Thursday, October 31, 2019

ပအိုဝ်းအမျိုးသားတော်လှန်ရေး၏ ရည်မှန်းချက်များ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်


unicode
ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံအတွင်း ရှေးပဝေသဏီကတည်းကပင် ပြည်နယ်နှင့်တိုင်း ဒေသအနှံ့အပြားတွင် အခြားတိုင်းရင်းသားများနှင့်နည်းတူအေးချမ်းစွာ အတူတကွ လက်တွဲနေထိုင်ပြီး ငြိမ်းချမ်းရေးကို လိုလားတောင်းတသော လူမျိုးတစ်မျိုးဖြစ်သည့်အလျှောက် အချင်းချင်းဖေးမ ကူညီတတ်ခြင်း၊ သူတစ်ပါးတို့ကို ညှင်းပန်းနှိပ်စက် အနိုင်ယူလိုမှုမရှိခြင်း၊ ရောက်ရာအရပ်ဒေသတွင် အေးချမ်းစွာနေထိုင်လိုခြင်းစသည့် ၎င်းတို့၏ပကတိ စိတ်ထားသည်လည်း လွန်စွာမှရိုးသားသော လူမျိုးတစ်မျိုးဖြစ်ပါသည်။

ပအိုဝ်းလူမျိုးတိုင်းသည် ၎င်းတို့နေထိုင်ရာဒေသကို သာယာဝပြောစေလိုပြီး ဘေးကင်းရန်ကွာ အေးချမ်းစွာဖြင့် နေထိုင်လိုကြသည်။ အိမ်မှုကိစ္စ၊ ရပ်တွင်း ရွာတွင်းကိစ္စစသည့် အမှုကိစ္စ ကြီးငယ်အသွယ်သွယ်ကို ကိုယ့်နည်းကိုယ်ဟန်ဖြင့် တာဝန်ယူဖြေရှင်းပေးမည့် ခေါင်းဆောင်ကောင်းများကိုလည်း လိုလားတောင့်တတတ်ကြသည်။ ခေါင်းဆောင်ကြီးများက ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့် လမ်းညွှန်မှုများကို လေးစားလိုက်နာတတ်သော ကိုယ်ပိုင်ယဉ်ကျေးမှုများလည်းရှိကြသည်။

ခေါင်းဆောင်အရည်အချင်းနှင့် ပြည်စုံသောမည်သူကိုမဆို ခေါင်းဆောင်မှုပြုပါက နောက်လိုက်ဖို့ ဝန်မလေးသော ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် ကိုယ်ပိုင်အမျိုးသားဟန်ကို ကျော်လွန်ပြီး အုပ်ချုပ်သူလူတန်းစားများသည် ၁၉၂၉-ခုနှစ်တွင် အကောက်အခွန်ကို မတရားကောက်ယူမှုကစ၍ အခြားတိုင်းရင်းသားများအပါအဝင် ပအိုဝ်းတိုင်းရင်းသားတို့သည် ဖြားတန်ကောင်ခယ်ဦးဆောင်ပြီး ပထမတော်လှန်ရေးကို စတင်ပြုလုပ်လာခဲ့ကြသည်။ ၎င်းတော်လှန်ရေးကို အခွန်အခတော်လှန်ရေးဟုလည်းခေါ်ဆိုနိုင်သည်။ ပထမတော်လှန်ရေးကို စော်ဘွားလှည်းဘီးတပ်များက ခုခံချေမှုန်းတိုက်ခိုက်မှုကြောင့် အချိန်တိုအတွင်း ပြန်လည်ချုပ်ငြိမ်းခဲ့ရသည်။

ပထမတော်လှန်ရေး၏ အငွေ့အသက်ကြောင့် အုပ်ချုပ်သူလူတန်းစားများက အခဲမကြေပဲ တော်လှန်ရေးသမားများတည်ရှိရာ နေရာဒေသများကို လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကအစ မျက်စိမှိတ် နားပိတ်သည်အထိ အရေးယူမှုများကို ပြုလုပ်ကျင့်သုံးလာရုံမက သူတစ်မင်း ကိုယ်တစ်ဗိုလ် အုပ်ချုပ်လာကြပြီး ဘိန်းစိုက်ပျိုးစေခြင်း၊ ဘိန်းရှုစခန်းများဖွင့်လှစ်ပေးခြင်း၊ လောင်းကစားဝိုင်းများကို တည်ထောင်ပေးခြင်းစသည့် နိုင်ငံတော်ဂုဏ်သိက္ခာ ညိုးနွမ်းစေမည့် ပဒေသရာဇ်စနစ်ဆိုးများပါ ကျင့်သုံးလာရာ ၁၉၄၉-ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် ပအိုဝ်းအမျိုးသားများ ဦးဆောင်ပြီး အခြား ညီနောင်တိုင်းရင်းသားများ အပါအဝင် ဒုတိယအကြိမ် ပဒေသရာဇ်စနစ်တော်လှန်ရေးကို ပြန်လည်စတင် ခဲ့ကြသည်။

