Wednesday, November 20, 2019

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မဟာဝံသ ဗုဒ္ဓဂယာ-မဟာဗောဓိစေတီတော်မြတ်ကြီးအား အထက်ပစ္စယံဌာပနာတော်သွင်း ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် သံဃာတော် ၅၂၈ပါးတို့အား ဆွမ်းဆန်တော်စိမ်း လောင်းလှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက် ပူဇော်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်










unicode
ဒီကနေ့ အထူးဒေသ(၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပသော (ပိုပန္တကုန်းတော်) မဟာဝံသ ဗုဒ္ဓဂယာ-မဟာဗောဓိစေတီတော်မြတ် အထက်ပစ္စယံဌာပနာ တော်သွင်း ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် သံဃာတော် (၅၂၈)ပါးတို့အား ဆွမ်းဆန် တော်စိမ်း လောင်းလှူပူဇော်ပွဲခြင်း အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်ပူဇော်ဖူးမျှော် အလှူဒါန ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ပြည်ထောင်စု ဝန်ကြီးများ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဘုရားဒါကာ ဖြားတန်စင်ဖြာအောင်ခမ်းထီ၊ ရှမ်းပြည်နယ်ဝန်ကြီးနှင့် အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်နှင့် ပအိုဝ်းဒေသ လွှတ်တော်ကိုယ်စား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နံနက် (၉းဝ၀)နာရီအချိန်တွင် နမောတဿ သုံးကြိမ် ရွတ်ဆို၍ စတင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ညောင်သုံးပင်သာမဏေကျော်စာသင်တိုက် နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့ တွဲဖက်အကျိုးဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဓဇောတိကဓဇ၊ ဓမ္မကထိကဗဟု ဇနဟိတဓရ ဒေါက်တာအရှင်တေဇောဿရာတိဝံသနှင့် အခြားဖိတ်ကြားထားသော ဆရာတော်များထံမှ ငါးပါးသီလ ခံယူခြင်း၊ ဆရာတော်များ ရွတ်ပွားချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူခြင်း၊ ဆရာတော်များထံ အလှူဝတ္ထုကပ်လှူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ ပြည်တော်သာကျောင်းတိုက်ဆရာတော် ဒေါက်တာအရှင်ဇဝန(သဒ္ဓမ္မဇောတိကဓဇ)က အလိုတော်ပြည့် ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပူဇော်ရန်အတွက် ချီးမြှင့်တော်မူခြင်း၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ဖြားတန်စင်ဖြာအောင်ခမ်းထီက သာသနာရေးဆိုင်ရာများ လျှောက်တင်ခြင်း၊ နိုင်ငံတော်သံဃ မဟာနာယ ကအဖွဲ့ တွဲဖက်အကျိုးဆောင် ဆရာတော် ဒေါက်တာ အရှင်တေဇောဿရာတိဝံသထံမှ အနုမောဒနာတရား နာယူ၍ ရေစက်ချ အမျှပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေ့လယ် မွန်းလွဲပိုင်းတွင် မဟာဝံသ ဗုဒ္ဓဂယာ-မဟာဗောဓိစေတီတော်မြတ် အထက် ပစ္စယံဌာပနာ တော်သွင်း ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် သံဃာတော် (၅၂၈)ပါး တို့အား ဆွမ်းဆန် တော်စိမ်း လောင်းလှူပူဇော်ပွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်းပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် အခမ်းအနား ပထမပိုင်းအပြီးတွင် ပအိုဝ်း အမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖြာအောင်းခမ်းထီနေအိမ်သို့ သွားရောက်ပြီး နေ့လယ်စာ သုံးဆောင်ကာ မွန်းလွဲပိုင်းတွင် ဟဲဟိုးလေဆိပ်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

နဂါ့ခွန်

Zawgyi ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က မဟာဝံသ ဗုဒၶဂယာ-မဟာေဗာဓိေစတီေတာ္ျမတ္ႀကီးအား အထက္ပစၥယံဌာပနာေတာ္သြင္း ပူေဇာ္ျခင္း၊ ဗုဒၶါဘိေသက ဘုရားအေနကဇာတင္ျခင္းႏွင့္ သံဃာေတာ္ ၅၂၈ပါးတို႔အား ဆြမ္းဆန္ေတာ္စိမ္း ေလာင္းလွဴပူေဇာ္ပြဲ အခမ္းအနားသုိ႔ တက္ေရာက္ ပူေဇာ္

ေတာင္ႀကီး၊ ၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ (၂၀)ရက္

ဒီကေန႔ အထူးေဒသ(၆)၊ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးခရိုင္၊ ေက်ာက္တလံုးႀကီးၿမိဳ႕တြင္ စည္းကားသိုက္ၿမိဳက္စြာ က်င္းပေသာ (ပိုပႏၱကုန္းေတာ္) မဟာဝံသ ဗုဒၶဂယာ-မဟာေဗာဓိေစတီေတာ္ျမတ္ အထက္ပစၥယံဌာပနာ ေတာ္သြင္း ပူေဇာ္ျခင္း၊ ဗုဒၶါဘိေသက ဘုရားအေနကဇာတင္ျခင္းႏွင့္ သံဃာေတာ္ (၅၂၈)ပါးတို႔အား ဆြမ္းဆန္ ေတာ္စိမ္း ေလာင္းလွဴပူေဇာ္ပြဲျခင္း အခမ္းအနားကို ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က တက္ေရာက္ပူေဇာ္ဖူးေမွ်ာ္ အလွဴဒါန ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္တကြ ျပည္ေထာင္စု ဝန္ႀကီးမ်ား၊ ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္ ဘုရားဒါကာ ျဖားတန္စင္ျဖာေအာင္ခမ္းထီ၊ ရွမ္းျပည္နယ္ဝန္ႀကီးႏွင့္ အဖြဲ႔မ်ား၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးဥကၠဌ ျဖားခြန္စံလြင္ႏွင့္ ပအိုဝ္းေဒသ လႊတ္ေတာ္ကိုယ္စား ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

အခမ္းအနားကို နံနက္ (၉း၀၀)နာရီအခ်ိန္တြင္ နေမာတႆ သံုးႀကိမ္ ရြတ္ဆို၍ စတင္ခဲ့ၿပီး မႏၱေလးတုိင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕၊ ေညာင္သံုးပင္သာမေဏေက်ာ္စာသင္တုိက္ ႏိုင္ငံေတာ္သံဃမဟာနာယ ကအဖြဲ႔ တြဲဖက္အက်ိဳးေဆာင္ အဂၢမဟာဂႏၱဝါစကပ႑ိတ၊ အဂၢမဟာသဒၶမၼဓေဇာတိကဓဇ၊ ဓမၼကထိကဗဟု ဇနဟိတဓရ ေဒါက္တာအရွင္ေတေဇာႆရာတိဝံသႏွင့္ အျခားဖိတ္ၾကားထားေသာ ဆရာေတာ္မ်ားထံမွ ငါးပါးသီလ ခံယူျခင္း၊ ဆရာေတာ္မ်ား ရြတ္ပြားခ်ီးျမွင့္ေတာ္မူအပ္ေသာ ပရိတ္တရားေတာ္မ်ားကို နာယူျခင္း၊ ဆရာေတာ္မ်ားထံ အလွဴဝတၴဳကပ္လွဴျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ မႏၲေလးတိုင္းေဒသႀကီး၊ စဥ့္ကိုင္ၿမိဳ႕နယ္၊ ျပည္ေတာ္သာေက်ာင္းတိုက္ဆရာေတာ္ ေဒါက္တာအရွင္ဇဝန(သဒၶမၼေဇာတိကဓဇ)က အလိုေတာ္ျပည့္ ဗုဒၶရုပ္ပြားေတာ္ျမတ္မ်ား ပူေဇာ္ရန္အတြက္ ခ်ီးျမွင့္ေတာ္မူျခင္း၊ ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္ အဂၢမဟာသီရိသုဓမၼမဏိေဇာတဓရ၊ ဝဏၰေက်ာ္ထင္ ျဖားတန္စင္ျဖာေအာင္ခမ္းထီက သာသနာေရးဆိုင္ရာမ်ား ေလွ်ာက္တင္ျခင္း၊ ႏိုင္ငံေတာ္သံဃ မဟာနာယ ကအဖြဲ႔ တြဲဖက္အက်ိဳးေဆာင္ ဆရာေတာ္ ေဒါက္တာ အရွင္ေတေဇာႆရာတိဝံသထံမွ အႏုေမာဒနာတရား နာယူ၍ ေရစက္ခ် အမွ်ေပးျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ ေန႔လယ္ မြန္းလြဲပိုင္းတြင္ မဟာဝံသ ဗုဒၶဂယာ-မဟာေဗာဓိေစတီေတာ္ျမတ္ အထက္ ပစၥယံဌာပနာ ေတာ္သြင္း ပူေဇာ္ျခင္း၊ ဗုဒၶါဘိေသက ဘုရားအေနကဇာတင္ျခင္းႏွင့္ သံဃာေတာ္ (၅၂၈)ပါး တို႔အား ဆြမ္းဆန္ ေတာ္စိမ္း ေလာင္းလွဴပူေဇာ္ပြဲျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အတိုင္းပင္ခံ ေဒၚေအာင္ဆန္းစုၾကည္သည္ အခမ္းအနား ပထမပိုင္းအၿပီးတြင္ ပအိုဝ္း အမ်ိဳးသားေခါင္းေဆာင္ ျဖားတန္စင္ျဖာေအာင္းခမ္းထီေနအိမ္သို႔ သြားေရာက္ၿပီး ေန႔လယ္စာ သံုးေဆာင္ကာ မြန္းလြဲပိုင္းတြင္ ဟဲဟိုးေလဆိပ္သို႔ ျပန္လည္ထြက္ခြာခဲ့ေၾကာင္း သိရသည္။


