Wednesday, October 28, 2020

ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တန်းဒေသ (ရွာသစ်ကျေးရွာမှ ကျောက္ကချားကျေးရွာအထိ) လျှပ်စစ်ဓါတ်အား ရရှိရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန်းဖြူးရေးလုပ်ငန်း၏33/11 KV 5MVA ဓါတ်အားခွဲရုံနှင့် ဓါတ်အားလိုင်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

တောင်ကြီး၊ အောက်တိုဘာလ (၂၈) ရက်




















၂၀၂၀ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့၊ နံနက် (၉:၀၀)အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် စငေါကျေးရွာ၌ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တန်းဒေသ (ရွာသစ်ကျေးရွာမှ ကျောက္ကချားကျေးရွာအထိ) လျှပ်စစ်ဓါတ်အားရရှိရေးအတွကလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အား ဖြန်းဖြူးရေးလုပ်ငန်း၏33/11 KV 5MVA ဓါတ်အားခွဲရုံနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ 11KV ဓါတ်အားလိုင်း(၂၀.၄)မိုင် 400 V ဓါတ်အားလိုင်း (၁၈.၅)မိုင် သွယ်တန်းခြင်းနှင့် 11/0.4 KVA ထရန်စဖော်မာ (၁၈)လုံးဖြင့် ကျေးရွာ (၂၀)သို့ ဓါတ်အားလိုင်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားရာ ယခုလို စငေါကျေးရွာအုပ်စုကို (၂၄)နာရီ ဓါတ်အားဖြန့်ဖြူးနိုင်ဖို့အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ 33 KV ဓါတ်အားလိုင် (၁၃.၅)မိုင် နှင့် 33/11 KV 5MVA ဓါတ်အားခွဲရုံတို့ကို ၂၀၁၈-၂၀၁၉ဘဏာ နှစ်တွင် ငွေကျပ်သန်း (၁၀၅၀.၉၉၉)ကျပ် အကုန်အကျခံကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်း၊ နိုင်ငံအနှံ့ဖြန့်ကြက်ပြီး ဓါတ်အားပေးစက်ရုံ စီမံကိန်းများ၊ မဟာဓါတ်အားလိုင်းနှင့် ပင်မဓါတ်အားခွဲရုံစီမံကိန်းများကို နှစ်စဥ်နှစ်တိုင်း ဘဏ္ဍာငွေ အမြောက်အများ အသုံးပြုပြီး အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်အတွင်းမှာ ၂၀၁၆ ခုနှစ်၊ မတ်လမှာဆိုရင် စုစုပေါင်းအိမ်ထောင်စုဦးရေ၏ (၂၅.၄) ရာခိုင်နှုန်းသာ နိုင်ငံတော်ဓါတ်အားစနစ်မှ လျှပ်စစ်ဓါတ်အားရရှိသုံးစွဲနိုင်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်မှာဆိုရင် ရှမ်းပြည်နယ် တောင်းပိုင်မှာ (၆၁.၇၀%)၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ (၄၅.၆၉%)နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ (၁၇.၃၅%) ရှမ်းပြည်နယ်တစ်ခုလုံး စုစုပေါင်း (၄၇.၆၆%)အထိ လျှပ်စစ်ဓါတ်အားရရှိအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၀ -၂၀၂၁ ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်း(၅၀%)အထိ လျှပ်စစ်ဓါတ်အား တိုးတက်ဖြည့်ဆည်းပေးနိုင်ရေးကိုလည်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်က ဒီကနေ့ဟာ မဲနယ်တောင်တန်း တစ်လျှောက်ရှိ တိုင်းရင်းသားပြည်သူများအတွက် မျှော်လင့်ချက်ရောင်ခြည်များ ထွန်းလင်းလာတဲ့နေ့တစ်နေ့ ဆိုရင် မှားမယ်လို့မထင်ပါကြောင်း၊ မဲနယ်တောင်တန်းဒေသ လျှပ်စစ်မီးရရှိရေးအတွက် ၂၀၁၄-၂၀၁၅ခုနှစ်မှ စ၍ နယ်စပ်ရေးရာဝန်ကြီးဌာနသို့ ဓါတ်အားလိုင်းများ သွယ်တန်းနိုင်ရန်အတွက် ရန်ပုံငွေခွင့်ပြုပေးရန် တင်ပြခဲ့ပါကြောင်း၊ မဲနယ်တောင်ဓါတ်အားလိုင်းအတွက် ရံပုံငွေကို ၂၀၁၇-၂၀၁၈ ဘ ဏာ ရေးနှစ်မှစတင်၍ (၃)နှစ်အတွင်း (၄)ရစ်ခွဲပြီး ခွင့်ပြုပေးခဲ့ပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ခိုပ်ခွင့်ရဒေသဦးစီးရုံးသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် လာရောက်သည့် (၂.