Thursday, September 26, 2019

ကြ်န္ေတာ္တုိ႔ေတြ ဗုဒၶဘာသာဝင္စစ္စစ္ ျဖစ္ၿပီလား…??

ေတာင္ႀကီး၊ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၇)ရက္



အရွင္ေတဇနိယ(အုတ္ဖို) ေရးသားေသာ ေဆာင္းပါးတစ္ပုဒ္တြင္ ေနာင္အခါ၌ ဗုဒၶဘာသာ(၅) မ်ိဳး ရွိလာလိမ့္မည္ဟု ျမတ္စြာဘုရားရွင္က ေဟာထားေၾကာင္းဆိုသည့္အေၾကာင္းကို  ဖတ္ရႈခဲ့ဖူးပါ၏။  ()မ်ိဳးမွာ ကုလဗုဒၶဘာသာ၊ လာဘဗုဒၶဘာသာ၊ ဘယဗုဒၶဘာသာ၊ သဒၶါဓိကဗုဒၶဘာသာႏွင့္ ပညာဓိက ဗုဒၶဘာသာတို႔ျဖစ္သည္ဟု အရွင္ေတဇနိယ(အုတ္ဖို)က တစ္မ်ိဳးျခင္းစီကို အက်ယ္တဝင့္ ေရးသားရွင္းျပထားပါသည္။ သို႔ေသာ္ စာေရးသူအေနႏွင့္ ဤဗုဒၶသာသာ (၅)မ်ိဳးကို အက်ဥ္းခ်ဳပ္ အေနျဖင့္သာတင္ျပလိုပါ၏။ အေၾကာင္းမွာ စာေရးသူအေနႏွင့္ ဤဗုဒၶသာသာ (၅)မ်ိဳးအေၾကာင္းကို သိေစခ်င္တာထက္ မိမိတို႔သည္ မည္သည့္ ဗုဒၶဘာသာအဆင့္တြင္ ရွိေနသည္ကို သံုးသပ္ေစလိုျခင္းသာ ျဖစ္သည္။ 
       
ပထမဦးဆံုး ကုလဗုဒၶဘာသာကို အဓိပၸာယ္ဖြင့္ရမည္ဆိုလွ်င္ မိရုိးဖလာလက္ဆင့္ကမ္းခံရျခင္းဟု ေျပာရမည္ထင္ပါသည္။ အေၾကာင္းမွာ ဗုဒၶသာသာဝင္ မိဘႏွစ္ပါးက ေမြးထုတ္လိုက္ေသာ ကေလးသည္ အလိုအေလ်ာက္ ဗုဒၶဘာသာဝင္ ျဖစ္သြားသကဲ့သို႔ အျခားခရစ္ယာန္၊ အစၥလာမ္ဝင္၊ ဟိႏၵဴတို႔၏ ကေလးသည္လည္း ထိုအတိုင္းပင္ျဖစ္သည္။ ဆိုလိုသည္မွာ အေဖအေမ၊ ဘိုးဘြားေခတ္က ကိုးကြယ္ခဲ့ေသာေၾကာင့္ မိမိအေနျဖင့္ လိုက္ကုိးကြယ္ၿပီး မည္သည့္အတြက္ေၾကာင့္ ကိုးကြယ္ရသည္ကိုလည္း ေသခ်ာမသိ၊ ဗုဒၶဘာသာ၏ အႏွစ္သာရကိုလည္းမသိ၊ လုပ္ေတာ့လုပ္ေနသည္ ဘာလုပ္ေနမွန္း ေသခ်ာမသိသည့္ အျဖစ္မ်ိဳးကိုဆိုလိုသည္။ တစ္နည္းအားျဖင့္ ေျပာရလွ်င္ ပညာမပါသည့္ အျဖစ္မ်ိဳးကို ဆိုလိုျခင္း ျဖစ္သည္။ ဒုတိယလာဘဗုဒၶဘာသာဆိုသည္မွာ ကိုယ္က်ိဳးစီးပြားတိုးပြားရန္အတြက္ ကိုးကြယ္ျခင္းဟု ဆိုႏိုင္ပါသည္။ ျမတ္စြာဘုရားကို ကိုးကြယ္မွ စီးပြားတက္မည္။ အလုပ္အကိုင္ အဆင္ေျပမည္ဟု ထင္ျမင္သူမ်ားျဖစ္သည္။ ဤပုဂၢိဳလ္မ်ားသည္ ေဗဒင္၊ နတ္တို႔ကိုလည္း သက္ဝင္ယံုၾကည္ ကိုးကြယ္သူ မ်ားျဖစ္သည္။ ေနာက္ဘယဗုဒၶဘာသာ ဆိုသည္မွာ ေဘးရန္အႏၱရာယ္လြတ္ကင္းလိုျခင္းဟု အဓိပၸာယ္ရပါသည္။ အေၾကာင္းမွာ အႏၱရာယ္ကင္းရန္၊ က်န္းမာရန္၊ အသက္ရွည္ရန္အတြက္ ကိုးကြယ္ျခင္းကိုဆိုလိုသည္။ ဤကုလဗုဒၶဘာသာ၊ လာဘဗုဒၶဘာသာ၊ ဘယဗုဒၶဘာသာတို႔သည္ အက်ိဳးမျပဳေသာ၊ အဆင့္နိမ့္္ေသာ ဗုဒၶဘာသာမ်ားျဖစ္သည္ဟု အရွင္ေတဇနိယ(အုတ္ဖို)က ေရးသားထားပါသည္။