နဂါ့ခြန္

Monday, November 18, 2019

ပအိုဝ်းဒေသ၏ ဆောင်းသဘာဝအလှ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်



Unicode

မြန်မာနိုင်ငံတွင် ရာသီဥတုအားဖြင့် နွေ၊ မိုး၊ ဆောင်းဟူ၍ ရှိပါသည်။ မိမိအနေဖြင့် ဆောင်းရာသီကာလတွင် ပအိုဝ်းလူမျိုးများ၏ နေထိုင်စားသောက်မှုပုံစံအပြင် အခြားအလေ့အကျင့်များကိုလည်း တင်ပြပေးမည်ဖြစ်ပါသည်။ ထို့အပြင် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်း အနည်း အကျဉ်းဖော်ပြသွားပါမည်။ အဘယ့်ကြောင့်ဆိုသော် မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းထိန်း သိမ်းသင့်သည့်အချက်များကို လေ့လာသိရှိနိုင်ရန်နှင့် မိမိတို့ပအိုဝ်းရပ်ရွာဒေသသို့ အလည်လာမည့် မိတ်သင်္ဂဟများ ကြိုတင်လေ့လာနိုင်ရန် ရည်ရွယ်ပါသည်။

မိုးအကုန် ဆောင်းအကူးကာလတွင် မိမိတို့ဒေသစိုက်ပျိုးသီးနှံများဖြစ်သည့် နှမ်းခင်းများ၊ နေကြာခင်းများသည် နေရောင်ခြည်မှ ဖြာထွက်လာသည့် အလင်းတန်းများနှင့်ထိတွေ့သည့်အခါ မြင်တွေ့သူတိုင်း စိတ်ကြည်နူးမှုကို ဖြစ်စေနိုင်သည်မှာ မည်သူမျှငြင်းနိုင်မည်မဟုတ်ပါ။ ထို့အပြင် ပြောင်းခင်းများ၊ အာလူးခင်းများ၊ သနပ်ဖက်ပင်များ၊ ထောပတ်ပင်များ၊ လိမ္မော်ပင်များ၏ စိမ်းစို သည့် သဘာဝအလှတရားများကိုလည်းမြင်တွေ့ရပါမည်။ စပါးရိတ်သိမ်းချိန်ဖြစ်သည့်ရာသီဖြစ်သည့် အတွက် ပအိုဝ်းဒေသရှိနေရာအားလုံးနီးပါး လူစုများဖြင့် စုပေါင်းကာ ကောက်ရိတ်သိမ်းသည့်ပုံရိပ် များကိုလည်းကောင်း၊ သနပ်ဖက်များလှော်သည့်အချိန်ကာလဖြစ်သည့်အတွက်လည်း သနပ်ဖက် လှော်သည့် ပုံရိပ်များကိုလည်းကောင်း လေ့လာနိုင်ပါသည်။

 “ တန်ဆောင်မုန်းလ ”တွင် ပအိုဝ်းဒေသ၏ စုပေါင်းဘုံကထိန်များကပ်လှူသည့် ဓလေ့ အကြောင်းကို ထပ်ဆောင်းတင်ပြပါမည်။ ပအိုဝ်းကျေးရွာတစ်ရွာချင်းစီရှိ အိမ်ထောင်စုတိုင်းသည် တန်ဆောင်မုန်းလရောက်သည်နှင့်အမျှ မိမိတို့ကထိန်သင်္ကန်းများကပ်လှူလေ့ရှိပါသည်။ ကထိန် သင်္ကန်းကပ်လှူရာတွင် အိမ်ထောင်စုတစ်ခုချင်းစီကပ်လှူသည့်ပုံစံနှင့် စုပေါင်းကပ်လှူသည့်ပုံစံဟူ၍ ရှိပါသည်။ ကထိန်သင်္ကန်းကပ်လှူသည့်နေ့ရက်တွင် ရွာအနီးအဝေးရှိ မိတ်သင်္ဂဟအပေါင်းများ လာ ရောက်ကြပါသည်။ ပွဲလာသည့် မိတ်သင်္ဂဟအပေါင်းကို ထမင်းဟင်းများဖြင့် တည်းခင်းကျွေးမွေးပါ သည်။ ကထိန်လှည့်လည်ရာတွင် ဖလားပုံစံဖြင့်ပင့်ဆောင်ခြင်း၊ အလှပုံစံများပုံဖော်၍ စုပေါင်းပင့် ဆောင်ခြင်း ဟူ၍ရှိပါသည်။ ထို့သို့ပင့်ဆောင်ရာတွင် လူကြီး၊ လူငယ်၊ လူပျို/အပျိုမရွေး မိမိတို့ရိုးရာ ဝတ်စုံများ ဝတ်ဆင်၍ ပင့်ဆောင်ကြပါသည်။

မီးပဒေသာလှည့်လည်ပူဇော်သည့်ဓလေ့အကြောင်းကိုလည်း ဆက်လက်တင်ပြပါမည်။ ပုံစံ မျိုးစုံများပြုလုပ်၍ ကျေးရွာရှိ လူပျို/အပျိုများသည် မိမိတို့၏ မီးပဒေသာများကိုပင့်ဆောင်ပူဇော်ကြပါသည်။ မီးပဒေသာလှည့်လည်ပူဇော်ရာတွင် ကျေးရွာတစ်ရွာတည်းလှည့်လည်ပူဇော်သည့်ပုံစံ၊  မိမိတို့ကျေးရွာဝန်းကျင်အနီးရှိကျေးရွာများနှင့် စုပေါင်းမီးပဒေသာလှည့်လည်ပူဇော်ခြင်းဟူ၍ရှိပါသည်။

ဆောင်းရာသီကာလတွင် ပအိုဝ်းကျေးရွာ၏နေထိုင်စားသောက်မှုပုံစံကိုလည်း အနည်းကျဉ်းတင်ပြပါမည်။ များသောအားဖြင့်ထင်းဖြင့် မီးမွှေး၍ ထမင်း/ဟင်းချက်ပြုတ်လေ့ရှိပါသည်။ နေမင်းကြီးအလင်းရောင်ထွက်သည့်အချိန်တွင် မနက်စာကိုစားသောက်ကြပါသည်။ မနက်ခင်းအချိန်တွင် မြူများဖြင့် ဖုံးလွမ်းနေသည့် သဘာဝအလှတရားများကိုလည်းမြင်တွေ့နိုင်ပါသည်။ “ နေ့တာတိုပြီး ညတာရှည်သည့်လ ”ဖြစ်ပါသည်။

 စုပေါင်းလုပ်ဆောင်တတ်သည့်အလေ့အကျင့်များ၊ မိမိတို့၏ စိုက်ပျိုးသီးနှံအကြောင်း၊ နေထိုင်စားသောက်မှုပုံစံ၊ ဆောင်းရာသီအတွင်းပြုလုပ်လေ့ရှိသည့်ပွဲတော်များအကြောင်း စသည့်အခန်း ကဏ္ဍများအားလုံးသည် မိမိ၏အတွေ့အကြုံအပေါ်အခြေခံ၍ ဖော်ပြသွားခြင်းသာဖြစ်ပါသည်။ တဖက်တွင်ခေတ်စနစ်တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ မိမိတို့၏ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် နည်းပညာအခန်းကဏ္ဍသည်လည်း ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲရန် အထူးလိုအပ် ပါသည်။ သို့သော် မိမိတို့လူမျိုး၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ဆက်လက်ထိန်းသိမ်းရန် တာဝန်မှာ မိမိတို့ပအိုဝ်း တစ်မျိုးသားလုံးနှင့် သက်ဆိုင်ပါသည်။ ထို့ကြောင့် ပျောက်ကွယ်မသွား သင့်သော ဆက်လက်ထိန်းသိမ်းရန်လိုအပ်သည့်အခန်းကဏ္ဍများထဲတွင် ဆောင်းရာသီတွင် ပြုလုပ် လေ့ရှိသည့် ဓလေ့ထုံးတမ်းများပါဝင်ပါသည်။ ဆောင်းရာသီကာလအတွင်း မိမိတို့ပအိုဝ်းရပ်ရွာဒေသ သို့ အလည်လာမည့် မိတ်သင်္ဂဟအပေါင်းများအနေဖြင့်လည်း မိမိတို့ပအိုဝ်းဒေသ၏ ဆောင်းရာသီ အတွင်းပြုလုပ်လေ့ရှိသည့်အခြေအနေများကို ကြိုတင်သိရှိနိုင်မည်ဟု မျှော်လင့်ပါသည်။

ပအိုဝ်းမူ,ပေ,(စန္တားခမ်း)

zawgyi
ပအိုဝ္းေဒသ၏ ေဆာင္းသဘာဝအလွ

ျမန္မာနိုင္ငံတြင္ ရာသီဥတုအားျဖင့္ ေႏြ၊ မိုး၊ ေဆာင္းဟူ၍ ရွိပါသည္။ မိမိအေနျဖင့္ ေဆာင္းရာသီကာလတြင္ ပအိုဝ္းလူမ်ိဳးမ်ား၏ ေနထိုင္စားေသာက္မႈပုံစံအျပင္ အျခားအေလ့အက်င့္မ်ားကိုလည္း တင္ျပေပးမည္ျဖစ္ပါသည္။ ထို႔အျပင္ ယဥ္ေက်းမႈဓေလ့ထုံးတမ္းမ်ားကိုလည္း အနည္း အက်ဥ္းေဖာ္ျပသြားပါမည္။ အဘယ့္ေၾကာင့္ဆိုေသာ္ မ်ိဳးဆက္သစ္လူငယ္မ်ား လက္ဆင့္ကမ္းထိန္း သိမ္းသင့္သည့္အခ်က္မ်ားကို ေလ့လာသိရွိနိုင္ရန္ႏွင့္ မိမိတို႔ပအိုဝ္းရပ္ရြာေဒသသို႔ အလည္လာမည့္ မိတ္သဂၤဟမ်ား ႀကိဳတင္ေလ့လာနိုင္ရန္ ရည္ရြယ္ပါသည္။

