Friday, December 13, 2019

လေ့လာခြင်းမှ စ၍

Uincode
တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်


ယနေ့ခေတ်တွင် လူငယ်များသည် လှုပ်ရှားသွားလာပြီး ကြိုးစားနေထိုင်ကြသည်မှာ အားရသဖွယ် မြင်တွေ့နေရပါသည်။ လူငယ်များ စာသင်နေစဉ်တွင် အလုပ်ကို သေသေချာချာ ကျွမ်းကျင်တတ်မြောက်အောင်လေ့လာရန် မိဘဆရာသမားများက အမြဲတမ်း သတိပေးခဲ့ပါသည်။ ခေတ်ရေစီးကြောင်းအရ လူငယ်များသည် မည်သည့်ကိစ္စတွင်မဆို ခေတ်ရေစီးကြောင်းအတိုင်း အလိုက်သင့် မျောပါနေကြပါသည်။ သို့သော် ခေတ်ရေစီးကြောင်းအတိုင်း ရည်ရွယ်ချက်မပါဘဲ မျောပါမသွားရန် သတိပေးလိုပါသည်။ မိမိအတွက် အရေးကြီးသောလိုအပ်ချက်များဖြစ်သည့် အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ်ဆိုင်ရာ လေ့လာမှုကိုသာ လုပ်ဆောင်သင့်ပါသည်။

ကျောင်းတွင် ပညာသင်ကြားခဲ့သော်လည်း အရာအားလုံးကို စုံလင်အောင်မသင်ကြားနိုင်ခဲ့ပါ။ ထို့ကြောင့် ပြင်ပအထွေထွေဗဟုသုတို မဖြစ်မနေလေ့လာသင့်သောအရာ ဖြစ်ပါသည်။ မိမိသတ်မှတ်ထားသောပန်းတိုင်ကို အရောက်သွားနိုင်ရန်အတွက် သိထားသင့်သော အချက်အလက်များ၊ သင်ယူရမည့်အရာများ၊ ဖြည့်ဆည်းရမည့်ကွက်လပ်များကို လေ့လာထားမှသာ မိမိလိုချင်သော အောင်မြင်မှုအတွက် အရည်အချင်းတစ်ခု ထွက်လာနိုင်မည်ဖြစ်ပါသည်။ လေ့လာသင်ယူသောနေရာတွင် နယ်ပယ်စုံကို စိတ်ဝင်စားစွာ လေ့လာသင်ယူစရာ များပါသည်။ မိမိတို့၏ လေ့လာထားသော အခွင့်အရေးများကို တန်ဖိုးရှိရှိ အသုံးချရင်း အနာဂါတ်နေ့သစ်ဆီသို့ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းသွားရန် လိုအပ်ပါသည်။

