ပီအင်န်အိုဗဟိုနာယကဦးခွန်မောင်တုတ်မှဆက်လက်၍ပအိုဝ်းလူမျိုးဖြစ်သော်လည်း နိုင်ငံသားစီစစ်ရေး
ကဒ်ပြား(ခေါ်) မှတ်ပုံတင် မရှိပါက ဘယ်သူ ဘယ်ဝါ ဆိုသည်မှာ လုံးဝမ သိနိုင်ပေ။ ပအိုဝ်းလူမျိုးတို့ သည် များသောအားဖြင့် မှတ်ပုံတင်မလို၊ မွေးဇာတာပုရပိုဒ်ရှိလျှင် ရပြီဆိုသည့် ပြီးစလွယ် အယူအဆများ ရှိနေသေးသည်။အရပ်လက်သည်နှင့် မွေးသည့်ပအိုဝ်းကလေးများပြီး ဒေသဆိုင်ရာကျန်းမာရေးဝန်ထမ်းသို့  အကြောင်းကြား ရမှန်း မသိဖြစ်နောကသည်။ မွေးဇာတာ ဆို သည်မှာ ပအိုဝ်းရိုးရာ မွေးနေ့  ရက်အချိန်ကို အတိတကျမှတ်တမ်းတင်ထားသည့်ရိုးရာအသိအမှတ်ပြုဇာတာသာဖြစ်သည်။ မွေးဇာတာ ဖြင့် နိုင်ငံတော်
အစိုးရ၏လုပ်ငန်း ဌာနများနှင့်ဆက် သွယ်ရာတွင် အသုံးမပြုနိုင်ပေ။
နိုင်ငံတော်အစိုးရ၏လုပ်ငန်းဌာနများနှင့်ဆက်သွယ်ရာတွင်သော်လည်းကောင်း၊ ခရီးသွား သည့်အခါ တွင် သော်လည်းကောင်း၊ သက်ဆိုင်ရာ ရဲ စသည်တို့ မှ စစ်ဆေးသည့်အခါတွင် သော် လည်းကောင်း၊ ကားဝယ်မြေယာခြံများဝယ်ယူသည့်အခါတွင်သော်လည်ကောင်း၊ဒီမိုကရေစီအခွင့်အလမ်း ပေါ်ပေါက်နေ
သည့်ကာလ ရွေးကောက်ပွဲတွင်မိမိဆန္ဒ ဖြင့်မဲပေးလိုသည့်အခါတွင်သော်လည်းကောင်း၊ နိုင်ငံသားစီစစ်ရေး
ကဒ်ပြား ခေါ် မှတ်ပုံတင်ရှိရမည်ဖြစ်သည်။
မွေးဖွားသည့်ကလေးတိုင်း မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရုံး၏ အိမ်ထောင်စုစာရင်းတွင် အမည်ရေးသွင်းရမည်။ အသက်(၁၂)ပြည့်သည်မှစ၍ နိုင်ငံသားစီစစ်ရေးကဒ်ပြား ခေါ် မှတ်ပုံတင်ကို
နိုင်ငံသားတိုင်းပြုလုပ်ရမည်ဖြစ်သည်။ နိုင်ငံသားစီစစ်ရေးကဒ်ပြား ခေါ် မှတ်ပုံတင်သည် အလွန်ရေးပါသည့် တရားဝင် စာရွက်စာတမ်းဖြစ်သည်။
သို့ ဖြစ်၍ လာမည့် သက္ကရာဇ် ၂၀၁၄ -ခုနှစ်တွင် ကောက်ခံမည့်သန်းခေါင်စာရင်းတွင် မိမိအမည်ပါစေရန်၊ ပအိုဝ်းလူမျိုးဖြစ်ကြောင်း အတိအကျပါစေရန်၊ နိုင်ငံသားစီစစ်ရေးကဒ်ပြား ခေါ် မှတ်ပုံတင်လုပ်ရန် အထူးတိုက်တွန်းလိုပါသည်။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲပြင်ဆင်မှုအတွက် မိမိလူမျိုးကို ကိုယ်စားပြု ကြောင်း လာမည့်ရွေးကောက်ပွဲတွင် မိမိဆန္ဒဖြင့် မဲပေးနိုင်ရန်အတွက်
နိုင်ငံသားစီစစ်ရေးကဒ်ပြား ခေါ် မှတ်ပုံတင်လုပ်ရန် အထူးတိုက်တွန်းနိုးဆော်အပ်လိုက်ပါသည်။
ခွန်မေးလို့ (တောင်ကြီး)
Like On Facebook
Follow On Twitter
Subscribe On RSS