မိုးအကုန္ ေဆာင္းအကူးကာလတြင္ မိမိတို႔ေဒသစိုက္ပ်ိဳးသီးႏွံမ်ားျဖစ္သည့္ ႏွမ္းခင္းမ်ား၊ ေနၾကာခင္းမ်ားသည္ ေနေရာင္ျခည္မွ ျဖာထြက္လာသည့္ အလင္းတန္းမ်ားႏွင့္ထိေတြ႕သည့္အခါ ျမင္ေတြ႕သူတိုင္း စိတ္ၾကည္ႏူးမႈကို ျဖစ္ေစနိုင္သည္မွာ မည္သူမၽွျငင္းနိုင္မည္မဟုတ္ပါ။ ထို႔အျပင္ ေျပာင္းခင္းမ်ား၊ အာလူးခင္းမ်ား၊ သနပ္ဖက္ပင္မ်ား၊ ေထာပတ္ပင္မ်ား၊ လိေမၼာ္ပင္မ်ား၏ စိမ္းစို သည့္ သဘာဝအလွတရားမ်ားကိုလည္းျမင္ေတြ႕ရပါမည္။ စပါးရိတ္သိမ္းခ်ိန္ျဖစ္သည့္ရာသီျဖစ္သည့္ အတြက္ ပအိုဝ္းေဒသရွိေနရာအားလုံးနီးပါး လူစုမ်ားျဖင့္ စုေပါင္းကာ ေကာက္ရိတ္သိမ္းသည့္ပုံရိပ္ မ်ားကိုလည္းေကာင္း၊ သနပ္ဖက္မ်ားေလွာ္သည့္အခ်ိန္ကာလျဖစ္သည့္အတြက္လည္း သနပ္ဖက္ ေလွာ္သည့္ ပုံရိပ္မ်ားကိုလည္းေကာင္း ေလ့လာနိုင္ပါသည္။

 “ တန္ေဆာင္မုန္းလ ”တြင္ ပအိုဝ္းေဒသ၏ စုေပါင္းဘုံကထိန္မ်ားကပ္လႉသည့္ ဓေလ့ အေၾကာင္းကို ထပ္ေဆာင္းတင္ျပပါမည္။ ပအိုဝ္းေက်းရြာတစ္ရြာခ်င္းစီရွိ အိမ္ေထာင္စုတိုင္းသည္ တန္ေဆာင္မုန္းလေရာက္သည္ႏွင့္အမၽွ မိမိတို႔ကထိန္သကၤန္းမ်ားကပ္လႉေလ့ရွိပါသည္။ ကထိန္ သကၤန္းကပ္လႉရာတြင္ အိမ္ေထာင္စုတစ္ခုခ်င္းစီကပ္လႉသည့္ပုံစံႏွင့္ စုေပါင္းကပ္လႉသည့္ပုံစံဟူ၍ ရွိပါသည္။ ကထိန္သကၤန္းကပ္လႉသည့္ေန႔ရက္တြင္ ရြာအနီးအေဝးရွိ မိတ္သဂၤဟအေပါင္းမ်ား လာ ေရာက္ၾကပါသည္။ ပြဲလာသည့္ မိတ္သဂၤဟအေပါင္းကို ထမင္းဟင္းမ်ားျဖင့္ တည္းခင္းေကၽြးေမြးပါ သည္။ ကထိန္လွည့္လည္ရာတြင္ ဖလားပုံစံျဖင့္ပင့္ေဆာင္ျခင္း၊ အလွပုံစံမ်ားပုံေဖာ္၍ စုေပါင္းပင့္ ေဆာင္ျခင္း ဟူ၍ရွိပါသည္။ ထို႔သို႔ပင့္ေဆာင္ရာတြင္ လူႀကီး၊ လူငယ္၊ လူပ်ိဳ/အပ်ိဳမေရြး မိမိတို႔ရိုးရာ ဝတ္စုံမ်ား ဝတ္ဆင္၍ ပင့္ေဆာင္ၾကပါသည္။

မီးပေဒသာလွည့္လည္ပူေဇာ္သည့္ဓေလ့အေၾကာင္းကိုလည္း ဆက္လက္တင္ျပပါမည္။ ပုံစံ မ်ိဳးစုံမ်ားျပဳလုပ္၍ ေက်းရြာရွိ လူပ်ိဳ/အပ်ိဳမ်ားသည္ မိမိတို႔၏ မီးပေဒသာမ်ားကိုပင့္ေဆာင္ပူေဇာ္ၾကပါသည္။ မီးပေဒသာလွည့္လည္ပူေဇာ္ရာတြင္ ေက်းရြာတစ္ရြာတည္းလွည့္လည္ပူေဇာ္သည့္ပုံစံ၊  မိမိတို႔ေက်းရြာဝန္းက်င္အနီးရွိေက်းရြာမ်ားႏွင့္ စုေပါင္းမီးပေဒသာလွည့္လည္ပူေဇာ္ျခင္းဟူ၍ရွိပါသည္။

ေဆာင္းရာသီကာလတြင္ ပအိုဝ္းေက်းရြာ၏ေနထိုင္စားေသာက္မႈပုံစံကိုလည္း အနည္းက်ဥ္းတင္ျပပါမည္။ မ်ားေသာအားျဖင့္ထင္းျဖင့္ မီးေမႊး၍ ထမင္း/ဟင္းခ်က္ျပဳတ္ေလ့ရွိပါသည္။ ေနမင္းႀကီးအလင္းေရာင္ထြက္သည့္အခ်ိန္တြင္ မနက္စာကိုစားေသာက္ၾကပါသည္။ မနက္ခင္းအခ်ိန္တြင္ ျမဴမ်ားျဖင့္ ဖုံးလြမ္းေနသည့္ သဘာဝအလွတရားမ်ားကိုလည္းျမင္ေတြ႕နိုင္ပါသည္။

 “ ေန႔တာတိုၿပီး ညတာရွည္သည့္လ ”ျဖစ္ပါသည္။
 စုေပါင္းလုပ္ေဆာင္တတ္သည့္အေလ့အက်င့္မ်ား၊ မိမိတို႔၏ စိုက္ပ်ိဳးသီးႏွံအေၾကာင္း၊ ေနထိုင္စားေသာက္မႈပုံစံ၊ ေဆာင္းရာသီအတြင္းျပဳလုပ္ေလ့ရွိသည့္ပြဲေတာ္မ်ားအေၾကာင္း စသည့္အခန္း က႑မ်ားအားလုံးသည္ မိမိ၏အေတြ႕အၾကဳံအေပၚအေျခခံ၍ ေဖာ္ျပသြားျခင္းသာျဖစ္ပါသည္။ တဖက္တြင္ေခတ္စနစ္တိုးတက္ေျပာင္းလဲလာသည္ႏွင့္အမၽွ မိမိတို႔၏ စီးပြားေရး၊ ပညာေရး၊ စိုက္ပ်ိဳးေရးႏွင့္ နည္းပညာအခန္းက႑သည္လည္း ေခတ္ႏွင့္အညီ တိုးတက္ေျပာင္းလဲရန္ အထူးလိုအပ္ ပါသည္။ သို႔ေသာ္ မိမိတို႔လူမ်ိဳး၏ ယဥ္ေက်းမႈဓေလ့ထုံးတမ္းမ်ားကို ဆက္လက္ထိန္းသိမ္းရန္ တာဝန္မွာ မိမိတို႔ပအိုဝ္း တစ္မ်ိဳးသားလုံးႏွင့္ သက္ဆိုင္ပါသည္။

 ထို႔ေၾကာင့္ ေပ်ာက္ကြယ္မသြား သင့္ေသာ ဆက္လက္ထိန္းသိမ္းရန္လိုအပ္သည့္အခန္းက႑မ်ားထဲတြင္ ေဆာင္းရာသီတြင္ ျပဳလုပ္ ေလ့ရွိသည့္ ဓေလ့ထုံးတမ္းမ်ားပါဝင္ပါသည္။ ေဆာင္းရာသီကာလအတြင္း မိမိတို႔ပအိုဝ္းရပ္ရြာေဒသ သို႔ အလည္လာမည့္ မိတ္သဂၤဟအေပါင္းမ်ားအေနျဖင့္လည္း မိမိတို႔ပအိုဝ္းေဒသ၏ ေဆာင္းရာသီ အတြင္းျပဳလုပ္ေလ့ရွိသည့္အေျခအေနမ်ားကို ႀကိဳတင္သိရွိနိုင္မည္ဟု ေမၽွာ္လင့္ပါသည္။


ပအိုဝ္းမူ,ေပ,(စႏၲားခမ္း)

တောင်သူလယ်သမားများ၏ရင်တွင်းဖြစ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်


Photo- Credit

Unicode

တောင်သူလယ်သမားတို့သည် လယ်ယာလုပ်ငန်းကလွှဲ၍ဘယ်အလုပ်ကိုမျှမလုပ်ဘဲ လယ်ယာ လုပ်ငန်းကိုသာ လုပ်ကိုင်လိုကြသည်။ လယ်ယာလုပ်ငန်းလုပ်ကိုင်ရသည်မှာ သက်သာလားဟု မေးစရာရှိ သည်။ အမှန်အတိုင်းဖြေရလျှင် အလွန်ကိုပင်ပန်းနေသည်။ လူကြီးတို့၏စကားအတိုင်းပြောဆိုရလျှင် “ လယ်ဆိုသည့် အတိုင်း အလုပ်ကလည်နေသည်။ လည်နေသည်ဆိုသည်အဓိပ္ပာယ်ဖွင့်ဆိုချက်လည်း သိချင်နေပါလိမ့်မည်။ လယ်သမားများ လည်နေရသည့်အကြောင်းရင်းကို တင်ပြပါမည်။”

တောင်သူလယ်သမားများသည် စပါးမစိုက်ခင် ပထမဦးစွာ ပြင်ဆင်မှုများပြုလုပ်ရပါသည်။ အကြောင်းမှာ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး စုထားရသည်။ ကျွဲချေး၊ နွားချေးများကိုစု၍ လှည်းပေါ်တင်ပြီး လယ်ကွက်ထဲကို ထည့်ရသည်။ ဤလုပ်ဆောင်ချက်များသည် မြေသြဇာချသည်ဟုခေါ်သည်။ ထိုသို့ လုပ်ဆောင်နေရခြင်းမှာ တစ်ရက်၊ နှစ်ရက်နှင့်ပြီးဆုံးသွားသော အလုပ်မဟုတ်ဘဲ တစ်လနီးပါး လုပ်ဆောင်နေရသော အလုပ်ဖြစ်သည်။ ထိုထက်မကသေးဘဲ လယ်ကွက်ထဲကို မြေသြဇာများချသည့်အခါ မနက်စောစောနှင့် ညနေပိုင်းတို့တွင် လုပ်ဆောင်တတ်ကြသည်။ နေ့ခင်းပိုင်းတွင် လယ်တဲကို ပြုပြင်တည်ဆောက်နေရသည်။ လယ်တဲတည်ဆောက်ပြုပြင်ခြင်းသည် သေသေချာချာ စနစ်တကျပြုပြင်ခြင်း ဖြစ်သည်။

