Tuesday, February 4, 2020

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်မိဘပြည်သူများနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရ တာဝန်ရှိလူကြီးမင်းများ သိရှိနိုင်စေရန်

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၅) ရက်


ရှမ်းပြည်နယ်၊ အမှတ်(၉)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ ၏ ကြယ်ပွင့်မပြ မေးခွန်းအား သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန၏ ပြန်လည်ဖြေကြားချက်

၁။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ပေါမူ - စလဲ - ပန်ကွဲ - ထီတပြေ ကျေးရွာတို့အား ဖြတ်သန်းသွာသည့် တောင်ကြီး - စလဲ - လဲသက်လမ်းမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် လမ်းဦးစီးဌာန ပိုင် ကတ္တရာလမ်းအမျိုးအစား ဖြစ်ပါသည်။ (၃၀ - ၉ - ၂၀၁၉)ရက်နေ့အထိ လမ်းအခြေအနေမှာ (၁၈)ပေအကျယ် ကတ္တရာလမ်း (၁)မိုင်၊ (၁၂)ပေအကျယ် ကတ္တရာလမ်း (၁၉)မိုင်၊ စုစုပေါင်း (၂၀)မိုင် ဖြစ်ပါသည်။

၂။ အဆိုပါလမ်းအပိုင်းအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေ စုစုပေါင်း ကျပ်(၆၂၀.၃၄၀) သန်းဖြင့် မိုင်တိုင်အမှတ်(၀/၀)မှ (၀/၃)အတွင်း (၃)ဖာလုံ၊ မိုင်တိုင်အမှတ်(၁/၅)မှ (၂/၄)အတွင်း (၆)ဖာလုံ၊ စုစုပေါင်း (၁)မိုင် (၁)ဖာလုံအား (၁၈)ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း၊ မိုင်တိုင်အမှတ်(၁/၃.၅)မှ (၁/၅)အတွင်း (၁.၅) ဖာလုံအား (၂၄)ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း၊ မိုင်တိုင်အမှတ်(၁၇/၀)မှ (၂၀/၀)အတွင်း (၁)မိုင် (၃)ဖာလုံ အား (၁၂)ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ မိုင်တိုင်အမှတ် (၁/၂)မှ (၁/၄)အတွင်း (၁၃၁၉)ပေရှိ ကျောက်စီ ရေမြောင်းတည်ဆောက်ခြင်း၊ မိုင်တိုင်အမှတ်(၁/၁)မှ (၁/၂)အတွင်း (၁၀’ × ၃၄’) သံကူကွန်ကရစ်တံတား (၁)စင်း တည်ဆောက်ခြင်းနှင့် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

၃။ သို့ဖြစ်ပါ၍ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မိုင်တိုင်အမှတ်(၃/၄)မှ (၇/၆)အတွင်း (၄)မိုင် (၂)ဖာလုံအား (၁၈)ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း ဆောင်ရွက်ရန်အတွက် ပြည်နယ်ရန်ပုံငွေတွင် တင်ပြတောင်းခံထားပြီး ရန်ပုံငွေရရှိမှုပေါ် မူတည်၍ (၁၈)ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)
လွှတ်တော်ရေးရာဌာန
တောင်ကြီးမြို့


Powered by Blogger.