Tuesday, October 6, 2020

(၄၅)ကြိမ်မြောက် ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အခမ်းအနားပြုလုပ်

တောင်ကြီး၊ အောက်တိုဘာလ (၆) ရက်


























၂၀၂၀ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့ ၁၃၈၂-ခုနှစ်၊ တော်တလင်းလပြည့်ကျော် (၅)ရက်နေ့တွင် ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ပင်တွန်းကျေးရွာအနီးရှိ ပအိုဝ်းအမျိုးသား အာဇာနည်ကုန်း၌ ပအိုဝ်းအမျိုးသား အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ကုသိုလ်များပြုလုပ်ခြင်းနှင့် မျိုးဆက်သစ်များအနေဖြင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ပြီး ပအိုဝ်းအမျိုးသား အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးများကို အစဥ်အမြဲ အောက်မေ့သတိရစေဖို့အတွက် (၄၅)ကြိမ်မြောက် ပအိုဝ်းအမျိုးသား အာဇာနည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအလံတင်ခြင်းနှင့် အလေးပြုခြင်း၊ ပအိုဝ်းအမျိုးသားအာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် ပအိုဝ်းအမျိုးသားအလံတော်အား အလံတိုင်တဝက်ချလွင့်ထူကာ အောက်မေ့သတိရ ဝမ်းနည်းခြင်းအနေဖြင့် တစ်မိနစ်ခန့် ငြိမ်သက်စွာနေခြင်း၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး နှင့် ပအိုဝ်းအမျိုးသားအာဇာနည် မိသားစုဝင်များမှ အသီးသီး လွမ်းသူပန်းခွေများ ချခဲ့ကြကြောင်း သိရသည်။

 နံနက်(၉:၃၀)အချိန်တွင် ပင်တွန်းဘုန်းတော်ကြီးကျောင်း၌ ပင့်ဖိတ်ထားသည့် သံဃာတော်များထံမှ တရားတော်နာရေစက်ချ အမျှဝေခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီဥက္ကဌ ဖြားခွန်စံလွင်၊ အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ၊(PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ဖြားပီတာထွန်းနိုင်၊ ကွပ်ကဲရေးမှူး ဖြားခွန်မြင့်အောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အခြားသောလူမှုရေး အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ခွန်ယံသေ


Powered by Blogger.