လယ်တဲတွင် နွားများတစ်မိုးလုံးနေထိုင်ရန်ဖြစ်သကဲ့သို့ လူများလည်း ထိုတဲတွင်နေထိုင်ကြရန်ဖြစ်သည်။ လယ်တဲတွင် လူများနေထိုင်ရန်အခန်းပါရှိသည်။ ထို့ကြောင့် လယ်တဲကိုလယ်သမားများက အခိုင်အခန့် ဆောက်လုပ်ထားလေသည်။ လယ်တဲပြင်ပြီးသည်နှင့် ကျွဲ၊ နွားများစားရန် ကောက်ရိုးများကို စနစ်တကျပြုပြင်ရသည်။ အချို့ကောက်ရိုးပုံများကို အမိုးမိုးထားပေးရသည်ဖြစ်သောကြောင့် အမိုးကို လယ်တဲမိုးကာနှင့် ကိုင်းရွက်များဖြင့်မိုးထားရသည်။ ကိုင်းရွက်ကို ဤအတိုင်းထားမိုး၍မရပေ၊ ဓား၊ သုံးစိပ်ကို အပေါ်အောက်ထားပြီး ကိုင်းပျစ်ပြုလုပ်ရသည်။

လယ်သမားများသည် တဲထိုးပြီးလျှင်ထွန်တုံးဝင်ရသည်။ ထွန်တုံးကို မြန်မာပြည်သူအများစု သိမြင်ကြလိမ့်မည်။ ထွန်တုံးသည် ထည်စာခဲများကိုခွဲထုတ်ပေးသကဲ့သို့ အမှိုက်များကို သယ်ယူသည့်အခါ အထောက်အကူဖြစ်စေခြင်းနှင့် လယ်ကွက်မြေမျက်နှာပြင်ကို ညီအောင်ပြုလုပ်သည့်အခါ အသုံးပြုခြင်း ဖြစ်သည်။ လယ်သမားများသည်လယ်မြေသစ်များဖော်ထုတ်သကဲ့သို့ စိုက်ပျိုးထားသည့် စပါးခင်းများကို လည်း ဂရုစိုက်နေရသည်။ စပါးခင်းများကို ကျွဲ၊ နွားများလာရောက်ဖျက်ဆီးခြင်းမရှိရလေအောင် စောင့်ကြည့်ထိန်း ကျောင်းနေရသေးသည်။ ခေတ်ကာလနှင့်အညီ ယခုအခါတွင် ခြံစည်းရိုးများလည်း ကာရံထား ခြင်းမျိုးမရှိဘဲ ရိုးသားသော ကျေးရွာနေတောင်သူများ၏သဘာဝအတိုင်း တံခါးမရှိဓါးမရှိ ဟာလာဟင်းလင်း ရှိသည့် အတိုင်း ကျူးကျော်မှုမရှိရလေအောင် ထိန်းကျောင်းနေရခြင်းဖြစ်သည်။

စပါးရိတ်သိမ်းနေချိန်တွင် မြေပဲ၊ နှမ်း၊ ပဲအမျိုးနှင့်ပြောင်းများကိုစိုက်ပျိုးနိုင်ရန် ထွန်ယက်ကြရပြန်သည်။ ထိုနည်းသူပင် အခြားစိုက်ပျိုးသီးနှံများလည်း တစ်နှစ်ပတ်လုံး နားချိန်မရှိလုပ်ကိုင်နေကြရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများဆုံးစိုက်ပျိုးသော ထုတ်ကုန်တစ်မျိုးဖြစ်သည့် သနပ်ဖက်ဆိုသည့် စိုက်ပျိုးမှုတစ်ခုတွင်လည်း ထိုနည်းတူပင်လုပ်ကိုင်ရကြောင်းကို အနည်းငယ်ရေးသားပြပါမည်။ သနပ်ဖက်ပင်ဆိုရာတွင် မသိမမြင်ဖူးသူများအတွက် လက်နက်ဖြစ်သော သေနတ်လားဆိုသည့် တွေးတောချက်များလည်းရှိနေသည်ကို စာရေးသူကိုယ်တိုင် အမေးခံရဖူးပါသည်။ ကိုင်စရာလက်နက်မဟုတ်ဘဲ ဖက်တစ်မျိုး အပင်တစ်မျိုးသာဖြစ်ကြောင်း ရှင်းလင်းပြခဲ့ဖူးပါသည်။

သနပ်ဖက်ပင်သည် နှစ်ရည်ပင်ဟုလည်းခေါ်ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါစိုက်ပျိုးထားပြီးလျှင် နှစ်ပေါင်းများစွာ အသက်မွေးဝမ်းကျောင်းပြုနိုင်သည်။ နှစ်ရှည်ပင်ဖြစ်သော်လည်းကျန်နှစ်ရှည် သီးနှံပင်မျိုးမဟုတ်ဘဲ တစ်နှစ်တစ်ခါရိုးတံဖြတ်ပေးပြီး ပြန်လည်ရှင်သန်စေကာ တစ်နှစ်တာကာလအတွက် ပြန်လည်အသုံးပြုကြသည်။  တစ်ချိန်တည်းမှာပင် အပင်များကြားရှိ မြက်ပင်များနှင့်ပေါင်းမြက်ခြောက်များ ကို ရှင်းလင်းပေးရသည်။ ဖြတ်ထားသောရိုးတံများကို သနပ်ဖက်စိုက်တောင်သူများက ထမင်းဟင်းချက် ပြုတ်ရာတွင် ပြန်လည်အသုံးပြုကြသည်။ ထိုသို့အသုံးပြုခြင်းအားဖြင့် သစ်တောပြုန်းတီးမှုကို တစ်ဖက်တစ်လှမ်းထိန်းသိမ်းရာ ရောက်ပါသည်။

ထို့နောက်တစ်ဆက်တည်းမှာပင် တစ်လအတွင်းဖြတ်ထားသော အတက်များပြန်လည်ထွက်ပေါ် ထွက်လာပါသည်။ ထိုအချိန်အတွင်း အပင်အကြားရှိမြေများကိုတူးဆွပေးရသည်။ ထွက်လာသော အတက်များမှ ကြီးထွားရှင်သန်နိုင်ရန် အတက်အများအကြားမှ အပေါ်ဆုံးတွင်ပေါက်သော အတက်များကိုသာ ချန်ထားခဲ့ပြီး ကျန်အတက်များကို ရှင်းလင်းဖယ်ရှားပစ်ရသည်။ ထိုအတက်ထွက်ရှိချိန်မှစ၍ (၃)လလောက် အကြာထားရှိပြီး သနပ်ဖက်လှော်ချိန်ရောက်ရှိလာပါသည်။ သနပ်ဖက်လှော်နိုင်ရန်အတွက် လိုအပ်သော ထင်း၊ သဲကျောက်၊ ဒယ်စသည့်တန်ဆာပလာများ ပြင်ဆင်ထားကြရသည်။

သနပ်ဖက်လှော်ကာလအတွင်း အပင်ပေါ်လိုအပ်သော ပိုးသတ်ဆေး၊ အပင်ကြားအတွင်းရှင်းလင်း ရန်လိုအပ်မှုများကို တစ်နှစ်ပတ်လုံးစဉ်ဆက်မပြတ် လုပ်ဆောင်ပေးနေရသည်။ သနပ်ဖက်လှော်ကာလသည်  (၅) လဝန်းကျင်ခန့်ဖြစ်သည်။ သနပ်ဖက်ဖြင့်အသက်မွေးဝမ်းကျောင်းပြုသူများသည် လယ်ယာစိုက် ပျိုးသော တောင်သူများနည်းတူ တစ်နှစ်ပတ်လုံးလုံးပန်းနေရသည်ကို စိုက်ပျိုးဖူးသူတိုင်း သိရှိနိုင်သည်ဆို သော်လည်း စိုက်ပျိုးတောင်သူမဟုတ်သူ လူတန်းစားများအတွက် မခံစားတတ်ပါ။ စျေးနှုန်းအတက်အကျဒဏ်ကိုလည်း ကုန်ကြမ်းစိုက်ပျိုးသော တောင်သူများသာ ခံစားကြရပြီး တစ်ဆင့်ခံပွဲစားများသည် ထိုဒဏ်၏ အရာကို ခံစားရမည်မဟုတ်ပါ။

ကျွန်ုပ်တို့စိုက်ပျိုးတောင်သူများအတွက် ကုန်စျေးနှုန်းတက်ခြင်းသည် မိမိတို့ဝယ်ကုန်များအတွက် သာတက်ပြီး စိုက်ပျိုးထုတ်လုပ်နေသော ကုန်ပစ္စည်းများအတွက် စျေးနှုန်းတက်ခြင်းသည် မရှိသလောက် ရှားပါးနေသည်ကို နှစ်စဉ်ကြုံတွေ့နေရပါသည်။

