Friday, December 27, 2019

ပအိုဝ်းလူမျိုးသည် လူမျိုးတစ်မျိုး၏ ကိုယ်ပိုင်အင်္ဂါလက္ခဏာများနှင့် ပြည့်စုံသည့်အတွက် မိမိတို့နှင့်ကိုက်ညီသည့် ရပိုင်ခွင့်နှင်လုပ်ပိုင်ခွင့်များ ရရှိသင့်ကြောင်း ဖြားခွန်သိန်းဖေက ပြောကြား

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်








ပအိုဝ်းလူမျိုးသည် လူမျိုးတစ်မျိုး၏ ကိုယ်ပိုင်အင်္ဂါလက္ခဏာများနှင့် ပြည့်စုံသည့်အတွက် မိမိတို့နှင့်ကိုက်ညီသည့် ရပိုင်ခွင့်နှင်လုပ်ပိုင်ခွင့်များ ရရှိသင့်ကြောင်းယနေ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက် နံနက်(၁၀)နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ကက္ကူကျေးရွာအုပ်စု၊ ဆောင်းဖိုးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက ပြောကြားသည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာကြသည့် ဒေသခံမိဘပြည်သူများက ရှေးဦးစွာ ဆောင်းဖိုးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူခဲ့ကြပြီး ဆက်လက်၍ ဆောင်းဖိုးကျောင်းဆရာတော်က '' ကိုယ့်အမျိုးသားရေးလုပ်ငန်း အရေးအရာကိစ္စနှင့်ပတ်သက်ပြီး မိမိတို့ ကိုယ်စီထကြွလုံ့လ ဝီရိယရှိရမည်ဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်အသီးသီးက မိမိတို့ဒေသအတွက် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာမှာ မိဘပြည်သူများအနေဖြင့် တစ်ဘက်တစ်လှမ်း ပါဝင်ဆောင်ရွက်သင့်ကြောင်း၊ ဘယ်အလုပ်မျိုးတွင်မဆို တွဲလက်ညီညီ စည်းစည်းလုံးလုံး ရှိရမည်ဖြစ်ကြောင်း''စသည့် သြဝါဒစကားများကို မြွက်ကြားခဲ့ပါသည်။

ထို့နောက် ကျောက်တလုံးကြီးမြို့နယ်၊ (PNO)ပါတီ ဒု-ဥက္ကဌ ဖြားခွန်ကြုတ်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ်၊အမျိုးသားလွှတော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက '' ပအိုဝ်းလူမျိူးများသည် ကိုယ်ပိုင် စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်း၊ ဝတ် စားဆင်ယင်မှုများ ပြည့်စုံသည့်အပြင် လူဦးရေအရသော်လည်းကောင်း၊ နေထိုင်ရာ အရပ်ဒေသသော်လည်းကောင်း၊ ပအိုဝ်းဒေသမှ ထွက်ရှိလာသည့် စိုက်ပျိုးရေးသီးနှံများသည် ပြည်တွင်းဖူလုုံမှုသာမက နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများလည်း အထောက်အကူပြုစေသောကြောင့် ''ပအိုဝ်းလူမျိုးများသည် လူမျိုးတစ်မျိုး၏ ကိုယ်ပိုင်အင်္ဂါလက္ခဏာများနှင့် ပြည့်စုံသည့်အတွက် မိမိတို့နှင့်ကိုက်ညီသည့် ရပိုင်ခွင့်နှင်လုပ်ပိုင်ခွင့်များ ရရှိသင့်ကြောင်း''ဖြားခွန်သိန်းဖေက ပြောကြားသည်။

