Saturday, August 1, 2020

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၀)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ခွန်အောင်ကျော် ကိုယ်ရေးမှတ်တမ်း အကျဉ်း မိတ်ဆက်ခြင်း

တောင်ကြီး၊ ဩဂုတ်လ (၂) ရက်


ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၀) တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဆီဆိုင်မြို့နယ် (၃)မြို့နယ်ပါဝင်ပြီး၊ အဆိုပါမဲဆန္ဒနယ်အတွင်းရှိ မဲဆန္ဒရှင်မိဘပြည်သူများ သိရှိနိုင်စေရန် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ခွန်အောင်ကျော် ကိုယ်ရေးမှတ်တမ်းအကျဉ်း မိတ်ဆက်တင်ပြအပ်ပါသည်။

၁။ အမည် - ခွန်အောင်ကျော်
၂။ အခြားအမည်ရှိလျှင် - မရှိပါ။
၃။ လူမျိုး/ဘာသာ - ပအိုဝ်း/ဗုဒ္ဓ
၄။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် - ၁၃/တကန(နိုင်) ၁၉၇၉၃၉
၅။ မွေးသက္ကရာဇ်/အသက် - ၁၉.၇.၁၉၈၆/ ၃၄-နှစ်
၆။ မွေးဖွားရာဇာတိ - နောင်ခဲရွာ၊ နောင်ခဲအုပ်စု၊ တောင်
ကြီးမြို့နယ်။
၇။ ပညာအရည်အချင်း - B.Com,M.B.A
၈။ လက်ရှိအလုပ်အကိုင် - ဗဟိုဥက္ကဌ၊ ပအိုဝ်းလူငယ်ကွန်ယက်
(PYN)၊ လွှတ်တော်ကိုယ်စားလှယ်။
၉။ အဘအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် - ဦးအောင်ခမ်းထီ၊ 
၁၃/တကန(နိုင်)၁၃၀၈၇၁၊ တောင်ယာ
၁၀။ အမိအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် - ဒေါ်နန်းဖြူ၊
၁၃/တကန(နိုင်)၁၅၇၄၇၀၊ တောင်ယာ
၁၁။ ဇနီး (သို့) ခင်ပွန်းအမည်၊ မှတ်ပုံတင်အမှတ်၊ - နန်းကြည်လေး၊
အလုပ်အကိုင် ၁၃/တကန(နိုင်) ၁၉၉၁၉၀၊
ဧည့်လမ်းညွှန်

၁၂။ သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ - ခွန်အောင်သန်းထိုက်၊
အလုပ်အကိုင် ခွန်ရဲကျော်ခေါင်၊
နန်းရွှေစင်နွယ်
၁၃။ အမြဲတမ်းနေရပ်လိပ်စာ - ထလ/၆၊ ထီလုံရပ်ကွက်၊ 
ကျောက်တလုံးကြီးမြို့၊ 
တောင်ကြီးမြို့နယ်။
၁၄။ ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)
(က) ပညာသင်ကြားခဲ့ဖူးသော ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များ ဖော်ပြရန် - 
အ.ထ.က(၄)တောင်ကြီး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေး  တက္ကသိုလ်
 (ခ) လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အကိုင်၊ ပြောင်းရွေ့လုပ်ကိုင်ခဲ့သည့် နေရာများ ဖော်ပြရန် -
စိုက်ပျိုးရေးလုပ်ငန်း၊ ၂၀၁၆ မှ၂၀၂၀ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ တိုင်ကြားစာ နှင့် အသနားခံစာဆိုင်ရာကော်မတီ
 (ဂ) ထမ်းဆောင်ခဲ့ဖူးသော နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များ ဖော်ပြရန် -
ပအိုဝ်းလူငယ်ကွန်ယက်( PYN )ကို ဦးဆောင်၍ သန်ခေါင်စာရင်းကောက်ယူ ရေး၊ မိုးပွင့်စီမံချက်၊ မဲစာရင်းအကြိုလှုပ်ရှားမှုတို့တွင် ပါဝင်ခဲ့သည့်အပြင် INGO၊ NGOs များနှင့် ချိတ်ဆက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေးအမြင်ဖွင့် သင်တန်းများကို ဒေသတွင်းဆောင်ရွက်လျက်ရှိပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
#Pa-O National Organization
#Unicode

Powered by Blogger.