ထို့ကြောင့်စိုက်ပျိုးတောင်သူများ ပတ်ချာလုံးပန်းနေပြီး နေထွက်မှနေထွက် တစ်နေ့ပတ်လုံးရုန်းကန် လှုပ်ရှားနေရပြီး နေပူမရှောင် မိုးရွာမမှုဘဲ ဝမ်းစာရေးအတွက် ခက်ခဲပင်ပန်းစွာလုပ်ကိုင်စားသောက်ရသည် ကို မကြုံဖူးသူတိုင်း ကိုယ်ချင်းစာခံစားတတ်မည်မဟုတ်ပါ။ တစ်နှစ်ပတ်လုံးစိုက်ပျိုးပြီး ထွက်ရှိလာသော ထွက်ကုန်များကို တောင်သူများက အားမခံစျေးကွက်မရှိသည့်အပြင် ပွဲစားကတစ်ဆင့်ရောင်းချရသော ကြောင့် ဗမာစကားပုံအတိုင်း “မိအေးနှစ်ခါနာ” ဆိုသလိုမဖြစ်ရလေအောင် စိုက်ပျိုးတောင်သူများက ဤဘဝအတွင်းမှ ရုန်းထွက်နိုင်မည့် နည်းလမ်းကောင်းများကို တတ်သိနားလည်သူများက စေတနာဖြင့် ပူးပေါင်း လက်တွဲခေါ်ယူစေလိုပြီး ဤစျေးနှုန်းမတည်ငြိမ်မှုနွံမှ စိုက်ပျိုးတောင်သူများလည်း ဆက်လက်မနစ်လိုသော ဆန္ဒအမှန်ဖြင့် အမှန်တရားဖြစ်ပျက်နေမှုကို ဖော်ဆောင်လိုသော ဆန္ဒဖြင့် ရေးသားလိုက်ပါသည်။

နန်းစိန်ကျင်း (အွံအား)

Zawgyi
ေတာင္သူလယ္သမားမ်ား၏ရင္တြင္းျဖစ္

ေတာင္သူလယ္သမားတို႔သည္ လယ္ယာလုပ္ငန္းကလႊဲ၍ဘယ္အလုပ္ကိုမွ်မလုပ္ဘဲ လယ္ယာ လုပ္ငန္းကိုသာ လုပ္ကိုင္လိုၾကသည္။ လယ္ယာလုပ္ငန္းလုပ္ကိုင္ရသည္မွာ သက္သာလားဟု ေမးစရာရိွ သည္။ အမွန္အတိုင္းေျဖရလွ်င္ အလြန္ကိုပင္ပန္းေနသည္။ လူႀကီးတို႔၏စကားအတိုင္းေျပာဆိုရလွ်င္ “ လယ္ဆိုသည့္ အတိုင္း အလုပ္ကလည္ေနသည္။ လည္ေနသည္ဆိုသည္အဓိပၸာယ္ဖြင့္ဆိုခ်က္လည္း သိခ်င္ ေနပါလိမ့္မည္။ လယ္သမားမ်ား လည္ေနရသည့္အေၾကာင္းရင္းကို တင္ျပပါမည္။”
ေတာင္သူလယ္သမားမ်ားသည္ စပါးမစိုက္ခင္ ပထမဦးစြာ ျပင္ဆင္မႈမ်ားျပဳလုပ္ရပါသည္။ အေၾကာင္းမွာ ေႏြ၊ မိုး၊ ေဆာင္း သံုးရာသီလံုး စုထားရသည္။ ကြ်ဲေခ်း၊ ႏြားေခ်းမ်ားကိုစု၍ လွည္းေပၚတင္ၿပီး လယ္ကြက္ထဲကို ထည့္ရသည္။ ဤလုပ္ေဆာင္ခ်က္မ်ားသည္ ေျမၾသဇာခ်သည္ဟုေခၚသည္။ ထိုသို႔ လုပ္ေဆာင္ေနရျခင္းမွာ တစ္ရက္၊ ႏွစ္ရက္ႏွင့္ၿပီးဆံုးသြားေသာ အလုပ္မဟုတ္ဘဲ တစ္လနီးပါး လုပ္ေဆာင္ ေနရေသာ အလုပ္ျဖစ္သည္။ ထိုထက္မကေသးဘဲ လယ္ကြက္ထဲကို ေျမၾသဇာမ်ားခ်သည့္အခါ မနက္ ေစာေစာႏွင့္ ညေနပိုင္းတို႔တြင္ လုပ္ ေဆာင္တတ္ၾကသည္။ ေန႔ခင္းပိုင္းတြင္ လယ္တဲကို ျပဳျပင္တည္ ေဆာက္ေနရသည္။  လယ္တဲတည္ေဆာက္ျပဳ ျပင္ျခင္းသည္ ေသေသခ်ာခ်ာ စနစ္ တက်ျပဳျပင္ျခင္း ျဖစ္သည္။

လယ္တဲတြင္ ႏြားမ်ားတစ္မိုးလံုးေနထိုင္ရန္ျဖစ္သကဲ့သို႔ လူမ်ားလည္း ထိုတဲတြင္ေနထိုင္ၾကရန္ျဖစ္ သည္။ လယ္တဲတြင္ လူမ်ားေနထိုင္ရန္အခန္းပါရိွသည္။ ထို႔ေၾကာင့္ လယ္တဲကိုလယ္သမားမ်ားက အခိုင္ အခန္႔ ေဆာက္လုပ္ထားေလသည္။ လယ္တဲျပင္ၿပီးသည္ႏွင့္ ကြ်ဲ၊ ႏြားမ်ားစားရန္ ေကာက္ရိုးမ်ားကို စနစ္ တက်ျပဳျပင္ရသည္။ အခ်ိဳ႕ေကာက္ရိုးပံုမ်ားကို အမိုးမိုးထားေပးရသည္ျဖစ္ေသာေၾကာင့္ အမုိးကုိ လယ္တဲ မိုးကာႏွင့္ ကိုင္း ရြက္မ်ားျဖင့္မိုးထားရသည္။ ကိုင္းရြက္ကို ဤအတိုင္းထားမိုး၍မရေပ၊ ဓား၊ သံုးစိပ္ ကို အေပၚေအာက္ထားၿပီး ကိုင္းပ်စ္ျပဳလုပ္ရသည္။

လယ္သမားမ်ားသည္ တဲထိုးၿပီးလွ်င္ထြန္တံုးဝင္ရသည္။ ထြန္တံုးကို ျမန္မာျပည္သူအမ်ားစု သိျမင္ ၾကလိမ့္မည္။ ထြန္တံုးသည္ ထည္စာခဲမ်ားကိုခဲြထုတ္ေပးသကဲ့သို႔ အမႈိက္မ်ားကို သယ္ယူသည့္အခါ အေထာက္အကူျဖစ္ေစျခင္းႏွင့္ လယ္ကြက္ေျမမ်က္ႏွာျပင္ကို ညီေအာင္ျပဳလုပ္သည့္အခါ အသံုးျပဳျခင္း ျဖစ္ သည္။ လယ္သမားမ်ားသည္လယ္ေျမသစ္မ်ားေဖာ္ထုတ္သကဲ့သို႔ စိုက္ပ်ိဳးထားသည့္ စပါးခင္းမ်ားကို လည္း ဂရုစိုက္ေနရသည္။ စပါးခင္းမ်ားကို ကဲြ်၊ ႏြားမ်ားလာေရာက္ဖ်က္ဆီးျခင္းမရိွရေလေအာင္ ေစာင့္ၾကည့္ထိန္း ေက်ာင္းေနရေသးသည္။ ေခတ္ကာလႏွင့္အညီ ယခုအခါတြင္ ၿခံစည္းရိုးမ်ားလည္း ကာရံထား ျခင္းမ်ိဳးမရိွဘဲ ရိုးသားေသာ ေက်းရြာေနေတာင္သူမ်ား၏သဘာဝအတိုင္း တံခါးမရိွဓါးမရိွ ဟာလာဟင္းလင္း ရိွသည့္ အတိုင္း က်ဴးေက်ာ္မႈမရိွရေလေအာင္ ထိန္းေက်ာင္းေနရျခင္းျဖစ္သည္။

စပါးရိတ္သိမ္းေနခ်ိန္တြင္ ေျမပဲ၊ ႏွမ္း၊ ပဲအမ်ိဳးႏွင့္ေျပာင္းမ်ားကုိစိုက္ပ်ိဳးႏိုင္ရန္ ထြန္ယက္ၾကရျပန္ သည္။ ထိုနည္းသူပင္ အျခားစိုက္ပ်ိဳးသီးႏွံမ်ားလည္း တစ္ႏွစ္ပတ္လံုး နားခ်ိန္မရိွ လုပ္ကိုင္ေနၾကရသည္။ ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ အမ်ားဆံုးစိုက္ပ်ိဳးေသာ ထုတ္ကုန္တစ္မ်ိဳးျဖစ္သည့္ သနပ္ဖက္ဆိုသည့္ စိုက္ပ်ိဳးမႈတစ္ခုတြင္လည္း ထိုနည္းတူပင္လုပ္ကိုင္ရေၾကာင္းကို အနည္းငယ္ ေရးသားျပပါမည္။ သနပ္ဖက္ ပင္ဆိုရာတြင္ မသိမျမင္ဖူးသူမ်ားအတြက္ လက္နက္ျဖစ္ေသာ ေသနတ္လားဆိုသည့္ ေတြးေတာခ်က္မ်ား လည္းရိွေနသည္ကို စာေရးသူကိုယ္တိုင္ အေမးခံရဖူးပါသည္။ ကိုင္စရာလက္နက္မဟုတ္ဘဲ ဖက္တစ္မ်ိဳး အပင္တစ္မ်ိဳးသာျဖစ္ေၾကာင္း ရွင္းလင္းျပခဲ့ဖူးပါသည္။

သနပ္ဖက္ပင္သည္ ႏွစ္ရည္ပင္ဟုလည္းေခၚဆိုႏိုင္ပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ တစ္ခါစိုက္ပ်ိဳး ထားၿပီးလွ်င္ ႏွစ္ေပါင္းမ်ားစြာ အသက္ေမြးဝမ္းေက်ာင္းျပဳႏိုင္သည္။ ႏွစ္ရွည္ပင္ျဖစ္ေသာ္လည္းက်န္ႏွစ္ရွည္ သီးႏွံပင္မ်ိဳးမဟုတ္ဘဲ တစ္ႏွစ္တစ္ခါရိုးတံျဖတ္ေပးၿပီး ျပန္လည္ရွင္သန္ေစကာ တစ္ႏွစ္တာကာလအတြက္ ျပန္လည္အသံုးျပဳၾကသည္။  တစ္ခ်ိန္တည္းမွာပင္ အပင္မ်ားၾကားရိွ ျမက္ပင္မ်ားႏွင့္ေပါင္းျမက္ေျခာက္မ်ား ကို ရွင္းလင္းေပးရသည္။ ျဖတ္ထားေသာရိုးတံမ်ားကို သနပ္ဖက္စိုက္ေတာင္သူမ်ားက ထမင္းဟင္းခ်က္ ျပဳတ္ရာတြင္ ျပန္လည္အသံုးျပဳၾကသည္။ ထိုသို႔အသံုးျပဳျခင္းအားျဖင့္ သစ္ေတာျပဳန္းတီးမႈကို တစ္ဖက္တစ္ လွမ္းထိန္းသိမ္းရာ ေရာက္ပါသည္။

