရာတွင်​ ​နောင်​​တောင်းဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်း​စတင်​သ​န္ဓေတည်​လာခဲ့သည်​မှစ၍ လာမည့်​ ဝါဆိုလတွင်​ (၁၅)နှစ်​ပြည့်​ခဲ့ပြီဖြစ်​ပြီး၊ အဆိုပါ (၁၅)နှစ်​အတွင်းမှ အခက်​အခဲများ​ကျော်​လွှားခဲ့သည့်​ သမိုင်းများ၊ ပညာသင်​ကြားရန်​ ဆရာ၊ မများ၏ အ​ခြေအ​နေများ၊ ပညာလာ​ရောက်​သင်​ကြားကြ​သော ​ကျောင်းသား၊ သူများအ​ခြေ​အ​နေများကို အ​သေးစိပ်​မိန့်​ကြား​ပေးပြီး ​နောင်​​တောင်းဗုဒ္ဓ​ကောလိပ်​ကို တည်​​ထောင်​ခဲ့သည်​မှာလည်း (၄)နှစ်​ပြည့် ပြီဖြစ်​၍ ​နောင်​​တောင်းဗုဒ္ဓ​ကောလိပ်​မှ ဗုဒ္ဓဓမ္မဒီပလိုမာရရှိ​​တော်​မူခဲ့သည့်​ ရဟန်းသံဃာ​တော်​များအား ဘွဲ့တံဆိပ်​​တော်​ဆက်​ကပ်​ခြင်းနှင့်​နောင်​​တောင်းတပ်​ဦးဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်းအတွင်းရှိ တာဝန်​ထမ်း​ခဲ့​သော ဆရာ၊ မများ၊ တာဝန်​ထမ်း​​ဆောင်​​ဆဲ ဆရာ၊ မများ၊ အလှူရှင်​များအား ဂုဏ်​ပြုချီးမြှငြ့်ခင်းစသည့်​ အစီအစဉ်​များဖြင့်​ ကျင်းပသွားလိုကြောင်း မိန့်ကြားခဲ့ပါသည်​။

ထို့​နောက်​ တက်​​ရောက်​လာ​သော လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ တာဝန်​ရှိပုဂ္ဂိုလ်​များ၊ ပြည်​သူလူထုများမှ အပြန်​အလှန်​​ဆွေး​နွေးကြရာ လာမည့်​​တော်သလင်းလ လဆုတ်​(လပြည့်​​ကျော်​) (၈)ရက်​မှ (၉)ရက်​​နေ့အထိကျင်းပကြမည်​ဟု ဆုံးဖြတ်​ချက်​ချခဲ့ပြီး ​နောင်​​တောင်းတပ်​ဦးဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်းတည်​​ထောင်​ခြင်း (၁၅)နှစ်​ပြည့်​ အထိမ်းအမှတ်​နှင့်​ ​နောင်​​တောင်းဗုဒ္ဓ​ကောလိပ်​တည်​​ထောင်​ခြင်း(၄)နှစ်​ပြည့်​အထိမ်းအမှတ်​ပွဲ​တော်​ဖြစ်​​မြှောက်​​ရေး​ကော်​မတီအားဖွဲ့စည်းခဲ့ကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်​ရွတ်​ဆို၍ အဆုံးသတ်​ခဲ့ပါသည်​။

အဆိုပါအစည်းအ​ဝေးသို့ ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသအဖွဲ့ဦးစီးဥက္ကဋ္ဌဖြားခွန်​စံလွင်​၊ အမျိုးသားလွှတ်​​တော်​ ကိုယ်​စားလှယ်​ ဖြားခွန်​သိန်း​ဖေ၊ ဟိုပုံးမြို့နယ်၊ ပြည်​နယ်​လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဖြားခွန်​​မောင်​ဖြူ ၊ ပင်​​လောင်းမြို့နယ်​၊ ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​များဖြစ်​ကြ​သော ခွန်​လှဆန်းနှင့်ခွန်​​စော​အောင်​၊ ​ဆီဆိုင်​မြို့နယ်​ပြည်​နယ်​လွှတ်​​တော်​ ကိုယ်​စားလှယ်​များဖြစ်​ကြ​သော ဖြားခွန်​​မောင်​ပယ်​နှင့် ခွန်​လှသိန်း၊ စန္တားခမ်း၊ မျင်​မိုရ်းခမ်း၊ သူရိယခမ်းနှင့်​ခွန်​ဖြားဗွာခမ်းတို့မှ ခမ်း​ဗွေ၊ ဒု-ခမ်း​ဗွေများ၊ ခမ်း၊ နယ်း၊ အွိုင်းမှ တာဝန်​ရှိပုဂ္ဂိုလ်​များ၊ ပအိုဝ်းစာ​ပေနှင့်​ယဉ်​​ကျေးမှာအဖွဲ့မှ တာဝန်​ရှိပုဂ္ဂိုလ်​များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)မှ တာဝန်​ရှိပုဂ္ဂိုလ်​များ၊ ပအိုဝ်းလူငယ်​ကွန်​ယက်​(PYN)မှ တာဝန်​ရှိပုဂ္ဂိုလ်​များ၊ ခမ်း(၄)ခမ်းမှ ​ကျေးရွာသူကြီးများ၊ လူငယ်​​ခေါင်း​ဆောင်​များစုစု​ပေါင်း(၃၀၀) ​ကျော်​တက်​​ရောက်​ခဲ့​ကြောင်း သိရှိရပါသည်။

ခွန်​​ယွေး(ခမ်းစန္တား)

Powered by Blogger.