သဒၶါဓိကဗုဒၶဘာသာဆိုသည္မွာ သဒၶါတရား(ယံုၾကည္ခ်က္)ကို အေျခခံျခင္းဟုဆိုႏိုင္သည္။ ဘုရား၊ တရား၊ သံဃာဟူေသာ ရတနာ()ပါးကို သက္ဝင္ယံုၾကည္သူမ်ား ျဖစ္သည္။ ေကာင္းမႈလုပ္လွ်င္ ေကာင္းက်ိဳးရမည္။ မေကာင္းမႈလုပ္လွ်င္ ဆိုးက်ိဳးရမည္ဆိုသည္ကို လက္ခံယံုၾကည္သူမ်ားလည္းျဖစ္သည္။ အထူးသျဖင့္ ျမတ္စြာဘုရားေဟာၾကားေတာ္မူေသာ တရားေတာ္္မ်ားကို သိရွိသူ၊ ယံုၾကည္သူမ်ား ျဖစ္သည္။ သဒၶါတရားသည္ ယံုၾကည္ခ်က္ျဖစ္ေသာေၾကာင့္ ေကာင္းေသာယံုၾကည္ခ်က္ႏွင့္ မေကာင္းေသာ ယံုၾကည္ခ်က္မ်ားလည္း ျဖစ္တတ္ပါသည္။ ဘုရား၊ တရား၊ သံဃာတို႔ကို မွန္မွန္ကန္ကန္ ယံုၾကည္လွ်င္ သမၼာသဒၶါဟုေခၚဆိုၿပီး မွန္မွန္ကန္ကန္ မယံုၾကည္ပါက ကုလ၊ လာဘ၊ ဘယ စသည့္ဗုဒၶဘာသာ ဆင့္တြင္သာရွိေနမည္ျဖစ္ေသာေၾကာင့္ ၄င္္းကုိ မိစၦာသဒၶါဟု ဆိုလိုပါသည္။ ေနာက္ ပညာဓိကဗုဒၶဘာသာ ဆိုသည္မွာ ျမတ္စြာဘုရားေဟာၾကားေတာ္မူေသာ သစၥာတရားေလးပါးတရားကို ေသခ်ာသိရွိၿပီး ကိုယ္တိုင္က်င့္ႀကံသူဟု ဆိုႏိုင္ပါသည္။ တစ္နည္းအားျဖင့္ အဆိုပါပုဂၢိဳလ္မ်ားသည္ အယံုလြယ္သူမဟုတ္၊ မိမိကိုယ္တိုင္စမ္းသပ္က်င့္ႀကံၿပီးမွသာ ပညာႏွင့္ ဆံုးျဖတ္သူမ်ားျဖစ္သည္။ ထို႔ေၾကာင့္ သဒၶါဓိကဗုဒၶဘာသာႏွင့္ ပညာဓိကဗုဒၶဘာသာသည္ အထက္တန္းက်ၿပီး ျမင့္ျမတ္သည္ဟု ဆိုထားပါသည္။

ဤသို႔ဆိုလွ်င္ ယေန႔ဗုဒၶဘာသာႏိုင္ငံဟု လူသိမ်ားသည့္ ျမန္မာႏိုင္ငံသည္ အထက္တြင္ ျမတ္စြာဘုရားရွင္ ေဟာၾကားခဲ့သည့္ ဗုဒၶဘာသာ()မ်ိဳးတြင္ မည္သည့္ဗုဒၶဘာသာအဆင့္တြင္ ရွိေနသနည္း။ ျမတ္စြာဘုရားရွင္ ေဟာၾကားခဲ့သည့္ ဗုဒၶဘာသာ()မ်ိဳးစလံုး ျမန္မာႏိုင္ငံတြင္ ရွိေနၿပီလား။ စဥ္းစားစရာရွိလာပါသည္။ မည္သို႔ပင္ျဖစ္ေစ ထိုဗုဒၶဘာသာ ()မ်ိဳးသည္ ရွိကိုရွိလာမည့္ သေဘာရွိ၏။ ထို႔ေၾကာင့္ ဗုဒၶဘာသာဝင္မ်ားအေနျဖင့္ မိမိတို႔သည္ မည္သည့္ဗုဒၶဘာသာထဲတြင္ ပါဝင္ရမည္ႏွင့္ ပါဝင္ေနသည္ကို သာသိရွိရန္သာ က်န္ပါေတာ့သည္။ ျမန္မာႏိုင္ငံတြင္ တခ်ိဳ႕ေသာ ဗုဒၶဘာသာဝင္မ်ားသည္ ေဗဒင္ယံုၾကည္မႈ၊ ေတာင္ၿပံဳးပြဲကဲ့သို႔ နတ္ကိုးကြယ္မႈမ်ားကို အဘယ္ေၾကာင့္ အရႈးအမႈး(crazy)ျဖစ္ေနရသနည္း။ ဗုဒၶဘာသာပြဲအမည္တပ္ၿပီး အဘယ္ေၾကာင့္ ေသရည္အရက္မ်ား သံုးစြဲေနသူမ်ားရွိေနသနည္း။ ျမန္မာတစ္ႏိုင္ငံလံုးႏွင့္ေျပာလွ်င္ေျပာစရာမ်ားေနလိမ့္မည္။ ထို႔ေၾကာင့္ စာေရးသူႏွင့္အနီးစပ္ဆံုး ပအိုဝ္းလူမ်ိဳးတို႔၏ ဗုဒၶဘာသာအေပၚကိုးကြယ္ယံုၾကည္မႈမ်ာ အေျခအေနကိုသာ တင္ျပလိုပါသည္။

