Thursday, January 16, 2020

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီအား တောင်ကြီးလူငယ်စင်တာအဖွဲ့မှ သင်တန်းသား တိုင်းရင်းသား လူငယ်များ လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၆) ရက်







 တောင်ကြီးလူငယ်စင်တာတွင် ယခုလျက်ရှိ “လူငယ်စွမ်းရည်မြှင့်တင်ရေးနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှု” ဆိုသောခေါင်းစဉ်ဖြင့် (၂)လကြာ သင်ကြားပိုချပေးလျက်ရှိသော သင်တန်းသား တိုင်းရင်းသားလူငယ်များ သည် ၂၀၂ဝပြည့်နှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့၊ နံနက်(၁ဝးဝ၀)နာရီအချိန်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၊ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမတွင် တောင်ကြီးလူငယ်စင်တာအဖွဲ့ ခွန်ဝင်းနိုင်(ပညာရေးတာဝန်ခံ)မှ ဦးဆောင်ပြီး တိုင်းရင်းသားလူငယ်များအား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီအကြောင်း သိရှိအောင် လာရောက် တွေ့ဆုံလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံး၊ ရုံးအမှူးဆရာစောခွန်ကျော်ဝင်းက ကြိုဆိုနှုတ်ခွန်ဆက်စကားပြောကြားခဲ့ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း များ၊ ပါတီလှုပ်ရှားမှု အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်မှုအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး လာရောက် လေ့လာကြသောတိုင်းရင်းသား လူငယ်များက သိရှိလိုသည်များကို မေးမြန်းကြပြီး ရုံးအဖွဲ့မှူးဆရာစောခွန်ကျော်ဝင်းမှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်းရသည်။

ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလူငယ် သင်တန်းသားများအား လူငယ် (၂၀)ဦးကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီ၏ လုပ်ဆောင်ချက်များ၊ ပါတီလှုပ်ရှားမှုသမိုင်းကြောင်းများ၊  နိုင်ငံရေးပါတီများနှင့် ပူးပေါင်းလုပ်ဆောင်မှုအခြေအနေများ သိရှိလာအောင် ရည်ရွယ်၍ လာရောက် လေ့လာခြင်း ဖြစ်ကြောင်း တောင်ကြီးလူငယ်စင်တာအဖွဲ့ ခွန်ဝင်းနိုင် (ပညာရေးတာဝန်ခံ)က ပြေကြား ခဲ့ပါသည်။

ထိုတွေ့ဆုံရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း၊ စီမံဌာန ဌာနမှူး ခွန်ကျော်အေး၊ နိုင်ငံတကာဆက်ဆံရေးဌာန ဌာနမှူး ခွန်လှစိုးတို့က တောင်ကြီးလူငယ်စင်တာအဖွဲ့မှ သင်တန်းဆရာ/ဆရာမ(၂)ဦး၊ သင်တန်းသား(၂၀)ဦးတို့ကို လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တောင်ကြီးလူငယ်စင်တာအဖွဲ့သည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၄)နေ့မှစ၍ စတင်ဖွဲ့စည်းခဲ့ပြီး  ရှမ်းပြည်နယ်အတွင်းရှိ လူငယ်များ အခွင့်အလမ်းရရှိလာအောင်၊ လူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာအောင် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ခွန်ယံသေ

Powered by Blogger.