Thursday, August 8, 2019

Community Centre ခန်းမ၌ အခြေခံပန်းအလှထိုးသင်တန်းဖွင့်

တောင်ကြီး ၊၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၈)ရက်




အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေရန်နှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်း အနေဖြင့် အသုံးပြုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပန်းအလှထိုးသင်တန်းကို သြဂုတ် (၈) ရက် နံနက် (၉) နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သင်တန်းနည်းပြဆရာ ဦးဆလိုင်းက အခြေခံပန်းအလှထိုးနည်းဘာသာရပ်ကို စာတွေ့ လက်တွေ့သင်ကြားပြသပေးခဲ့သည်။

အဆိုပါသင်တန်းကို ဆီဆိုင်မြို့နယ် အတွင်းရှိ အမျိုးသမီးသင်တန်းသူ(၂၂)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ တစ်ရက်တာဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်
Powered by Blogger.