ကြ်ႏ္ုပ္တို႔ ပအိုဝ္းလူမ်ိဳးမ်ားသည္ အမ်ားအားျဖင့္ ဗုဒၶဘာသာကို ကိုးကြယ္ယံုၾကည္ၾကသူမ်ားပင္ျဖစ္သည္။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနထိုင္လိုသူမ်ားျဖစ္သကဲ့သို႔ သူတစ္ပါးကို နားလည္ခြင့္လြတ္တတ္သူမ်ားလည္းျဖစ္သည္။ မေကာင္းမႈျပဳလွ်င္ မေကာင္းမႈခံရမည္ကိုလည္း ယံုၾကည္ၾကသည္။ အလွဴအဒါန္းရက္ေရာၾကသူမ်ားလည္း ျဖစ္သည္။ ထို႔ေၾကာင့္ ေယဘုယ်အားျဖင့္ သဒၶါဓိကဗုဒၶဘာသာထဲတြင္ ပါဝင္ေနသည္ဟုဆိုႏိုင္ပါသည္။ ထိုသို႔ ျဖစ္ရသည္မွာ ျမတ္စြာဘုရားတရားေတာ္ကို ျဖန္႔ေဝေပးေနေသာ သံဃာေတာ္မ်ား အားေကာင္းျခင္းႏွင့္ ပအိုဝ္းေမာ္မ်ားရွိေနျခင္းေၾကာင့္ပင္ျဖစ္မည္ထင္ပါသည္။ သို႔ေသာ္လည္း အျခားတစ္ဖက္တြင္လည္း ကုလဗုဒၶဘာသာထဲတြင္ ရွိေနသည္ဟု ယူဆစရာရွိေနပါသည္။ ဤသို႔ျဖစ္ရသည္မွာ ေတြးေခၚႏိုင္သည့္ ပညာေရးစနစ္ကို မျဖတ္သန္းခဲ့ဖူးသည္က တစ္ေၾကာင္း၊ ကိုယ္ကိုတိုင္ႀကိဳးစားေလ့လာမႈ နည္းပါးသည္ကတစ္ေၾကာင္း၊ ပတ္ဝန္းက်င္လြမ္းမိုးခံရမႈ ရွိေနသည္ကတစ္ေၾကာင္း ျဖစ္မည္ထင္ပါသည္။

စာေရးသူအပါအဝင္ လက္ရွိမိမိတို႔ပအိုဝ္းလူမ်ိဳးသာမက ဗုဒၶဘာသာဝင္အမ်ားစုသည္ ဓေလ့ထံုးတမ္းကို ဗုဒၶဘာသာအျဖစ္သိျမင္ေနၾကသည္ဟု ျမင္မိပါသည္။ ကြ်ႏု္ပ္တို႔၏ အသိတြင္ ဗုဒၶဘာသာသည္ လျပည့္လကြယ္ဘုန္းေတာ္ႀကီးေက်ာင္းမည္၊ တရားနာမည္၊ လူႀကီးကန္ေတာ့မည္၊ ဆြမ္းေတာ္ကပ္မည္ (ေလာင္,၊ ကပ္သြမ္ေတာ;)၊ ဘံုကထိန္လွည့္မည္ စသျဖင့္ ဓေလ့ထံုးတမ္းအရ လုပ္ေဆာင္ေနသည့္အပိုင္းတြင္သာ သိရွိထားၾကသည္။ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ဆရာေတာ္က ပါဠိလိုေဟာ္လွ်င္ ဘာမွပင္ နားမလည္းေတာ့ေပ။ ဤသည္ပင္ ဗုဒၶဘာသာဟု မိမိကိုယ္ကို မွတ္ယူေနၾကသည္။ အမွန္မွာ ထိုအရာမ်ားသည္ ကြ်ႏု္ပ္တို႔က်င့္သံုးေနသာ ဓေလ့ထံုးတမ္းတစ္ခုသာျဖစ္၍ ဗုဒၶဘာသာ၏ အစိတ္အပိုင္းတစ္ခုမွ်သာျဖစ္သည္။ ေနာက္တစ္ခုေျပာစရာရွိသည္မွာ မိမိတို႔ဗုဒၶဘာသာဝင္အမ်ားစု၏အသိထဲတြင္ ျမတ္စြာဘုရား ရွင္၏ တရားေတာ္၊ အဆံုးအမမ်ားသည္ မိမိတို႔ႏွင့္ မဆိုင္၊ သံဃာေတာ္မ်ားႏွင့္သာဆိုင္သည္ဟု ယူဆေနၾကသည္။ ဆရာေတာ္ေဟာသည့္အတုိင္းသာ လိုက္နာၾက၊ ပအိုဝ္းေမာ္ေဟာသည့္အတိုင္းသာ ယံုၾကည္ၾကသည္။ မိမိကိုယ္ကုိ အေနျဖင့္ ဤအရာသည္ မွားေနသလား၊ မွန္ေနသလား မသိေတာ့ေခ်။

ကြ်ႏု္ပ္တို႔ ဗုဒၶဘာသာဝင္အမ်ားစုသည္ ထိုသို႔ေပါ့ေလ်ာ့ေသာ အယူအဆမ်ားေၾကာင့္ ျမတ္စြာဘုရား၏ ဇာတ္ေတာ္မ်ား၊ တရားေတာ္မ်ားႏွင့္ သက္ဆိုင္ေသာ ဗဟုသုတမ်ားအား သိရွိနားလည္မႈ အားနည္းခဲ့ၾကရသည္ဟု ျမင္မိပါသည္။ ကြ်ႏု္ပ္တို႔ ဗုဒၶဘာသာဝင္မ်ားသည္ ဗုဒၶဘာသာ၊ သာသနာတိုးပြားလာေစရန္ႏွင့္ တည္တံ့ခိုင္ၿမဲရန္ ထိန္းသိမ္းကာကြယ္ရမည့္ တာဝန္ရွိပါသည္။ ထို႔ေၾကာင့္ ကြ်ႏု္ပ္တို႔ကိုယ္တိုင္အေနျဖင့္ ဗုဒၶဘာသာႏွင့္သက္ဆိုင္ေသာ ဗဟုသုတမ်ားကို အနည္းအက်ဥ္းသိရွိထားရန္ လိုအပ္ပါသည္။ ထိုသို႔သိရွိမွသာ သူတစ္ပါးအားေျပာျပႏိုင္မည္၊ ဆြဲေဆာင္ႏိုင္မည္ ျဖစ္သည္။ ယခုအေနအထားအရ သူတစ္ပါးကို ဆြဲေဆာင္ဖို႔ ေနေနသာသာ ကြ်ႏု္ပ္တို႔ကိုယ္တိုင္ပင္ ဗုဒၶဘာသာကို လ်စ္လ်ဴရႈေနၾကသည္ႏွင့္ တူေနပါသည္။  