ထို့နောက် ပအိုဝ်းလူမျိုးများ ကျင့်သုံးနေသော အုပ်ချုပ်ရေးစနစ်သည် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကောင်းများ ချမှတ်ခဲ့သည့် (အုပ်ချုပ်ရေး၊ တပ်မတော်၊ ပြည်သူ)ဟူသည့် သံဖိုခနောက် လမ်းစဉ်အတိုင်း ကျင့်သုံးလာခဲ့သည်မှာ ယနေ့ထိပင်ဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံတော် အစိုးရ ကလည်း ကျင့်သုံးနေသည့် အုပ်ချုပ်ရေးယန္တရားများသည် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကောင်းများ ချမှတ်ခဲ့သည့် (အုပ်ချုပ်ရေး၊ တပ်မတော်၊ ပြည်သူ)ဟူသည့် သံဖိုခနောက် လမ်းစဉ်နှင့်တူညီနေကြောင်း၊ လက်ရှိတွင် နိုင်ငံရေးအခြေအနေအရ ယင်းသံဖိုခနောက် ၃ တိုင်အပြင် အခြားသော PNOပါတီ၊ ပအိုဝ်းစာပေပြန့်ပွားရေးဗဟိုသံဃာအဖွဲ့၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းတိုင်းရင်းဆေး ဆရာအဖွဲ့၊ ပအိုဝ်းမော်အဖွဲ့၊ ပအိုဝ်းအနုပညာအဖွဲ့၊ ပအိုဝ်းအမျိုးသမီးအဖွဲ့၊ ပအိုဝ်းလူငယ်အဖွဲ့အစည်းနှင့် အခြားသောလူမှုရေးအဖွဲ့အစည်းအသီးသီးက ပေါ်ထွန်းလာခဲ့ပြီး ထိုပအိုဝ်း အဖွဲ့အစည်းများအားလုံး ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့မတူသော်လည်း ထိုအဖွဲ့ အစည်းများသည် ပအိုဝ်းတမျိုးသားလုံးကိုယ်စား ကဏ္ဍပေါင်းစုံ အမျိုးသားရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းလည်း ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် အမျိုးသားလွှတ်တော်ဖြားခွန်သိန်းဖေသည် ဒေသခံမိဘ ပြည်သူများ လွှတ်တော်အကြောင်းအရာကို မိုပိုသိရှိ နိုင်ရန်နှင့် မိမိဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံများကို မျှဝေရန် ရည်ရွယ်၍ ဒေသခံပြည်သူများကို လိုက်လံတွေ့ဆုံပေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ၊ ကျောက်တလုံးကြီးမြို့နယ်၊ (PNO)ပါတီ ဒု-ဥက္ကဌ ဖြားခွန်ကြုတ်နှင့် မြို့နယ်ကော်မတီဝင်များ၊ ကက္ကူကျေးရွာအုပ်စုမှ ဒေသခံ ပြည်သူများ ၁၄၀၀ ကျော် တက်ရောက်အားပေးခဲ့ကြောင်းသိရသည်။

ခမ်းရတနားခွန်

ပအိုဝ္းလူမ်ိဳးသည္ လူမ်ိဳးတစ္မ်ိဳး၏ ကိုယ္ပိုင္အဂၤါလကၡဏာမ်ားႏွင့္ ျပည့္စုံသည့္အတြက္ မိမိတို႔ႏွင့္ကိုက္ညီသည့္ ရပိုင္ခြင့္ႏွင္လုပ္ပိုင္ခြင့္မ်ား ရရွိသင့္ေၾကာင္း
ျဖားခြန္သိန္းေဖက ေျပာၾကား

ေတာင္ႀကီး၊ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ (၂၈)ရက္

ပအိုဝ္းလူမ်ိဳးသည္ လူမ်ိဳးတစ္မ်ိဳး၏ ကိုယ္ပိုင္အဂၤါလကၡဏာမ်ားႏွင့္ ျပည့္စုံသည့္အတြက္ မိမိတို႔ႏွင့္ကိုက္ညီသည့္ ရပိုင္ခြင့္ႏွင္လုပ္ပိုင္ခြင့္မ်ား ရရွိသင့္ေၾကာင္းယေန႔ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ (၂၇)ရက္ နံနက္(၁၀)နာရီအခ်ိန္တြင္ ေတာင္ႀကီးၿမိဳ႕နယ္၊ ေက်ာက္တလုံးႀကီးၿမိဳ႕နယ္ခြဲ၊ ကကၠဴေက်းရြာအုပ္စု၊ ေဆာင္းဖိုးရြာဘုန္းေတာ္ႀကီးေက်ာင္းတြင္ ျပဳလုပ္သည့္ လူထုေတြ႕ဆုံပြဲ၌ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO) အတြင္းေရးမႉးခ်ဳပ္ ျဖားခြန္သိန္းေဖက ေျပာၾကားသည္။