၃.၂၀၁၈) ရက်နေ့ ခရီးစဥ်မှာ မဲနယ်တောင်ဒေသ ဓါတ်အားလိုင်းသွယ်တန်းရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများအား ဒေသဦးစီးအဖွဲ့မှ တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ဟိုပုံးမြို့တွင် 66/33KV 30MVA ဓါတ်အားခွဲရုံတစ်ရုံ တည်ဆောက်ပေးဖြစ်ကြောင်း၊ ထိုအပြင် ဟိုပုံးမြို့မှ (၁၃.၅)မိုင် ကွာဝေးသည့် မဲနယ်တောင်တန်းဒေသ စငေါကျေးရွာအထိ 33KV ဓါတ်အားလိုင်းသွယ်တန်းပြီး စငေါကျေးရွာကျေးရွာတွင် 33/11 KV 5MVA ဓါတ်အားခွဲရုံတစ်ရုံ တည်ဆောက်ပေးမည်ဖြစ်ကြောင်းလမ်းညွှန်မှာကြားကြီး ဆောင်ရွက်ပေးခဲ့တဲ့အတွက် ဒီကနေ့မှာ စငေါဓါတ်အားခွဲရုံကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဆောင်ရွက်ပေးမှုကြောင့် စငေါဓါတ်အားခွဲရုံကြီး တည်ဆောက်နိုင်ခဲ့သလို နယ်စပ်ရေးရာဝန်ကြီးဌာနမှ ခွင့်ပြုထားသည့် 33 KV ဓါတ်အားလိုင်းအစား 11 KV ဓါတ်အားလိုင်ဖြင့် ပြောင်းလဲတည်ဆောက်နိုင်ခဲ့တဲ့အတွက် 11 KV ဓါတ်အားလိုင်း (၂၀.၄)မိုင်နှင့် 400 V ဓါတ်အားလိုင်းကိုလည်း (၁၈.၅)မိုင်အထိ တိုးချဲ့သွယ်တန်းနိုင်ခဲ့သလို ယခင်တွက်ချက်မှုအရ ကျေးရွာ (၁၄)ရွာသာ လျှပ်စစ်ဓါတ်အားရရှိနိုင်မှာဖြစ်သော်လည်း ယခုအခါ စငေါးကျေးရွာအုပ်စုနှင့် စံဖူးကျေးရွာအုပ်စုရှိ ကျေးရွာ(၂၀)ရွာအား လျှပ်စစ်ဖြန့်ဖြူးပေးနိုင်တော့မှာဖြစ်တဲ့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့အား ဒေသဦးစီးအဖွဲ့နှင့် ဒေသခံတိုင်းရင်းသားကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ လျှပ်စစ်ဓါတ်အားရရှိခြင်းဟာ ဒေသခံတိုင်းရငါးသားများအတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုလာဒ်ဖြစ်ပါကြောင်း၊ ယခုလိုနည်းပညာခေတ်ကြီးမှာ လျှပ်စစ်ဓါတ်အားဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဖန်တီးနိုင်တော့မှာဖြစ်ပါကြောင်း၊ လျှပ်စစ်ဓါတ်အားဟာ သုံးတတ်လျှင် အကျိုးဖြစ်ထွန်းသလို မသုံးတတ်ပါက လူသားတို့အတွက် အန္တရာယ်အပေးနိုင်ဆုံး အရာဖြစ်ပါကြောင်း၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဖြန့်ဝေပေးတဲ့ လျှပ်စစ်အန္တရာယ် သတိပေးစာစောင်ထဲမှ အချက်များကိုလည်း သေချာစွာ လိုက်နာကြဖို့ မှာကြားလိုပါကြောင်း၊ မဲနယ်နောင်ဒေသဟာ တောတောင် ထူထပ်ပြီး သစ်ကြီးဝါးကြီးပေါများတဲ့ဒေသဖြစ်တဲ့အတွက် ဓါတ်အားလိုင်းတစ်လျှောက် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် လျှပ်စစ်ဝန်ထမ်းများနှင့်အတူ ဒေသခံများမှလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။ 

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ရှမ်းပြည်အစိုးရအဖွဲ့ဝင်းများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်၊ ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့တို့က လျှပ်စစ်ဓါတ်အားခွဲရုံးအတွင် လှည့်လည်ကြည့်ရှုခဲ့ကြခဲ့ကြောင်း သိရသည်။

 ဆက်လက်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူး၊  ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက စံဖူးကျေးရွာအုပ်စု ကျောက္ကချား ကျေးရွာရှိ11 KV ဓါတ်အားလိုင်း နှင့် စငေါကျေးရွာအုပ်စု ဗန်းစောက်ကျေးရွာရှိ 200KV Transformerနှင့် 400V ဓါတ်အားလိုင်းနှင့် ခိုးခြဲကျေးရွားရှိ 400 V ဓါတ်အားလိုင်းတို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သိရပါသည်။ 

ခွန်ယံသေ


Powered by Blogger.