ထို႔ေနာက္တစ္ဆက္တည္းမွာပင္ တစ္လအတြင္းျဖတ္ထားေသာ အတက္မ်ားျပန္လည္ထြက္ေပၚ ထြက္လာပါသည္။ ထိုအခ်ိန္အတြင္း အပင္အၾကားရိွေျမမ်ားကိုတူးဆြေပးရသည္။ ထြက္လာေသာ အတက္ မ်ားမွ ႀကီးထြားရွင္သန္ႏိုင္ရန္ အတက္အမ်ားအၾကားမွ အေပၚဆံုးတြင္ေပါက္ေသာ အတက္မ်ားကိုသာ ခ်န္ထားခဲ့ၿပီး က်န္အတက္မ်ားကို ရွင္းလင္းဖယ္ရွားပစ္ရသည္။ ထိုအတက္ထြက္ရိွခ်ိန္မွစ၍ (၃)လ ေလာက္ အၾကာထားရိွၿပီး သနပ္ဖက္ေလွာ္ခ်ိန္ေရာက္ရိွလာပါသည္။ သနပ္ဖက္ေလွာ္ႏိုင္ရန္အတြက္ လိုအပ္ေသာ ထင္း၊ သဲေက်ာက္၊ ဒယ္စသည့္တန္ဆာပလာမ်ား ျပင္ဆင္ထားၾကရသည္။

သနပ္ဖက္ေလွာ္ကာလအတြင္း အပင္ေပၚလိုအပ္ေသာ ပိုးသတ္ေဆး၊ အပင္ၾကားအတြင္းရွင္းလင္း ရန္လိုအပ္မႈမ်ားကို တစ္ႏွစ္ပတ္လံုးစဥ္ဆက္မျပတ္ လုပ္ေဆာင္ေပးေနရသည္။ သနပ္ဖက္ေလွာ္ကာလ သည္  (၅) လဝန္းက်င္ခန္႔ျဖစ္သည္။ သနပ္ဖက္ျဖင့္အသက္ေမြးဝမ္းေက်ာင္းျပဳသူမ်ားသည္ လယ္ယာစိုက္ ပ်ိဳးေသာ ေတာင္သူမ်ားနည္းတူ တစ္ႏွစ္ပတ္လံုးလံုးပန္းေနရသည္ကို စိုက္ပ်ိဳးဖူးသူတိုင္း သိရိွႏိုင္သည္ ဆို ေသာ္လည္း စိုက္ပ်ိဳးေတာင္သူမဟုတ္သူ လူတန္းစားမ်ားအတြက္ မခံစားတတ္ပါ။ ေစ်းႏႈန္းအတက္အက် ဒဏ္ကိုလည္း ကုန္ၾကမ္းစိုက္ပ်ိဳးေသာ ေတာင္သူမ်ားသာ ခံစားၾကရၿပီး တစ္ဆင့္ခံပဲြစားမ်ားသည္ ထိုဒဏ္၏ အရာကို ခံစားရမည္မဟုတ္ပါ။

ကၽြႏ္ုပ္တို႔စိုက္ပ်ိဳးေတာင္သူမ်ားအတြက္ ကုန္ေစ်းႏႈန္းတက္ျခင္းသည္ မိမိတို႔၀ယ္ကုန္မ်ားအတြက္ သာတက္ၿပီး စိုက္ပ်ိဳးထုတ္လုပ္ေနေသာ ကုန္ပစၥည္းမ်ားအတြက္ ေစ်းႏႈန္းတက္ျခင္းသည္ မရိွသေလာက္ ရွားပါးေနသည္ကို ႏွစ္စဥ္ႀကံဳေတြ႕ေနရပါသည္။

ထို႔ေၾကာင့္စိုက္ပ်ိဳးေတာင္သူမ်ား ပတ္ခ်ာလုံးပန္းေနၿပီး ေနထြက္မွေနထြက္ တစ္ေန႔ပတ္လံုးရုန္းကန္ လႈပ္ရွားေနရၿပီး ေနပူမေရွာင္ မိုးရြာမမႈဘဲ ၀မ္းစာေရးအတြက္ ခက္ခဲပင္ပန္းစြာလုပ္ကိုင္စားေသာက္ရသည္ ကို မႀကံဳဖူးသူတိုင္း ကိုယ္ခ်င္းစာခံစားတတ္မည္မဟုတ္ပါ။ တစ္ႏွစ္ပတ္လံုးစိုက္ပ်ိဳးၿပီး ထြက္ရိွလာေသာ ထြက္ကုန္မ်ားကို ေတာင္သူမ်ားက အားမခံေစ်းကြက္မရိွသည့္အျပင္ ပဲြစားကတစ္ဆင့္ေရာင္းခ်ရေသာ ေၾကာင့္ ဗမာစကားပံုအတိုင္း “မိေအးႏွစ္ခါနာ” ဆိုသလိုမျဖစ္ရေလေအာင္ စိုက္ပ်ိဳးေတာင္သူမ်ားက ဤဘ၀ အတြင္းမွ ရုန္းထြက္ႏိုင္မည့္ နည္းလမ္းေကာင္းမ်ားကို တတ္သိနားလည္သူမ်ားက ေစတနာျဖင့္ ပူးေပါင္း လက္တဲြေခၚယူေစလိုၿပီး ဤေစ်းႏႈန္းမတည္ၿငိမ္မႈႏံြမွ စိုက္ပ်ိဳးေတာင္သူမ်ားလည္း ဆက္လက္မနစ္လိုေသာ ဆႏၵအမွန္ျဖင့္ အမွန္တရားျဖစ္ပ်က္ေနမႈကို ေဖာ္ေဆာင္လိုေသာ ဆႏၵျဖင့္ ေရးသားလိုက္ပါသည္။


နန္းစိန္က်င္း (အံြအား)

ကျောက်တလုံးကြီးတွင် (ပိုပန္တကုန်းတော်) မဟာဗောဓိစေတီတော်မြတ် အထက်ပစ္စယံဌာပနာတော်သွင်း ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် သံဃာတော် ၅၂၈ပါးတို့အား ဆွမ်းဆန်တော်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်မည်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်


Unicode

အထူးဒေသ(၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် လာမည့် နိုဝင်ဘာလ(၂၀)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပိုပန္တကို ဂုဏ်ပြုသောအားဖြင့် ပိုပန္တကုန်ုးတော်တွင် တည်းထားလျက်ရှိသော မဟာဝံသ ဗုဒ္ဓဂယာ-မဟာဗောဓိစေတီတော်မြတ်ကြီးအား အထက်ပစ္စယံဌာပနာတော်သွင်း ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် သံဃာတော် (၅၂၈)ပါးတို့အား ဆွမ်းဆန်တော်စိမ်း လောင်းလှူပူဇော်ပွဲ အခမ်းအနားကို စည်းကားစွာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ယနေ့ နိုဝင်ဘာလ (၁၈)ရက်၊ မွန်းလွဲ (၁) နာရီအချိန်တွင် မဟာဝံသ ဗုဒ္ဓဂယာ- မဟာဗောဓိ စေတီတော်မြတ်ကြီးအား အထက်ပစ္စယံဌာပနာတော်သွင်း ပူဇော်ရန်အတွက် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီ နေအိမ်မှ (ယာယီ)ကိန်းဝပ်စံပယ်ထားသော ဗုဒ္ဓမြတ်စွာဘုရားစွယ်တော်၊ ဓာတ်တော်များကို ပိုပန္တကုန်းတော်သို့ ပင့်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မဟာဗောဓိစေတီတော်မြတ်အထက်ပစ္စယံဌာပနာတော်သွင်း ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် သံဃာတော် (၅၂၈)ပါးတို့အား ဆွမ်းဆန်တော်စိမ်း လောင်းလှူပူဇော်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ပြည်ထောင်စုဝန်ကြီး (၅) ဦး၊ ဒုဝန်ကြီး (၂) ဦးလည်း လာရောက်ပူဇော်ဖူးမျော်မည် ဖြစ်ကြောင်းသိရသည်။

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဘုရားဒါကာ ဖြားတန်စင်ဖါအောင်ခမ်းထီ၏ ပြောကြားချက်အရ ပအိုဝ်းအမျိုးသားများကို ဦးဆောင်ခဲ့သည့် ပိုလ်;ကျော;ခေါင်;၊ ပိုလ်;ကျော;ဦး၊ ပိုလ်;ကျော;လ၊ ပိုလ်;ပန္တတို့ (၄)ဦးတို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ လားရှိုး၊ ကျူကုတ်၊ နမ့်စန်၊ ကျေးသီး၊ မန်စန်၊ ကျုံလောဝ်၊ မိုင်းကိုင်၊ ကောင်ဖိုးဖြိန်း၊ စင်းသင်း၊ ကောင်မုံး၊ ကောင်နောက်၊ ထီတခု၊ နောင်ဒေ၊ နမ်းဟူ၊ ထီဖူ၊ ရန်ကင်း၊ မျင်မိုရ်;ခမ်း၊ ထီဖူတန်၊ ဟိုပုံး၊ တောင်တီး(ခေါ်) တောင်ကြီးကို ဖြတ်ကျော်လာပြီး တောင်ကြီးမြို့တောင်ပိုင်း ကျေးရွာများကို အသီးသီးဖွဲ့စည်းကာ အခြေချနေထိုင်ခဲ့ကြောင်း သိရသည်။