ေတြ႕ဆုံပြဲတြင္ တက္ေရာက္လာၾကသည့္ ေဒသခံမိဘျပည္သူမ်ားက ေရွးဦးစြာ ေဆာင္းဖိုးေက်ာင္းတိုက္ ဆရာေတာ္ထံမွ ငါးပါးသီလခံယူခဲ့ၾကၿပီး ဆက္လက္၍ ေဆာင္းဖိုးေက်ာင္းဆရာေတာ္က '' ကိုယ့္အမ်ိဳးသားေရးလုပ္ငန္း အေရးအရာကိစၥႏွင့္ပတ္သက္ၿပီး မိမိတို႔ ကိုယ္စီထႂကြလုံ႔လ ဝီရိယရွိရမည္ျဖစ္ေၾကာင္း၊ ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္အသီးသီးက မိမိတို႔ေဒသအတြက္ ဘက္စုံဖြံ့ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိရာမွာ မိဘျပည္သူမ်ားအေနျဖင့္ တစ္ဘက္တစ္လွမ္း ပါဝင္ေဆာင္ရြက္သင့္ေၾကာင္း၊ ဘယ္အလုပ္မ်ိဳးတြင္မဆို တြဲလက္ညီညီ စည္းစည္းလုံးလုံး ရွိရမည္ျဖစ္ေၾကာင္း''စသည့္ ၾသဝါဒစကားမ်ားကို ႁမြက္ၾကားခဲ့ပါသည္။

ထို႔ေနာက္ ေက်ာက္တလုံးႀကီးၿမိဳ႕နယ္၊ (PNO)ပါတီ ဒု-ဥကၠဌ ျဖားခြန္ၾကဳတ္က အဖြင့္အမွာစကားေျပာၾကားေပးခဲ့ၿပီး၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO) အတြင္းေရးမႉးခ်ဳပ္၊အမ်ိဳးသားလႊေတာ္ကိုယ္စားလွယ္ ျဖားခြန္သိန္းေဖက '' ပအိုဝ္းလူမ်ိဴးမ်ားသည္ ကိုယ္ပိုင္ စာေပ၊ ဘာသာစကား၊ ယဥ္ေက်းမႈ၊ဓေလ့ထုံးတမ္း၊ ဝတ္ စားဆင္ယင္မႈမ်ား ျပည့္စုံသည့္အျပင္ လူဦးေရအရေသာ္လည္းေကာင္း၊ ေနထိုင္ရာ အရပ္ေဒသေသာ္လည္းေကာင္း၊ ပအိုဝ္းေဒသမွ ထြက္ရွိလာသည့္ စိုက္ပ်ိဳးေရးသီးႏွံမ်ားသည္ ျပည္တြင္းဖူလုုံမႈသာမက နိုင္ငံေတာ္အတြက္ နိုင္ငံျခားဝင္ေငြမ်ားလည္း အေထာက္အကူျပဳေစေသာေၾကာင့္ ''ပအိုဝ္းလူမ်ိဳးမ်ားသည္ လူမ်ိဳးတစ္မ်ိဳး၏ ကိုယ္ပိုင္အဂၤါလကၡဏာမ်ားႏွင့္ ျပည့္စုံသည့္အတြက္ မိမိတို႔ႏွင့္ကိုက္ညီသည့္ ရပိုင္ခြင့္ႏွင္လုပ္ပိုင္ခြင့္မ်ား ရရွိသင့္ေၾကာင္း''ျဖားခြန္သိန္းေဖက ေျပာၾကားသည္။