ပအိုဝ်းအမျိုးသားများ၏ ဒုတိယတော်လှန်ရေးကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (ပအလဖ) အမည်ဖြင့် ၁၉၅၀-ခုနှစ်တွင် ဗိုလ်ချုပ်ချန်ဇုံနှင့် ဗိုလ်ဟိန်မောင်တို့ဦးဆောင်ပြီး ပြည်နယ်အစိုးရနှင့် ပထမအကြိမ် ငြိမ်းချမ်းရေးကို ရယူခဲ့ပါသည်။

အကြောင်းအမျိုးမျိုးကြောင့် ဗိုလ်ချုပ်ချန်ဇုံ ဦးဆောင်သော ပအိုဝ်းတော်လှန်ရေးအဖွဲ့သည် ၁၉၅၈-ခုနှစ်၊ မေလ(၅)ရက်နေ့တွင် နိုင်ငံတော်အစိုးရနှင့် ဒုတိယအကြိမ် အလင်းဝင်ရောက်ပြီး ငြိမ်းချမ်းရေးရယူခဲ့ပါသည်။ ၁၉၅၉-ခုနှစ်တွင် ပဒေသရာဇ်စနစ်ဆိုးများ အပြီးအပိုင်ချုပ်ငြိမ်းပြီးနောက် ၁၉၆၆-ခုနှစ်တွင် ပအိုဝ်းအမျိုးသားတော်လှန်ရေးအဖွဲ့သည် ပအိုဝ်းဒေသလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မသမာသူလူတစ်စု၏ ဝင်ရောက်စွတ်ဖက် နှောက်ယှက်မှုကြောင့် ထိုဘေးရန်ကို ပြန်လည်တွန်းလှန် ခုခံတိုက်ခိုက်နိုင်ရန်အတွက် လက်နက်ကိုင်စွဲပြီး အကြမ်းဖက်သမားများ ပပျောက်ရေး တော်လှန်ရေးကို ပြန်လည်စတင်ခဲ့ကြပါသည်။

ပအိုဝ်းအမျိုးသားများ ဦးဆောင်သော ငြိမ်းချမ်းရေးအဖွဲ့သည် ၁၉၆၇-ခုနှစ်တွင် နိုင်ငံရေး အပြောင်းအလဲကြောင့် ခေါင်းဆောင်အချို့ အဖမ်းခံခဲ့ရပြီး တောတွင်းကျန်ရှိနေသော ဗိုလ်ချုပ်စံသိန်း ဦးဆောင်သော ပအိုဝ်းခေါင်းဆောင်အချို့နှင့် ရှမ်းပြည်တော်လှန်ရေး တပ်မတော်တို့ပူပေါင်းပြီး ဗကပတပ်များကို တိုက်ထုတ်ခဲ့ပါသည်။

အထက်ပါ ပအိုဝ်းအမျိုးသားများ၏ တော်လှန်ရေးအကြောင်းကို ပြန်လည်စိစစ်ရာတွင် အမျိုးသားနိုင်ငံရေး အတွက်သာဖြစ်ပြီး သူတစ်ပါးတို့အား ရန်လိုခြင်း၊ နိုင်ထက်စီးနင်းလိုခြင်းမပါပဲ ထာဝရငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထားပြီး တော်လှန်ရေးလုပ်ခဲ့သည်ကို စာဖတ်သူ တိုင်း ဝေဖန်သုံးသပ်နိုင်မည်ဖြစ်သည်။

နိုင်ငံရေး၏မျှော်မှန်းချက်ဖြစ်သည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေးကိုရှေးရှုသော ပအိုဝ်းတော်လှန်ရေးသည် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီ ခေါင်းဆောင်ပြီး နိုင်ငံရေး၊ စစ်ရေးအမျှော်အမြင်ရှိသော ခေါင်းဆောင်ကြီးငယ်များက ၁၉၉၁-ခုနှစ်တွင် နိုင်ငံတော်နှင့်အပြီးအပိုင် ငြိမ်းချမ်းရေး ရယူကာ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် တိုင်းရင်းသားဒေသများ ငြိမ်းချမ်းရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်လုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွန်မှု၊ ပံ့ပိုးကူညီမှုဖြင့် ယနေ့ထိတိုင် ဒေသခံမိဘပြည်သူများနှင့် လက်တွဲကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။