အကယ္၍ ဘာသာျခားက ကြ်ႏ္ုပ္တို႔ဗုဒၶဘာသာအေၾကာင္းကို ေမးျမန္းလာလွ်င္ ကြ်ႏ္ုပ္တို႔ မည္ကဲ့သို႔ အေျဖျပန္ေပးမည္နည္း။ ဥပမာအားျဖင့္ ဗုဒၶဘာသာ၏ ပန္းတိုင္/ရည္ရြယ္ခ်က္က ဘာလဲ၊ ျမတ္စြာဘုရားကို ဘာေၾကာင့္ ရွိခိုးသင့္လဲ၊ ပဌာန္းရြတ္ရင္ ဘာေကာင္းက်ိဳးရမလဲ၊ ျမတ္စြာဘုရားက သစၥာတရားေလးပါးကို ဘာလို႔ ေဟာခဲ့တာလဲ၊ ဝါတြင္းသံုးလတြင္ ဗုဒၶဘာသာဝင္ေတြဘာေၾကာင့္ အိမ္ေထာင္မျပဳၾကတာလဲ၊ ဗုဒၶဘာသာ ဘယ္ႏွစ္မ်ိဳးရွိလဲ၊ နိဗၺာန္ဆိုတာဘာလဲ၊ သံဃာေတာ္ေတြဘာေၾကာင့္ ဆံပင္ရွည္ထားခြင့္မရွိတာလဲ စသျဖင့္ ေမးျမန္းစရာေမးခြန္းမ်ားစြာ ရိွသကဲ့သို႔ ကြ်ႏ္ုပ္တို႔အေနျဖင့္ေလ့လာစရာ အေၾကာင္းအရာမ်ားလည္း မ်ားစြာရွိပါသည္။ ထို႔ေၾကာင့္ အကုန္လံုး မသိႏိုင္ေတာင္ပင္ ဗုဒၶဘာသာ အေျခခံသေဘာတရားမ်ားကို သိရွိထားသင့္ပါသည္။ ထိုသို႔ သိရွိမွသာလွ်င္ မိမိအေနျဖင့္ ဗုဒၶဘာသာဝင္တစ္ဦး စစ္စစ္ျဖစ္ ေၾကာင္း ရဲရဲဝံ့ဝ့ံ ျပသႏိုင္မည္ ျဖစ္သည္။

ယခုဆိုလွ်င္ ကမၻာအရပ္ရပ္ရွိ ကမၻာသူကမၻာသားမ်ားသည္ မိမိတို႔ဗုဒၶဘာသာကို အာရံုျပဳလာၾကၿပီ ျဖစ္သည္။ ယခုႏွစ္တြင္ စပိန္၊ ဒူဘုိင္း၊ အဂၤလန္၊ အိႏၵိယစသည့္ ႏိုင္ငံတို႔တြင္ ေစတီတည္ၾက၊ တရားစခန္း ဖြင့္ၾကႏွင့္ ဗုဒၶဘာသာသို႔ ကူးေျပာင္းၾကေသာ သတင္းမ်ား ဖတ္ရႈခဲ့ရေသာေၾကာင့္ ဗုဒၶဘာသာဝင္တစ္ေယာက္အေနျဖင့္ အတိုင္းမသိ ဝမ္းသာပီတိ ျဖစ္ရပါသည္။ ထို႔ေၾကာင့္ ဗုဒၶဘာသာ ျပန္႔ပြားေအာင္ ႀကိဳးစားအားထုတ္ေနေသာ ဆရာေတာ္မ်ားအား အထူးပင္ ေက်းဇူးတင္မိပါသည္။ ယခုဆိုလွ်င္ အဂၤလန္ႏိုင္ငံ စာသင္ေက်ာင္းေပါင္း(၃၇၀)ေက်ာ္တြင္ သတိပဌာန္းက်င့္စဥ္ႏွင့္ တရားထုိုင္ျခင္း အေလ့က်င့္ကို ကေလးငယ္မ်ားအတြက္ ေက်ာင္းသံုးသင္ရုိးအျဖစ္ ျပဌာန္းေပးလိုက္ၿပီဟု သတင္းမ်ားတြင္ ဖတ္ရႈခဲ့ ရပါသည္။ ၿဗိတိန္ႏိုင္ငံသူ ဘဏ္သူေဌးမတစ္ဦးျဖစ္သည့္ အယ္မာစလိတ္(Emma Slade)သည္ သူမ၏ စည္းစိမ္ဥစၥာမ်ားကို စြန္႔လြတ္ၿပီး ဗုဒၶဘာသာဝင္သီလရွင္အျဖစ္သို႔ ကူးေျပာင္းသြားေသာ သာဓကမ်ားလည္း ဖတ္ရႈခဲ့ဖူးပါသည္။ ဆိုလိုသည္မွာ အဆိုပါ ပုဂၢိဳလ္မ်ားသည္ ဗုဒၶဘာသာဝင္စစ္စစ္ျဖစ္သည္ဟု ဆိုႏိုင္ပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုပုဂၢိဳလ္မ်ားသည္ ဗုဒၶျမတ္စြာဘုရား၏ တရားေတာ္မ်ားကုိ ကိုယ္တိုင္ကိုယ္က် ေလ့လာက်င့္သံုးၿပီးမွ ဗုဒၶဘာသာသို႔ ကူးေျပာင္းၾကသူမ်ားျဖစ္သည္။ ထို႔ေၾကာင့္ ပုဂၢိဳလ္မ်ားကို ပညာဓိကဗုဒၶဘာသာမ်ားဟု ေခၚဆိုႏိုင္ပါသည္။