ထို႔ေနာက္ ပအိုဝ္းလူမ်ိဳးမ်ား က်င့္သုံးေနေသာ အုပ္ခ်ဳပ္ေရးစနစ္သည္ ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္ေကာင္းမ်ား ခ်မွတ္ခဲ့သည့္ (အုပ္ခ်ဳပ္ေရး၊ တပ္မေတာ္၊ ျပည္သူ)ဟူသည့္ သံဖိုခေနာက္ လမ္းစဥ္အတိုင္း က်င့္သုံးလာခဲ့သည္မွာ ယေန႔ထိပင္ျဖစ္ေၾကာင္း၊ လက္ရွိ နိုင္ငံေတာ္ အစိုးရ ကလည္း က်င့္သုံးေနသည့္ အုပ္ခ်ဳပ္ေရးယႏၲရားမ်ားသည္ ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္ေကာင္းမ်ား ခ်မွတ္ခဲ့သည့္ (အုပ္ခ်ဳပ္ေရး၊ တပ္မေတာ္၊ ျပည္သူ)ဟူသည့္ သံဖိုခေနာက္ လမ္းစဥ္ႏွင့္တူညီေနေၾကာင္း၊ လက္ရွိတြင္ နိုင္ငံေရးအေျခအေနအရ ယင္းသံဖိုခေနာက္ ၃ တိုင္အျပင္ အျခားေသာ PNOပါတီ၊ ပအိုဝ္းစာေပျပန႔္ပြားေရးဗဟိုသံဃာအဖြဲ႕၊ ပအိုဝ္းစာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႕၊ ပအိုဝ္းတိုင္းရင္းေဆး ဆရာအဖြဲ႕၊ ပအိုဝ္းေမာ္အဖြဲ႕၊ ပအိုဝ္းအႏုပညာအဖြဲ႕၊ ပအိုဝ္းအမ်ိဳးသမီးအဖြဲ႕၊ ပအိုဝ္းလူငယ္အဖြဲ႕အစည္းႏွင့္ အျခားေသာလူမႈေရးအဖြဲ႕အစည္းအသီးသီးက ေပၚထြန္းလာခဲ့ၿပီး ထိုပအိုဝ္း အဖြဲ႕အစည္းမ်ားအားလုံး ေဆာင္ရြက္ေနသည့္ လုပ္ငန္းမ်ားတြင္ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕မတူေသာ္လည္း ထိုအဖြဲ႕ အစည္းမ်ားသည္ ပအိုဝ္းတမ်ိဳးသားလုံးကိုယ္စား က႑ေပါင္းစုံ အမ်ိဳးသားေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနေသာ အဖြဲ႕အစည္းလည္း ျဖစ္ေၾကာင္း သိရွိရပါသည္။

အဆိုပါေတြ႕ဆုံပြဲတြင္ အမ်ိဳးသားလႊတ္ေတာ္ျဖားခြန္သိန္းေဖသည္ ေဒသခံမိဘ ျပည္သူမ်ား လႊတ္ေတာ္အေၾကာင္းအရာကို မိုပိုသိရွိ နိုင္ရန္ႏွင့္ မိမိျဖတ္သန္းလာခဲ့သည့္ အေတြ႕အၾကဳံမ်ားကို မၽွေဝရန္ ရည္ရြယ္၍ ေဒသခံျပည္သူမ်ားကို လိုက္လံေတြ႕ဆုံေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါေတြ႕ဆုံပြဲတြင္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO) အတြင္းေရးမႉးခ်ဳပ္ ျဖားခြန္သိန္းေဖ၊ ေက်ာက္တလုံးႀကီးၿမိဳ႕နယ္၊ (PNO)ပါတီ ဒု-ဥကၠဌ ျဖားခြန္ၾကဳတ္ႏွင့္ ၿမိဳ႕နယ္ေကာ္မတီဝင္မ်ား၊ ကကၠဴေက်းရြာအုပ္စုမွ ေဒသခံ ျပည္သူမ်ား ၁၄၀၀ ေက်ာ္ တက္ေရာက္အားေပးခဲ့ေၾကာင္းသိရသည္။

ခမ္းရတနားခြန္
Powered by Blogger.