“တော်လှန်ရေးမှသည်ဖွံ့ဖြိုးရေးဆီသို့” ဆိုသည့်အတိုင်း မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ကြသည့် ခေါင်းဆောင်ကြီများနှင့် ရဲဘော်ရဲဘက်များ၏ တိကျသောလမ်းညွန်မှု၊ မှန်ကန်သောဆုံးဖြတ်ချက်ကြောင့် ပအိုဝ်းတိုင်းရင်းသား လူမျိုးများ၏ နေထိုင်ရာအရပ်ဒေသများသည် ပြီးပြည့်စုံမှု မဟုတ်သော်ငြားလည်း ယခင်ကာလများထက် ဖွံ့ဖြိုးတိုးတက်ကာ အေးချမ်းစွာသွားလာ နေထိုင်နိုင်ပြီဖြစ်သည်။ “လူ့အကြိုက် နတ်မလိုက်နိုင်” ဟူသောစကားပုံအတိုင်း လူသားတို့ စိတ်ဆန္ဒအလိုလောဘသည် ကုန်ဆုံးနိုင်မည်မဟုတ်ပေ မိမိတို့လူ့ဘဝ ရတုံးရခိုက်အချိန်ကာလတစ်ခုတွင် ကိုယ်တိုင်ထမ်းဆောင်ရမည့် အမျိုးသားရေး၊ နိုင်ငံရေး၊ လူမှုရေးများစွာရှိနေပါသည်။ ခေါင်းဆောင်အဆက်ဆက်များကိုသာ အပြစ်တင်ဝေဖန်ပြီး ကိုယ်ပိုင်ရည်မှန်းချက်ပျောက်နေသူများ တိုးပွားလာပါက အမျိုးသားပန်းတိုင်ကို ရောက်ရှိဖို့ မဆိုထားဘိ ရရှိနင်းနေပြီးသော အခွင့်အရေးများကိုပင် ပြန်လည်လက်လွှတ်ဆုံးရှုံးရတတ်ကြောင်းကို သတိကြီးစွာထားကာ အမြဲတမ်းတွေးတော ဆင်ခြင်ရမည်ဖြစ်ပါသည်။

အရွယ်ရောက်သူတိုင်းသည် အားလုံးခေါင်းဆောင်ပင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ နေထိုင်ရာဒေသအလျှောက် အိမ်ထောင်ရေး၊ စီးပွားရေး၊ ရပ်ရေးရွာရေးများသည် တော်လှန်ရေးဟုဆိုနိုင်ပါသည်။ မိမိတို့ကျရာ အခန်းကဏ္ဍများမှာ မျိုးချစ်စိတ်ရှိသူတိုင်း ပိုင်ပိုင်နိုင်နိုင် ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း အဆုံးသတ်လိုက်ရပါသည်။

ခွန်ကောင်တန်

zawgyi
ပအိုဝ္းအမ်ိဳးသားေတာ္လွန္ေရး၏ ရည္မွန္းခ်က္မ်ား

ပအိုဝ္းတိုင္းရင္းသားလူမ်ိဳးမ်ားသည္ ျမန္မာနိုင္ငံအတြင္း ေရွးပေဝသဏီကတည္းကပင္  ျပည္နယ္ႏွင့္တိုင္း ေဒသအႏွံ့အျပားတြင္ အျခားတိုင္းရင္းသားမ်ားႏွင့္နည္းတူေအးခ်မ္းစြာ အတူတကြ လက္တြဲေနထိုင္ၿပီး ၿငိမ္းခ်မ္းေရးကို လိုလားေတာင္းတေသာ လူမ်ိဳးတစ္မ်ိဳးျဖစ္သည့္အေလၽွာက္ အခ်င္းခ်င္းေဖးမ ကူညီတတ္ျခင္း၊ သူတစ္ပါးတို႔ကို ညႇင္းပန္းႏွိပ္စက္ အနိုင္ယူလိုမႈမရွိျခင္း၊ ေရာက္ရာအရပ္ေဒသတြင္ ေအးခ်မ္းစြာေနထိုင္လိုျခင္းစသည့္ ၎တို႔၏ပကတိ စိတ္ထားသည္လည္း လြန္စြာမွရိုးသားေသာ လူမ်ိဳး တစ္မ်ိဳးျဖစ္ပါသည္။