 ယခုအခါ ထိုခေါင်းဆောင်(၄)ဦးကို ဂုဏ်ပြုသောအားဖြင့် ဖါမွန်းရွာကို တည်ထောင်ခဲ့သူ ပိုလ်;ကျော;ခေါင်းကို ရည်စူး၍ ဖါမွန်းကျေးရွာတွင် “ကျော;ခေါင်”ဘုရားဟု သော်လည်းကောင်း၊  ထီရီးကျေးရွာကို တည်ထောင်ခဲ့သူ ပိုလ်;ကျော;ဦးကို ရည်စူး၍ ထီရီးကျေးရွာ အရှေ့ရှိ စေတီကို “ပိုလ်;ကျော;ဦး”စေတီဟု သော်လည်းကောင်း၊ နောင်ခုဲင်း၊ ဆောင်းဖိုးရွာကို တည်ထောင်ခဲ့သူ ပိုလ်;ကျော်လကို ရည်စူး၍ နောင်ခုဲင်းကျေးရွာ အနောက်ဘက်တွင် “ပိုလ်;ကျော;လ”ဘုရား ဟုသော်လည်ကောင်း၊ ယခုအခါ ကျောက်တလုံးကြီးမြို့၊ ပင်တွန်၊ ထီခေါင်ရွာကို တည်ထောင်ခဲ့သူ ပိုလ်;ပန္တကို ရည်စူး၍ ကျောက်တလုံးကြီးမြို့၊ ကျောက်တလုံးဆည် မြောက်ဘက်တွင် “ပိုလ်;ပန္တ” စေတီဟု သော်လည်းကောင်း စေတီတော်အသီးသီးတည်ထား ဂုဏ်ပြုပေးခဲ့ကြောင်း သိရှိရသည်။

နဂါ့ခွန်

zawgyi
ေက်ာက္တလံုးႀကီးတြင္ (ပိုပႏၱကုန္းေတာ္) မဟာေဗာဓိေစတီေတာ္ျမတ္ အထက္ပစၥယံဌာပနာေတာ္သြင္း ပူေဇာ္ျခင္း၊ ဗုဒၶါဘိေသက ဘုရားအေနကဇာတင္ျခင္းႏွင့္ သံဃာေတာ္ ၅၂၈ပါးတို႔အား ဆြမ္းဆန္ေတာ္စိမ္း ေလာင္းလွဴပူေဇာ္ပြဲ က်င္းပျပဳလုပ္မည္


အထူးေဒသ(၆)၊ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးခရိိုင္၊ ေက်ာက္တလံုးႀကီးၿမိဳ႕တြင္ လာမည့္ ႏိုဝင္ဘာလ(၂၀)ရက္၊ ဗုဒၶဟူးေန႔တြင္ ပိုပႏၱကို ဂုဏ္ျပဳေသာအားျဖင့္ ပိုပႏၱကုန္ုးေတာ္တြင္ တည္းထားလ်က္ ရွိေသာ မဟာဝံသ ဗုဒၶဂယာ-မဟာေဗာဓိေစတီေတာ္ျမတ္ႀကီးအား အထက္ပစၥယံဌာပနာေတာ္သြင္း ပူေဇာ္ျခင္း၊ ဗုဒၶါဘိေသက ဘုရားအေနကဇာတင္ျခင္းႏွင့္ သံဃာေတာ္ ၅၂၈ပါးတို႔အား ဆြမ္းဆန္ေတာ္စိမ္း ေလာင္းလွဴပူ ေဇာ္ပြဲ အခမ္းအနားကို စည္းကားစြာ က်င္းပျပဳလုပ္မည္ ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ယေန႔ ႏိုဝင္ဘာလ (၁၈)ရက္၊ မြန္းလြဲ ၁ နာရီအခ်ိန္တြင္ မဟာဝံသ ဗုဒၶဂယာ- မဟာေဗာဓိ ေစတီေတာ္ျမတ္ႀကီးအား အထက္ပစၥယံဌာပနာေတာ္သြင္း ပူေဇာ္ရန္အတြက္ ပအိုဝ္းအမ်ိဳးသား ေခါင္းေဆာင္ ျဖားတန္စင္ဖါေအာင္ခမ္းထီ ေနအိမ္မွ (ယာယီ)ကိန္းဝပ္စံပယ္ထားေသာ ဗုဒၶျမတ္စြာဘုရား စြယ္ေတာ္၊ ဓာတ္ေတာ္မ်ားကို ပိုပႏၱကုန္းေတာ္သို႔ ပင့္ေဆာင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ မဟာေဗာဓိေစတီေတာ္ျမတ္ အထက္ပစၥယံဌာပနာေတာ္သြင္း ပူေဇာ္ျခင္း၊ ဗုဒၶါဘိေသက ဘုရားအေနကဇာတင္ျခင္းႏွင့္ သံဃာေတာ္ ၅၂၈ပါးတို႔အား ဆြမ္းဆန္ေတာ္စိမ္း ေလာင္းလွဴပူေဇာ္ပြဲကို ႏိုင္ငံ ေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္တကြ ျပည္ေထာင္စုဝန္ႀကီး ၅ ဦး၊ ဒုဝန္ႀကီး ၂ ဦးလည္း လာေရာက္ပူေဇာ္ဖူးေမ်ာ္မည္ ျဖစ္ေၾကာင္း သိရသည္။

ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္ ဘုရားဒါကာ ျဖားတန္စင္ဖါေအာင္ခမ္းထီ၏ ေျပာၾကားခ်က္အရ ပအို၀္းအမ်ိဳးသားမ်ားကို ဦးေဆာင္ခဲ့သည့္ ပိုလ္;ေက်ာ;ေခါင္;၊ ပိုလ္;ေက်ာ;ဦး၊ ပိုလ္;ေက်ာ;လ၊ ပိုလ္;ပႏၱတို႔ (၄)ဦးတို႔သည္ တရုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္မွ လားရႈိး၊ က်ဴကုတ္၊ နမ့္စန္၊ ေက်းသီး၊ မန္စန္၊ က်ံဳေလာ၀္၊ မိုင္းကိုင္၊ ေကာင္ဖိုးၿဖိန္း၊ စင္းသင္း၊ ေကာင္မံုး၊ ေကာင္ေနာက္၊ ထီတခု၊ ေနာင္ေဒ၊ နမ္းဟူ၊ ထီဖူ၊ ရန္ကင္း၊ မ်င္မိုရ္;ခမ္း၊ ထီဖူတန္၊ ဟိုပံုး၊ ေတာင္တီး(ေခၚ) ေတာင္ႀကီးကို ျဖတ္ေက်ာ္လာၿပီး ေတာင္ႀကီးၿမိဳ႕ေတာင္ပိုင္း ေက်းရြာမ်ားကို အသီးသီးဖြဲ႔စည္းကာ အေျခခ်ေနထိုင္ခဲ့ေၾကာင္း သိရသည္။

 ယခုအခါ ထိုေခါင္းေဆာင္(၄)ဦးကို ဂုဏ္ျပဳေသာအားျဖင့္ ဖါမြန္းရြာကို တည္ေထာင္ခဲ့သူ ပိုလ္;ေက်ာ;ေခါင္းကို ရည္စူး၍ ဖါမြန္းေက်းရြာတြင္ “ေက်ာ;ေခါင္”ဘုရားဟု ေသာ္လည္းေကာင္း၊  ထီရီးေက်းရြာ ကို တည္ေထာင္ခဲ့သူ ပိုလ္;ေက်ာ;ဦးကို ရည္စူး၍ ထီရီးေက်းရြာ အေရွ႕ရွိ ေစတီကို “ပိုလ္;ေက်ာ;ဦး”ေစတီ ဟု ေသာ္လည္းေကာင္း၊ ေနာင္ခဲုင္း၊ ေဆာင္းဖိုးရြာကို တည္ေထာင္ခဲ့သူ ပိုလ္;ေက်ာ္လကို ရည္စူး၍ ေနာင္ခဲုင္း ေက်းရြာ အေနာက္ဘက္တြင္ “ပိုလ္;ေက်ာ;လ”ဘုရား ဟုေသာ္လည္ေကာင္း၊ ယခုအခါ ေက်ာက္တလံုးႀကီးၿမိဳ႕၊ ပင္တြန္၊ ထီေခါင္ရြာကို တည္ေထာင္ခဲ့သူ ပိုလ္;ပႏၱကို ရည္စူး၍ ေက်ာက္တလံုးႀကီးၿမိဳ႕၊ ေက်ာက္တလံုးဆည္ ေျမာက္ဘက္တြင္ “ပိုလ္;ပႏၱ” ေစတီဟု ေသာ္လည္းေကာင္း ေစတီေတာ္ အသီးသီးတည္ထား ဂုဏ္ျပဳေပးခဲ့ ေၾကာင္း သိရွိရသည္။


နဂါ့ခြန္

Wednesday, November 13, 2019

လွှတ်တော်ဆီသို့ လေ့လာကြစို့

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်





Unicode

ကျွန်တော်တို့ ပြည်ထောင်သမ္မတစုမြန်မာနိုင်ငံတော်သည် တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၄) ခုအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုနှင့် ဖွဲ့စည်းထားပြီး တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅မျိုးဖြင့် နေထိုင်ကြပါသည်။ မြန်မာနိုင်ငံတွင် လွှတ်တော်နှစ်ရပ်ဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကို ဖွဲ့စည်းထားသည်။ ၎င်းလွှတ်တော်နှစ်ရပ်ကို စုပေါင်းပြီး ပြည်ထောင်စုလွှတ်တော်အဖြစ်ဖွဲ့စည်းထားပါသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်ဟူ၍ ဖွဲ့စည်းထားပါသည်။