ဗုဒၶဘာသာသည္ ကမၻာေပၚတြင္ အေကာင္းဆံုး ဘာသာတစ္ခုအျဖစ္ သတ္မွတ္ေနသည္ကို ကြ်ႏု္ပ္တို႔ အားလံုးသိရွိၿပီးျဖစ္သည္။ ထို႔ေၾကာင့္ လက္ရွိကြ်ႏ္ုပ္တို႔ ပိုင္ဆိုင္ထားေသာ မြန္ျမတ္လွသည့္ ဗုဒၶဘာသာ၏ တရားေတာ္အဆီအႏွစ္မ်ား၊ ဗဟုသုတမ်ားကို ကိုယ္တိုင္ကုိက် ေလ့လာသိရွိၿပီး အတူတကြ ႀကိဳးစားအားထုတ္ၾကကာ စစ္မွန္ေသာ ဗုဒၶဘာသာဝင္မ်ားအျဖစ္သို႔ ေျပာင္းလဲၾကစို႔ဟု တိုက္တြန္း ေရးသားလိုက္ရပါသည္။
နဂါ့ခြန္
Unicode Version
ကျွန်တော်တို့တွေ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ပြီလား…??
တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်
အရှင်တေဇနိယ(အုတ်ဖို) ရေးသားသော ဆောင်းပါးတစ်ပုဒ်တွင် “နောင်အခါ၌ ဗုဒ္ဓဘာသာ(၅) မျိုး ရှိလာလိမ့်မည်ဟု မြတ်စွာဘုရားရှင်က ဟောထားကြောင်း” ဆိုသည့်အကြောင်းကို  ဖတ်ရှုခဲ့ဖူးပါ၏။  ၎င်း(၅)မျိုးမှာ ကုလဗုဒ္ဓဘာသာ၊ လာဘဗုဒ္ဓဘာသာ၊ ဘယဗုဒ္ဓဘာသာ၊ သဒ္ဓါဓိကဗုဒ္ဓဘာသာနှင့် ပညာဓိက ဗုဒ္ဓဘာသာတို့ဖြစ်သည်ဟု အရှင်တေဇနိယ(အုတ်ဖို)က တစ်မျိုးခြင်းစီကို အကျယ်တဝင့် ရေးသားရှင်းပြထားပါသည်။ သို့သော် စာရေးသူအနေနှင့် ဤဗုဒ္ဓသာသာ (၅)မျိုးကို အကျဉ်းချုပ် အနေဖြင့်သာတင်ပြလိုပါ၏။ အကြောင်းမှာ စာရေးသူအနေနှင့် ဤဗုဒ္ဓသာသာ (၅)မျိုးအကြောင်းကို သိစေချင်တာထက် မိမိတို့သည် မည်သည့် ဗုဒ္ဓဘာသာအဆင့်တွင် ရှိနေသည်ကို သုံးသပ်စေလိုခြင်းသာ ဖြစ်သည်။

ပထမဦးဆုံး ကုလဗုဒ္ဓဘာသာကို အဓိပ္ပာယ်ဖွင့်ရမည်ဆိုလျှင် မိရိုးဖလာလက်ဆင့်ကမ်းခံရခြင်းဟု ပြောရမည်ထင်ပါသည်။ အကြောင်းမှာ ဗုဒ္ဓသာသာဝင် မိဘနှစ်ပါးက မွေးထုတ်လိုက်သော ကလေးသည် အလိုအလျောက် ဗုဒ္ဓဘာသာဝင် ဖြစ်သွားသကဲ့သို့ အခြားခရစ်ယာန်၊ အစ္စလာမ်ဝင်၊ ဟိန္ဒူတို့၏ ကလေးသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ အဖေအမေ၊ ဘိုးဘွားခေတ်က ကိုးကွယ်ခဲ့သောကြောင့် မိမိအနေဖြင့် လိုက်ကိုးကွယ်ပြီး မည်သည့်အတွက်ကြောင့် ကိုးကွယ်ရသည်ကိုလည်း သေချာမသိ၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရကိုလည်းမသိ၊ လုပ်တော့လုပ်နေသည် ဘာလုပ်နေမှန်း သေချာမသိသည့် အဖြစ်မျိုးကိုဆိုလိုသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ပညာမပါသည့် အဖြစ်မျိုးကို ဆိုလိုခြင်း ဖြစ်သည်။ ဒုတိယလာဘဗုဒ္ဓဘာသာဆိုသည်မှာ ကိုယ်ကျိုးစီးပွားတိုးပွားရန်အတွက် ကိုးကွယ်ခြင်းဟု ဆိုနိုင်ပါသည်။ မြတ်စွာဘုရားကို ကိုးကွယ်မှ စီးပွားတက်မည်။ အလုပ်အကိုင် အဆင်ပြေမည်ဟု ထင်မြင်သူများဖြစ်သည်။ ဤပုဂ္ဂိုလ်များသည် ဗေဒင်၊ နတ်တို့ကိုလည်း သက်ဝင်ယုံကြည် ကိုးကွယ်သူ များဖြစ်သည်။ နောက်ဘယဗုဒ္ဓဘာသာ ဆိုသည်မှာ ဘေးရန်အန္တရာယ်လွတ်ကင်းလိုခြင်းဟု အဓိပ္ပာယ်ရပါသည်။ အကြောင်းမှာ အန္တရာယ်ကင်းရန်၊ ကျန်းမာရန်၊ အသက်ရှည်ရန်အတွက် ကိုးကွယ်ခြင်းကိုဆိုလိုသည်။ ဤကုလဗုဒ္ဓဘာသာ၊ လာဘဗုဒ္ဓဘာသာ၊ ဘယဗုဒ္ဓဘာသာတို့သည် အကျိုးမပြုသော၊ အဆင့်နိမ့််သော ဗုဒ္ဓဘာသာများဖြစ်သည်ဟု အရှင်တေဇနိယ(အုတ်ဖို)က ရေးသားထားပါသည်။