ခေတ်သစ်လူနေမှုဘဝသည် သက်တောင့်သက်သာရှိမှု ပိုရှိလာပြီး ဖြစ်လာသောအရာမှန်သမျှ သည် လူသားများအတွက် ထိလွယ်ရှလွယ် ဖြစ်လာကြသည်ကို မြင်တွေ့နေရပါသည်။ အစဉ်ပြောင်းလဲနေသောအချိန်ကာလတွင် မိမိတို့လည်း နောက်ကျကျန်ရစ်ခြင်းမဖြစ်ရလေအောင် ရေရှည်ရပ်တည်နိုင်အောင် အဆက်မပြတ်လေ့လာရန် လိုအပ်ပါသည်။ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်နှင့် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကို တစ်စုံတစ်ယောက်ကသော်လည်းကောင်း၊ ပတ်ဝန်းကျင်ကသော်လည်းကောင်း၊ စာအုပ်စာပေကသော်လည်းကောင်း ကဏ္ဍပေါင်းစုံတွင် မိမိတို့ကြိုက်နှစ်သက်ရာ လေ့လာပြီး ဘဝရှေ့တစ်လှမ်းတက်ရောက်နိုင်ရန် နီးစပ်နေပြီဖြစ်ပါသည်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလောကတွင် ဝင်ရောက်လုပ်ကိုင်ရန်အတွက်လည်း လေ့လာခြင်းမှ စပြီး လုပ်ဆောင်မှသာ အဆင်ပြေမည်ဖြစ်သည်။ လေ့လာမှုအားကောင်းခြင်းဖြင့် အလုပ်လုပ်ရာတွင် တီထွင်ကြံဆမှုအသစ်များ ဖြစ်ပေါ်လာခြင်း၊ အခွင့်အလမ်းများ ပိုမိုရရှိခြင်း၊ အလုပ်ကို ထိရောက်စွာလုပ်ဆောင်နိုင်ခြင်းဖြစ်ပါသည်။ တချို့သောသူများသည် ယနေ့အချိန်ထိ လေ့လာနေသောအရာသည် မိမိဘဝရည်မှန်းချက်နှင့် ကိုက်ညီသော အရာဖြစ်နေသလားဆိုသည်ကို ဇဝေဇဝါဖြစ်နေသည်မှာ ယခုချိန်ထိပင်ဖြစ်နေသည်။ လူတိုင်းသည် ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးရ မည်ဖြစ်သောကြောင့် မိမိဘဝလိုအပ်ချက်သည် မိမိကိုယ်တိုင်သာသိပြီး ဘဝအတွက် ရှေ့ဆက်သွား နိုင်ရန် မိမိကိုယ်တိုင်လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ခိုင်မာသောဦးတည်ချက်နှင့် ပန်းတိုင်ကို အစီအစဉ်တကျ ချမှတ်တတ်ရန်လိုပါသည်။ မိမိအမှန်တကယ်သိချင်လုပ်ချင်သော ပညာရပ် တစ်ခုကိုဖြစ်စေ၊ အလုပ်တစ်ခုကိုဖြစ်စေ လေ့လာမည်ဆိုလျှင် ခံယူချက်ပေါ်မူတည်ပြီး နည်းစနစ်မှန် ကန်ရန် လိုအပ်ပါသည်။ ငယ်ရွယ်စဉ်အခါတွင် သင်ယူလေ့လာမှုကောင်းသောအချိန်ဖြစ်နေသော ကြောင့် အသိဉာဏ်ပညာနှင့် ပြည့်စုံအောင် ကိုယ်တိုင်ရင်းနှီးမြုပ်နှံမှုလုပ်မှသာလျှင် မိမိတို့၏ အနာဂါတ်သည် သာယာလှပနိုင်မည် ဖြစ်ပါသည်။

ထို့နောက် လူတို့၏ ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုနှင့် ဘာသာစကားတို့သည် မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းသည်လည်း လူငယ်များ၏ လေ့လာမှုအားကောင်း သောကြောင့်ဖြစ်ပါသည်။ မိမိတို့ဘဝတစ်ဆင့် ချိုးပြောင်းလဲရန်အတွက်လည်း လေ့လာခြင်းဖြင့် ရင်ဆိုင်ကျော်လွှားရန် လိုအပ်ပြီဖြစ်ပါသည်။ နောင်လာမည့်နှစ်တွင် သာမန်နှစ်လိုပင် မကုန်ဆုံးစေရန် လေ့လာသင်ယူခြင်းဖြင့် တန်ဖိုးရှိစွာ ကုန်ဆုံးသင့်ပါသည်။ ထို့ကြောင့် လေ့လာခြင်းမှစ၍ အောင်မြင်သောဘဝကို အရောက်လှမ်းနိုင်ကြပါစေဟု ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါသည်။

ဆာႏမူႏပေႏ
(စန္တာႏခမ်း)
Zawgyi
ေလ့လာျခင္းမွ စ၍
ေတာင္ႀကီး၊ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ (၁၃)ရက္

ယေန႔ေခတ္တြင္ လူငယ္မ်ားသည္ လႈပ္ရွားသြားလာၿပီး ႀကိဳးစားေနထိုင္ၾကသည္မွာ အားရသဖြယ္ ျမင္ေတြ႕ေနရပါသည္။ လူငယ္မ်ား စာသင္ေနစဥ္တြင္ အလုပ္ကို ေသေသခ်ာခ်ာ ကၽြမ္းက်င္တတ္ေျမာက္ေအာင္ေလ့လာရန္ မိဘဆရာသမားမ်ားက အျမဲတမ္း သတိေပးခဲ့ပါသည္။ ေခတ္ေရစီးေၾကာင္းအရ လူငယ္မ်ားသည္ မည္သည့္ကိစၥတြင္မဆို ေခတ္ေရစီးေၾကာင္းအတိုင္း အလိုက္သင့္ ေမ်ာပါေနၾကပါသည္။ သို႔ေသာ္ ေခတ္ေရစီးေၾကာင္းအတိုင္း ရည္ရြယ္ခ်က္မပါဘဲ ေမ်ာပါမသြားရန္ သတိေပးလိုပါသည္။ မိမိအတြက္ အေရးႀကီးေသာလိုအပ္ခ်က္မ်ားျဖစ္သည့္ အသိပညာ၊ ဗဟုသုတ၊ အေတြးအေခၚဆိုင္ရာ ေလ့လာမႈကိုသာ လုပ္ေဆာင္သင့္ပါသည္။