လွှတ်တော်သည် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသောကြောင့် လွှတ်တော်နှင့် ပြည်သူများ ရင်းနှီးကျွမ်းဝင်စေရန် လိုအပ်လျက်ရှိသကဲ့သို့ လွှတ်တော်သည် ပြည်သူများကို အထိရောက်ဆုံး ကိုယ်စားပြုနိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်သောကြောင့် လွှတ်တော်၏လုပ်ငန်းစဉ်များကို လူတိုင်းနီးပါး သိရှိနားလည်စေရန် အထူးလိုအပ်လှပါသည်။ လွှတ်တော်သည် မိမိတို့ နိုင်ငံသူ/ သားများမှ ရွေးကောက်တင်မြှောက်ထားသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေပြုသည့်နေရာဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများကို ကိုယ်စားပြုခြင်းများ၊ ဥပဒေပြုခြင်းများကို ပြုလုပ်ရသည့်အပြင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို အပြန်အလှန်ထိန်းညှိခြင်းနှင့် လွှတ်တော်အစည်းအဝေးများ ကျင်းပခြင်းကိုလည်း ပြုလုပ်ရပါသည်။ ထို့ကြောင့် မိဘပြည်သူများ၊ ကျောင်းသား/သူများသည် ပြည်ထောင်စုလွှတ်တော် ဖြစ်သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လွှတ်တော်အစည်းအဝေးများ၊ လုပ်ငန်းဆောင်တာများကို သိရှိနိုင်ရန် လေ့လာသင့်ပါသည်။

လွှတ်တော်ကို လေ့လာခြင်းအားဖြင့် လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူ့အသံ- လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ- လွှတ်တော်ဆန္ဒ ပြည်သူတို့၏ မျှော်လင့်ချက် လွှတ်တော်ဖော်ဆောင်ရွက်” ဆိုသည့်အတိုင်း မိမိတို့ မိဘပြည်သူများ ရွေးကောက်တင်မြောက်ထားသည့် ကိုယ်စားလှယ်များ၏ လွှတ်တော်အတွင်း မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ အဆိုကိုဆွေးနွေးခြင်း၊ ကော်မတီတာဝန်များ ထမ်းဆောင်ခြင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာဥပဒေကြမ်း၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်း၊ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း တင်သွင်းခြင်း၊ ဆွေးနွေးခြင်း စသည့်လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိနိုင်မည့်အပြင် လွှတ်တော်သို့ လာရောက်မလေ့လာနိုင်သေးသော မိဘပြည်သူများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ကျောင်းသား/သူများကိုလည်း လက်ဆင့်ကမ်း အသိပညာပေးနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော်၊ အမျိုးသာလွှတ်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်တွင်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့ မဲဆန္ဒရှင်မိဘပြည်သူများ ရွေးကောက်တင်မြောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည့်အတွက် လွှတ်တော်တွင် မိမိတို့ဒေသအတွက်သော်လည်းကောင်း၊ နိုင်ငံတော်အတွက်သော်လည်းကောင်း အမှန်တကယ်ကိုယ်စားပြုမှု ရှိ/မရှိကို သိရှိနိုင်ပြီး မိမိတို့ကိုယ်စားလှယ်များ လွှတ်တော်တွင် မည်သည့်ကိစ္စရပ်များကို မည်သို့ ဆောင်ရွက်ဆွေးနွေးနေသည်ကို မျက်မြင်ကိုယ်တွေ့သိရှိနိုင်စေရန် လွှတ်တော်သို့ လာရောက်လေ့လာသင့်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။


ခွန်တလျူး
ခမ်းလွယ်လုံ/ပင်လောင်း

Zawgyi
လႊတ္ေတာ္ဆီသို႔ ေလ့လာၾကစို႔
ကၽြန္ေတာ္တို႔ ျပည္ေထာင္သမၼတစုျမန္မာနိုင္ငံေတာ္သည္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ (၁၄) ခုအျပင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ(၆)ခုႏွင့္ ဖြဲ႕စည္းထားၿပီး တိုင္း ရင္းသားလူမ်ိဳးေပါင္း ၁၃၅မ်ိဳးျဖင့္ ေနထိုင္ၾကပါသည္။ ျမန္မာနိုင္ငံတြင္ လႊတ္ေတာ္ႏွစ္ရပ္ျဖင့္ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကို ဖြဲ႕စည္းထားသည္။ ၎လႊတ္ေတာ္ႏွစ္ရပ္ကို စုေပါင္းၿပီး ျပည္ေထာင္စုလႊတ္ေတာ္အျဖစ္ ဖြဲ႕စည္းထားပါသည္။ ထို႔အျပင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီး တြင္လည္း တိုင္းေဒသႀကီးလႊတ္ေတာ္၊ ျပည္နယ္လႊတ္ေတာ္ဟူ၍ ဖြဲ႕စည္းထားပါသည္။

လႊတ္ေတာ္သည္ ျပည္သူ႔ကိုယ္စားလွယ္မ်ားျဖင့္ ဖြဲ႕စည္းထားေသာေၾကာင့္ လႊတ္ေတာ္ႏွင့္ ျပည္သူမ်ား ရင္းႏွီးကၽြမ္းဝင္ေစရန္ လိုအပ္လ်က္ရွိသကဲ့သို႔ လႊတ္ေတာ္သည္ ျပည္သူမ်ားကို အထိ ေရာက္ဆုံး ကိုယ္စားျပဳနိုင္ေသာ အဖြဲ႕အစည္းတစ္ခုျဖစ္ေသာေၾကာင့္ လႊတ္ေတာ္၏လုပ္ငန္းစဥ္မ်ား ကို လူတိုင္းနီးပါး သိရွိနားလည္ေစရန္ အထူးလိုအပ္လွပါသည္။ လႊတ္ေတာ္သည္ မိမိတို႔ နိုင္ငံသူ/ သားမ်ားမွ ေရြးေကာက္တင္ေျမႇာက္ထားသည့္ ေရြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ တပ္ မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ အမည္စာရင္းတင္သြင္းသည့္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စား လွယ္မ်ား၏  ဥပေဒျပဳသည့္ေနရာျဖစ္သည္။

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ျပည္သူမ်ားကို ကိုယ္စားျပဳျခင္းမ်ား၊ ဥပေဒျပဳျခင္း မ်ားကို ျပဳလုပ္ရသည့္အျပင္ အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရးဆိုင္ရာ အဖြဲ႕အစည္းမ်ား၏ ေဆာင္ရြက္ ခ်က္မ်ားကို အျပန္အလွန္ထိန္းညႇိျခင္းႏွင့္ လႊတ္ေတာ္အစည္းအေဝးမ်ား က်င္းပျခင္းကိုလည္း ျပဳလုပ္ရပါသည္။ ထို႔ေၾကာင့္ မိဘျပည္သူမ်ား၊ ေက်ာင္းသား/သူမ်ားသည္ ျပည္ေထာင္စုလႊတ္ေတာ္ ျဖစ္သည့္ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္ မ်ား၏ လႊတ္ေတာ္အစည္းအေဝးမ်ား၊ လုပ္ငန္းေဆာင္တာမ်ားကို သိရွိနိုင္ရန္ ေလ့လာသင့္ပါသည္။

လႊတ္ေတာ္ကို ေလ့လာျခင္းအားျဖင့္ လႊတ္ေတာ္၏ ေဆာင္ပုဒ္ျဖစ္သည့္ “ျပည္သူ႔အသံ- လႊတ္ေတာ္အသံ၊ ျပည္သူ႔ဆႏၵ- လႊတ္ေတာ္ဆႏၵ ျပည္သူတို႔၏ ေမၽွာ္လင့္ခ်က္ လႊတ္ေတာ္ေဖာ္ေဆာင္ ရြက္” ဆိုသည့္အတိုင္း မိမိတို႔ မိဘျပည္သူမ်ား ေရြးေကာက္တင္ေျမာက္ထားသည့္ ကိုယ္စားလွယ္ မ်ား၏ လႊတ္ေတာ္အတြင္း ေမးခြန္းေမးျမန္းျခင္း၊ အဆိုတင္သြင္းျခင္း၊ အဆိုကိုေဆြးေႏြးျခင္း၊ ေကာ္မတီတာဝန္မ်ား ထမ္းေဆာင္ျခင္း၊ နိုင္ငံေတာ္၏ ဘ႑ာေငြအရသုံးဆိုင္ရာဥပေဒၾကမ္း၊ အမ်ိဳး သားစီမံကိန္း ဥပေဒၾကမ္း၊ အခြန္အေကာက္ဆိုင္ရာ ဥပေဒၾကမ္း တင္သြင္းျခင္း၊ ေဆြးေႏြးျခင္း စသည့္လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားကို သိရွိနိုင္မည့္အျပင္ လႊတ္ေတာ္သို႔ လာေရာက္မေလ့လာနိုင္ ေသးေသာ မိဘျပည္သူမ်ား၊ မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္ ေက်ာင္းသား/သူမ်ားကိုလည္း လက္ဆင့္ ကမ္း အသိပညာေပးနိုင္မည္ျဖစ္သည္။

ထို႔ေၾကာင့္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသာလႊတ္ေတာ္၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္လႊတ္ ေတာ္တြင္ရွိသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ မိမိတို႔ မဲဆႏၵရွင္မိဘျပည္သူမ်ား  ေရြးေကာက္ တင္ေျမာက္လိုက္ေသာ ျပည္သူ႔ကိုယ္စားလွယ္မ်ားျဖစ္သည့္အတြက္ လႊတ္ေတာ္တြင္ မိမိတို႔ေဒသ အတြက္ေသာ္လည္းေကာင္း၊ နိုင္ငံေတာ္အတြက္ေသာ္လည္းေကာင္း အမွန္တကယ္ကိုယ္စားျပဳမႈ ရွိ/မရွိကို သိရွိနိုင္ၿပီး မိမိတို႔ကိုယ္စားလွယ္မ်ား လႊတ္ေတာ္တြင္ မည္သည့္ကိစၥရပ္မ်ားကို မည္သို႔ ေဆာင္ရြက္ေဆြးေႏြးေနသည္ကို မ်က္ျမင္ကိုယ္ေတြ႕သိရွိနိုင္ေစရန္ လႊတ္ေတာ္သို႔ လာေရာက္ေလ့ လာသင့္ပါေၾကာင္း အႀကံျပဳတိုက္တြန္းလိုက္ရပါသည္။

ခြန္တလ်ဴး

ခမ္းလြယ္လုံ/ပင္ေလာင္း

Wednesday, November 6, 2019

" ဒဿနဒွေါင်ႏ "

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်



ခွန်ချွန်း၊ မုဲင်းကောင်

Powered by Blogger.