သဒ္ဓါဓိကဗုဒ္ဓဘာသာဆိုသည်မှာ သဒ္ဓါတရား(ယုံကြည်ချက်)ကို အခြေခံခြင်းဟုဆိုနိုင်သည်။ ဘုရား၊ တရား၊ သံဃာဟူသော ရတနာ(၃)ပါးကို သက်ဝင်ယုံကြည်သူများ ဖြစ်သည်။ ကောင်းမှုလုပ်လျှင် ကောင်းကျိုးရမည်။ မကောင်းမှုလုပ်လျှင် ဆိုးကျိုးရမည်ဆိုသည်ကို လက်ခံယုံကြည်သူများလည်းဖြစ်သည်။ အထူးသဖြင့် မြတ်စွာဘုရားဟောကြားတော်မူသော တရားတော််များကို သိရှိသူ၊ ယုံကြည်သူများ ဖြစ်သည်။ သဒ္ဓါတရားသည် ယုံကြည်ချက်ဖြစ်သောကြောင့် ကောင်းသောယုံကြည်ချက်နှင့် မကောင်းသော ယုံကြည်ချက်များလည်း ဖြစ်တတ်ပါသည်။ ဘုရား၊ တရား၊ သံဃာတို့ကို မှန်မှန်ကန်ကန် ယုံကြည်လျှင် သမ္မာသဒ္ဓါဟုခေါ်ဆိုပြီး မှန်မှန်ကန်ကန် မယုံကြည်ပါက ကုလ၊ လာဘ၊ ဘယ စသည့်ဗုဒ္ဓဘာသာ အဆင့်တွင်သာရှိနေမည်ဖြစ်သောကြောင့် ၄င််းကို မိစ္ဆာသဒ္ဓါဟု ဆိုလိုပါသည်။ နောက် ပညာဓိကဗုဒ္ဓဘာသာ ဆိုသည်မှာ မြတ်စွာဘုရားဟောကြားတော်မူသော သစ္စာတရားလေးပါးတရားကို သေချာသိရှိပြီး ကိုယ်တိုင်ကျင့်ကြံသူဟု ဆိုနိုင်ပါသည်။ တစ်နည်းအားဖြင့် အဆိုပါပုဂ္ဂိုလ်များသည် အယုံလွယ်သူမဟုတ်၊ မိမိကိုယ်တိုင်စမ်းသပ်ကျင့်ကြံပြီးမှသာ ပညာနှင့် ဆုံးဖြတ်သူများဖြစ်သည်။ ထို့ကြောင့် သဒ္ဓါဓိကဗုဒ္ဓဘာသာနှင့် ပညာဓိကဗုဒ္ဓဘာသာသည် အထက်တန်းကျပြီး မြင့်မြတ်သည်ဟု ဆိုထားပါသည်။

ဤသို့ဆိုလျှင် ယနေ့ဗုဒ္ဓဘာသာနိုင်ငံဟု လူသိများသည့် မြန်မာနိုင်ငံသည် အထက်တွင် မြတ်စွာဘုရားရှင် ဟောကြားခဲ့သည့် ဗုဒ္ဓဘာသာ(၅)မျိုးတွင် မည်သည့်ဗုဒ္ဓဘာသာအဆင့်တွင် ရှိနေသနည်း။ မြတ်စွာဘုရားရှင် ဟောကြားခဲ့သည့် ဗုဒ္ဓဘာသာ(၅)မျိုးစလုံး မြန်မာနိုင်ငံတွင် ရှိနေပြီလား။ စဉ်းစားစရာရှိလာပါသည်။ မည်သို့ပင်ဖြစ်စေ ထိုဗုဒ္ဓဘာသာ (၅)မျိုးသည် ရှိကိုရှိလာမည့် သဘောရှိ၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မိမိတို့သည် မည်သည့်ဗုဒ္ဓဘာသာထဲတွင် ပါဝင်ရမည်နှင့် ပါဝင်နေသည်ကို သာသိရှိရန်သာ ကျန်ပါတော့သည်။ မြန်မာနိုင်ငံတွင် တချို့သော ဗုဒ္ဓဘာသာဝင်များသည် ဗေဒင်ယုံကြည်မှု၊ တောင်ပြုံးပွဲကဲ့သို့ နတ်ကိုးကွယ်မှုများကို အဘယ်ကြောင့် အရှုးအမှုး(crazy)ဖြစ်နေရသနည်း။ ဗုဒ္ဓဘာသာပွဲအမည်တပ်ပြီး အဘယ်ကြောင့် သေရည်အရက်များ သုံးစွဲနေသူများရှိနေသနည်း။ မြန်မာတစ်နိုင်ငံလုံးနှင့်ပြောလျှင်ပြောစရာများနေလိမ့်မည်။ ထို့ကြောင့် စာရေးသူနှင့်အနီးစပ်ဆုံး ပအိုဝ်းလူမျိုးတို့၏ ဗုဒ္ဓဘာသာအပေါ်ကိုးကွယ်ယုံကြည်မှုမျာ အခြေအနေကိုသာ တင်ပြလိုပါသည်။