ေက်ာင္းတြင္ ပညာသင္ၾကားခဲ့ေသာ္လည္း အရာအားလုံးကို စုံလင္ေအာင္မသင္ၾကားနိုင္ခဲ့ပါ။ ထို႔ေၾကာင့္ ျပင္ပအေထြေထြဗဟုသုတို မျဖစ္မေနေလ့လာသင့္ေသာအရာ ျဖစ္ပါသည္။ မိမိသတ္မွတ္ထားေသာပန္းတိုင္ကို အေရာက္သြားနိုင္ရန္အတြက္ သိထားသင့္ေသာ အခ်က္အလက္မ်ား၊ သင္ယူရမည့္အရာမ်ား၊ ျဖည့္ဆည္းရမည့္ကြက္လပ္မ်ားကို ေလ့လာထားမွသာ မိမိလိုခ်င္ေသာ ေအာင္ျမင္မႈအတြက္ အရည္အခ်င္းတစ္ခု ထြက္လာနိုင္မည္ျဖစ္ပါသည္။ ေလ့လာသင္ယူေသာေနရာတြင္ နယ္ပယ္စုံကို စိတ္ဝင္စားစြာ ေလ့လာသင္ယူစရာ မ်ားပါသည္။ မိမိတို႔၏ ေလ့လာထားေသာ အခြင့္အေရးမ်ားကို တန္ဖိုးရွိရွိ အသုံးခ်ရင္း အနာဂါတ္ေန႔သစ္ဆီသို႔ အဓိပၸါယ္ရွိရွိ ျဖတ္သန္းသြားရန္ လိုအပ္ပါသည္။

ေခတ္သစ္လူေနမႈဘဝသည္ သက္ေတာင့္သက္သာရွိမႈ ပိုရွိလာၿပီး ျဖစ္လာေသာအရာမွန္သမၽွ သည္ လူသားမ်ားအတြက္ ထိလြယ္ရွလြယ္ ျဖစ္လာၾကသည္ကို ျမင္ေတြ႕ေနရပါသည္။ အစဥ္ေျပာင္းလဲေနေသာအခ်ိန္ကာလတြင္ မိမိတို႔လည္း ေနာက္က်က်န္ရစ္ျခင္းမျဖစ္ရေလေအာင္ ေရရွည္ရပ္တည္နိုင္ေအာင္ အဆက္မျပတ္ေလ့လာရန္ လိုအပ္ပါသည္။ စိတ္ပိုင္းဆိုင္ရာလိုအပ္ခ်က္ႏွင့္ ႐ုပ္ပိုင္းဆိုင္ရာလိုအပ္ခ်က္ကို တစ္စုံတစ္ေယာက္ကေသာ္လည္းေကာင္း၊ ပတ္ဝန္းက်င္ကေသာ္လည္းေကာင္း၊ စာအုပ္စာေပကေသာ္လည္းေကာင္း က႑ေပါင္းစုံတြင္ မိမိတို႔ႀကိဳက္ႏွစ္သက္ရာ ေလ့လာၿပီး ဘဝေရွ႕တစ္လွမ္းတက္ေရာက္နိုင္ရန္ နီးစပ္ေနၿပီျဖစ္ပါသည္။

နိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးေလာကတြင္ ဝင္ေရာက္လုပ္ကိုင္ရန္အတြက္လည္း ေလ့လာျခင္းမွ စၿပီး လုပ္ေဆာင္မွသာ အဆင္ေျပမည္ျဖစ္သည္။ ေလ့လာမႈအားေကာင္းျခင္းျဖင့္ အလုပ္လုပ္ရာတြင္ တီထြင္ႀကံဆမႈအသစ္မ်ား ျဖစ္ေပၚလာျခင္း၊ အခြင့္အလမ္းမ်ား ပိုမိုရရွိျခင္း၊ အလုပ္ကို ထိေရာက္စြာလုပ္ေဆာင္နိုင္ျခင္းျဖစ္ပါသည္။ တခ်ိဳ႕ေသာသူမ်ားသည္ ယေန႔အခ်ိန္ထိ ေလ့လာေနေသာအရာသည္ မိမိဘဝရည္မွန္းခ်က္ႏွင့္ ကိုက္ညီေသာ အရာျဖစ္ေနသလားဆိုသည္ကို ဇေဝဇဝါျဖစ္ေနသည္မွာ ယခုခ်ိန္ထိပင္ျဖစ္ေနသည္။ လူတိုင္းသည္ ကိုယ့္ဘဝကို ကိုယ္တိုင္ဖန္တီးရ မည္ျဖစ္ေသာေၾကာင့္ မိမိဘဝလိုအပ္ခ်က္သည္ မိမိကိုယ္တိုင္သာသိၿပီး ဘဝအတြက္ ေရွ႕ဆက္သြား နိုင္ရန္ မိမိကိုယ္တိုင္လုပ္ေဆာင္ရမည္ျဖစ္ပါသည္။ ထို႔ေၾကာင့္ ခိုင္မာေသာဦးတည္ခ်က္ႏွင့္ ပန္းတိုင္ကို အစီအစဥ္တက် ခ်မွတ္တတ္ရန္လိုပါသည္။ မိမိအမွန္တကယ္သိခ်င္လုပ္ခ်င္ေသာ ပညာရပ္ တစ္ခုကိုျဖစ္ေစ၊ အလုပ္တစ္ခုကိုျဖစ္ေစ ေလ့လာမည္ဆိုလၽွင္ ခံယူခ်က္ေပၚမူတည္ၿပီး နည္းစနစ္မွန္ ကန္ရန္ လိုအပ္ပါသည္။ ငယ္ရြယ္စဥ္အခါတြင္ သင္ယူေလ့လာမႈေကာင္းေသာအခ်ိန္ျဖစ္ေနေသာ ေၾကာင့္ အသိဉာဏ္ပညာႏွင့္ ျပည့္စုံေအာင္ ကိုယ္တိုင္ရင္းႏွီးျမဳပ္ႏွံမႈလုပ္မွသာလၽွင္ မိမိတို႔၏ အနာဂါတ္သည္ သာယာလွပနိုင္မည္ ျဖစ္ပါသည္။

ထို႔ေနာက္ လူတို႔၏ ဝတ္စားဆင္ယင္မႈ၊ ယဥ္ေက်းမႈႏွင့္ ဘာသာစကားတို႔သည္ မေပ်ာက္ပ်က္ေအာင္ ဆက္လက္ထိန္းသိမ္းထားနိုင္ျခင္းသည္လည္း လူငယ္မ်ား၏ ေလ့လာမႈအားေကာင္း ေသာေၾကာင့္ျဖစ္ပါသည္။ မိမိတို႔ဘဝတစ္ဆင့္ ခ်ိဳးေျပာင္းလဲရန္အတြက္လည္း ေလ့လာျခင္းျဖင့္ ရင္ဆိုင္ေက်ာ္လႊားရန္ လိုအပ္ၿပီျဖစ္ပါသည္။ ေနာင္လာမည့္ႏွစ္တြင္ သာမန္ႏွစ္လိုပင္ မကုန္ဆုံးေစရန္ ေလ့လာသင္ယူျခင္းျဖင့္ တန္ဖိုးရွိစြာ ကုန္ဆုံးသင့္ပါသည္။ ထို႔ေၾကာင့္ ေလ့လာျခင္းမွစ၍ ေအာင္ျမင္ေသာဘဝကို အေရာက္လွမ္းနိုင္ၾကပါေစဟု ဆုေတာင္းရင္း နိဂုံးခ်ဳပ္လိုက္ပါသည္။

ဆာႏမူႏေပႏ
(စႏၲာႏခမ္း)
Powered by Blogger.