တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇန်န၀ါရီလ (၂) ရက်
၂၀၁၄-ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်တွင် ပိဋိကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ (၆)လပတ် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြို့ဦးကျောင်းဆရာတော်(သဘာပတိ) ၊ ဘဒ္ဒန္တကောဝိဒါဘိဝံသ(ဥက္ကဌ) ၊ ဆရာတော်ဘဒ္ဒန္တလက္ခဏသာမိဘိဝံသ(ဒုဥက္ကဌ) နှင့် ရန်ကုန်၊ မန္တလေး၊ ပင်လောင်း၊ နောင်တရား၊ ညောင်ရွှေ၊ ကလော၊ ဆီဆိုင်၊ တောင်ကြီး၊ ကျောက်တလုံး၊ ဟိုပုံး၊ လွယ်လဲမ်ခရိုင်၊ လွိုင်ကော်၊ ဖယ်ခုံ မြို့နယ်အသီးသီးမှ ဖိတ်ကြားထားသော ပိဋကတ်ပအိုဝ်းဘာသာပြန်ဆရာတော်များ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် နမောတဿ(၃)ကြိမ် ရွတ်ဆိုခြင်းဖြင့် အခမ်းအနားစတင်ပြီးနောက် သဘာပတိဆရာတော် ၊ ဥက္ကဌဆရာတော်၊ ဒုဥက္ကဌဆရာတော်တို့မှ သြ၀ါဒစကားမြွှက်ကြားခဲ့ပါသည်။ ပိဋိကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ အတွင်းရေးမှူး(၁) အရှင်စန္ဒာဝရမှ ပိဋိကတ်ပအိုဝ်းဘာသာပြန် လုပ်ဆောင်နေသည့်ကိစ္စအခြေနေ အရပ်ရပ်ကို လျှောက်တင်ဆွေးနွေးပြီး လက်ထောက်အယ်ဒီတာအဖွဲ့ဝင်များအတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများကိုလည်း တာဝန်ပေးအပ်ခဲ့ပါသည်။
ပိဋိကတ်ပအိုဝ်းဘာသာပြန်ဆိုရာတွင် လိုအပ်သည့်အချက်အလက်များကို အပြန်အလှန် ဆွေးနွေးကြပြီးနောက် ဆုံးဖြတ်ချက်နှစ်ရပ်ကို အတည်ပြုကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
ခွန်အောင်မျိုးဦး
Like On Facebook
Follow On Twitter
Subscribe On RSS