ကျွန်ုပ်တို့ ပအိုဝ်းလူမျိုးများသည် အများအားဖြင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသူများပင်ဖြစ်သည်။ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လိုသူများဖြစ်သကဲ့သို့ သူတစ်ပါးကို နားလည်ခွင့်လွတ်တတ်သူများလည်းဖြစ်သည်။ မကောင်းမှုပြုလျှင် မကောင်းမှုခံရမည်ကိုလည်း ယုံကြည်ကြသည်။ အလှူအဒါန်းရက်ရောကြသူများလည်း ဖြစ်သည်။ ထို့ကြောင့် ယေဘုယျအားဖြင့် သဒ္ဓါဓိကဗုဒ္ဓဘာသာထဲတွင် ပါဝင်နေသည်ဟုဆိုနိုင်ပါသည်။ ထိုသို့ ဖြစ်ရသည်မှာ မြတ်စွာဘုရားတရားတော်ကို ဖြန့်ဝေပေးနေသော သံဃာတော်များ အားကောင်းခြင်းနှင့် ပအိုဝ်းမော်များရှိနေခြင်းကြောင့်ပင်ဖြစ်မည်ထင်ပါသည်။ သို့သော်လည်း အခြားတစ်ဖက်တွင်လည်း ကုလဗုဒ္ဓဘာသာထဲတွင် ရှိနေသည်ဟု ယူဆစရာရှိနေပါသည်။ ဤသို့ဖြစ်ရသည်မှာ တွေးခေါ်နိုင်သည့် ပညာရေးစနစ်ကို မဖြတ်သန်းခဲ့ဖူးသည်က တစ်ကြောင်း၊ ကိုယ်ကိုတိုင်ကြိုးစားလေ့လာမှု နည်းပါးသည်ကတစ်ကြောင်း၊ ပတ်ဝန်းကျင်လွမ်းမိုးခံရမှု ရှိနေသည်ကတစ်ကြောင်း ဖြစ်မည်ထင်ပါသည်။

စာရေးသူအပါအဝင် လက်ရှိမိမိတို့ပအိုဝ်းလူမျိုးသာမက ဗုဒ္ဓဘာသာဝင်အများစုသည် ဓလေ့ထုံးတမ်းကို ဗုဒ္ဓဘာသာအဖြစ်သိမြင်နေကြသည်ဟု မြင်မိပါသည်။ ကျွနု်ပ်တို့၏ အသိတွင် ဗုဒ္ဓဘာသာသည် လပြည့်လကွယ်ဘုန်းတော်ကြီးကျောင်းမည်၊ တရားနာမည်၊ လူကြီးကန်တော့မည်၊ ဆွမ်းတော်ကပ်မည် (လောင်,၊ ကပ်သွမ်တော;)၊ ဘုံကထိန်လှည့်မည် စသဖြင့် ဓလေ့ထုံးတမ်းအရ လုပ်ဆောင်နေသည့်အပိုင်းတွင်သာ သိရှိထားကြသည်။ ဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်က ပါဠိလိုဟော်လျှင် ဘာမှပင် နားမလည်းတော့ပေ။ ဤသည်ပင် ဗုဒ္ဓဘာသာဟု မိမိကိုယ်ကို မှတ်ယူနေကြသည်။ အမှန်မှာ ထိုအရာများသည် ကျွနု်ပ်တို့ကျင့်သုံးနေသာ ဓလေ့ထုံးတမ်းတစ်ခုသာဖြစ်၍ ဗုဒ္ဓဘာသာ၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သည်။ နောက်တစ်ခုပြောစရာရှိသည်မှာ မိမိတို့ဗုဒ္ဓဘာသာဝင်အများစု၏အသိထဲတွင် မြတ်စွာဘုရား ရှင်၏ တရားတော်၊ အဆုံးအမများသည် မိမိတို့နှင့် မဆိုင်၊ သံဃာတော်များနှင့်သာဆိုင်သည်ဟု ယူဆနေကြသည်။ ဆရာတော်ဟောသည့်အတိုင်းသာ လိုက်နာကြ၊ ပအိုဝ်းမော်ဟောသည့်အတိုင်းသာ ယုံကြည်ကြသည်။ မိမိကိုယ်ကို အနေဖြင့် ဤအရာသည် မှားနေသလား၊ မှန်နေသလား မသိတော့ချေ။

ကျွနု်ပ်တို့ ဗုဒ္ဓဘာသာဝင်အများစုသည် ထိုသို့ပေါ့လျော့သော အယူအဆများကြောင့် မြတ်စွာဘုရား၏ ဇာတ်တော်များ၊ တရားတော်များနှင့် သက်ဆိုင်သော ဗဟုသုတများအား သိရှိနားလည်မှု အားနည်းခဲ့ကြရသည်ဟု မြင်မိပါသည်။ ကျွနု်ပ်တို့ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာ၊ သာသနာတိုးပွားလာစေရန်နှင့် တည်တံ့ခိုင်မြဲရန် ထိန်းသိမ်းကာကွယ်ရမည့် တာဝန်ရှိပါသည်။ ထို့ကြောင့် ကျွနု်ပ်တို့ကိုယ်တိုင်အနေဖြင့် ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော ဗဟုသုတများကို အနည်းအကျဉ်းသိရှိထားရန် လိုအပ်ပါသည်။ ထိုသို့သိရှိမှသာ သူတစ်ပါးအားပြောပြနိုင်မည်၊ ဆွဲဆောင်နိုင်မည် ဖြစ်သည်။ ယခုအနေအထားအရ သူတစ်ပါးကို ဆွဲဆောင်ဖို့ နေနေသာသာ ကျွနု်ပ်တို့ကိုယ်တိုင်ပင် ဗုဒ္ဓဘာသာကို လျစ်လျူရှုနေကြသည်နှင့် တူနေပါသည်။  

အကယ်၍ ဘာသာခြားက ကျွန်ုပ်တို့ဗုဒ္ဓဘာသာအကြောင်းကို မေးမြန်းလာလျှင် ကျွန်ုပ်တို့ မည်ကဲ့သို့ အဖြေပြန်ပေးမည်နည်း။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာ၏ ပန်းတိုင်/ရည်ရွယ်ချက်က ဘာလဲ၊ မြတ်စွာဘုရားကို ဘာကြောင့် ရှိခိုးသင့်လဲ၊ ပဌာန်းရွတ်ရင် ဘာကောင်းကျိုးရမလဲ၊ မြတ်စွာဘုရားက သစ္စာတရားလေးပါးကို ဘာလို့ ဟောခဲ့တာလဲ၊ ဝါတွင်းသုံးလတွင် ဗုဒ္ဓဘာသာဝင်တွေဘာကြောင့် အိမ်ထောင်မပြုကြတာလဲ၊ ဗုဒ္ဓဘာသာ ဘယ်နှစ်မျိုးရှိလဲ၊ နိဗ္ဗာန်ဆိုတာဘာလဲ၊ သံဃာတော်တွေဘာကြောင့် ဆံပင်ရှည်ထားခွင့်မရှိတာလဲ စသဖြင့် မေးမြန်းစရာမေးခွန်းများစွာ ရှိသကဲ့သို့ ကျွန်ုပ်တို့အနေဖြင့်လေ့လာစရာ အကြောင်းအရာများလည်း များစွာရှိပါသည်။ ထို့ကြောင့် အကုန်လုံး မသိနိုင်တောင်ပင် ဗုဒ္ဓဘာသာ အခြေခံသဘောတရားများကို သိရှိထားသင့်ပါသည်။ ထိုသို့ သိရှိမှသာလျှင် မိမိအနေဖြင့် ဗုဒ္ဓဘာသာဝင်တစ်ဦး စစ်စစ်ဖြစ် ကြောင်း ရဲရဲဝံ့ဝ့ံ ပြသနိုင်မည် ဖြစ်သည်။

ယခုဆိုလျှင် ကမ္ဘာအရပ်ရပ်ရှိ ကမ္ဘာသူကမ္ဘာသားများသည် မိမိတို့ဗုဒ္ဓဘာသာကို အာရုံပြုလာကြပြီ ဖြစ်သည်။ ယခုနှစ်တွင် စပိန်၊ ဒူဘိုင်း၊ အင်္ဂလန်၊ အိန္ဒိယစသည့် နိုင်ငံတို့တွင် စေတီတည်ကြ၊ တရားစခန်း ဖွင့်ကြနှင့် ဗုဒ္ဓဘာသာသို့ ကူးပြောင်းကြသော သတင်းများ ဖတ်ရှုခဲ့ရသောကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန့်ပွားအောင် ကြိုးစားအားထုတ်နေသော ဆရာတော်များအား အထူးပင် ကျေးဇူးတင်မိပါသည်။ ယခုဆိုလျှင် အင်္ဂလန်နိုင်ငံ စာသင်ကျောင်းပေါင်း(၃၇၀)ကျော်တွင် သတိပဌာန်းကျင့်စဉ်နှင့် တရားထိုုင်ခြင်း အလေ့ကျင့်ကို ကလေးငယ်များအတွက် ကျောင်းသုံးသင်ရိုးအဖြစ် ပြဌာန်းပေးလိုက်ပြီဟု သတင်းများတွင် ဖတ်ရှုခဲ့ ရပါသည်။ ဗြိတိန်နိုင်ငံသူ ဘဏ်သူဌေးမတစ်ဦးဖြစ်သည့် အယ်မာစလိတ်(Emma Slade)သည် သူမ၏ စည်းစိမ်ဥစ္စာများကို စွန့်လွတ်ပြီး ဗုဒ္ဓဘာသာဝင်သီလရှင်အဖြစ်သို့ ကူးပြောင်းသွားသော သာဓကများလည်း ဖတ်ရှုခဲ့ဖူးပါသည်။ ဆိုလိုသည်မှာ အဆိုပါ ပုဂ္ဂိုလ်များသည် ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်များသည် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို ကိုယ်တိုင်ကိုယ်ကျ လေ့လာကျင့်သုံးပြီးမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကြသူများဖြစ်သည်။ ထို့ကြောင့် ၎င်းပုဂ္ဂိုလ်များကို ပညာဓိကဗုဒ္ဓဘာသာများဟု ခေါ်ဆိုနိုင်ပါသည်။

ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ဘာသာတစ်ခုအဖြစ် သတ်မှတ်နေသည်ကို ကျွနု်ပ်တို့ အားလုံးသိရှိပြီးဖြစ်သည်။ ထို့ကြောင့် လက်ရှိကျွန်ုပ်တို့ ပိုင်ဆိုင်ထားသော မွန်မြတ်လှသည့် ဗုဒ္ဓဘာသာ၏ တရားတော်အဆီအနှစ်များ၊ ဗဟုသုတများကို ကိုယ်တိုင်ကိုကျ လေ့လာသိရှိပြီး အတူတကွ ကြိုးစားအားထုတ်ကြကာ “စစ်မှန်သော ဗုဒ္ဓဘာသာဝင်များအဖြစ်သို့ ပြောင်းလဲကြစို့” ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။
နဂါ့ခွန်
Powered by Blogger.