ပအိုဝ္းလူမ်ိဳးတိုင္းသည္ ၎တို႔ေနထိုင္ရာေဒသကို သာယာဝေျပာ ေစလိုၿပီး ေဘးကင္းရန္ကြာ ေအးခ်မ္းစြာျဖင့္ ေနထိုင္လိုၾကသည္။ အိမ္မႈကိစၥ၊ ရပ္တြင္း ရြာတြင္းကိစၥစသည့္  အမႈကိစၥ ႀကီးငယ္အသြယ္သြယ္ကို ကိုယ့္နည္းကိုယ္ဟန္ျဖင့္ တာဝန္ယူေျဖရွင္းေပးမည့္ ေခါင္းေဆာင္ေကာင္းမ်ားကိုလည္း လိုလားေတာင့္တတတ္ၾကသည္။ ေခါင္းေဆာင္ႀကီးမ်ားက ခ်မွတ္ထားသည့္ စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္ လမ္းညႊန္မႈမ်ားကို ေလးစားလိုက္နာတတ္ေသာ ကိုယ္ပိုင္ယဥ္ေက်းမႈမ်ားလည္းရွိၾကသည္။

ေခါင္းေဆာင္အရည္အခ်င္းႏွင့္ ျပည္စုံေသာမည္သူကိုမဆို ေခါင္းေဆာင္မႈျပဳပါက ေနာက္လိုက္ဖို႔ ဝန္မေလးေသာ ပအိုဝ္းတိုင္းရင္းသား လူမ်ိဳးမ်ားသည္ ကိုယ္ပိုင္အမ်ိဳးသားဟန္ကို ေက်ာ္လြန္ၿပီး အုပ္ခ်ဳပ္သူ လူတန္းစားမ်ားသည္ ၁၉၂၉-ခုႏွစ္တြင္ အေကာက္အခြန္ကို မတရားေကာက္ယူမႈကစ၍ အျခားတိုင္းရင္း သားမ်ားအပါအဝင္ ပအိုဝ္းတိုင္းရင္းသားတို႔သည္ ျဖားတန္ေကာင္ခယ္ဦးေဆာင္ၿပီး ပထမေတာ္လွန္ေရးကို စတင္ျပဳလုပ္လာခဲ့ၾကသည္။ ၎ေတာ္လွန္ေရးကို အခြန္အခေတာ္လွန္ေရးဟုလည္းေခၚဆိုနိုင္သည္။ ပထမ ေတာ္လွန္ေရးကို ေစာ္ဘြား လွည္းဘီးတပ္မ်ားက ခုခံေခ်မႈန္းတိုက္ခိုက္မႈေၾကာင့္ အခ်ိန္တိုအတြင္း ျပန္လည္ခ်ဳပ္ၿငိမ္းခဲ့ရသည္။

ပထမေတာ္လွန္ေရး၏ အေငြ႕အသက္ေၾကာင့္ အုပ္ခ်ဳပ္သူလူတန္းစားမ်ားက အခဲမေၾကပဲ ေတာ္လွန္ေရး သမားမ်ားတည္ရွိရာ ေနရာေဒသမ်ားကို လူမႈေရး၊ နိုင္ငံေရး၊ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရးကအစ မ်က္စိမွိတ္ နားပိတ္သည္အထိ အေရးယူမႈမ်ားကို ျပဳလုပ္က်င့္သုံးလာ႐ုံမက သူတစ္မင္း ကိုယ္တစ္ဗိုလ္ အုပ္ခ်ဳပ္လာၾကၿပီး ဘိန္းစိုက္ပ်ိဳးေစျခင္း၊ ဘိန္းရႈစခန္းမ်ားဖြင့္လွစ္ေပးျခင္း၊ ေလာင္းကစားဝိုင္းမ်ားကို တည္ေထာင္ေပးျခင္းစသည့္ နိုင္ငံေတာ္ဂုဏ္သိကၡာ ညိဳးႏြမ္းေစမည့္ ပေဒသရာဇ္စနစ္ဆိုးမ်ားပါ က်င့္သုံးလာရာ ၁၉၄၉-ခုႏွစ္၊ ဒီဇင္ဘာလ(၁၁)ရက္ေန႔တြင္ ပအိုဝ္းအမ်ိဳးသားမ်ား ဦးေဆာင္ၿပီး အျခား ညီေနာင္တိုင္းရင္းသားမ်ား အပါအဝင္ ဒုတိယအႀကိမ္ ပေဒသရာဇ္စနစ္ေတာ္လွန္ေရးကို ျပန္လည္စတင္ ခဲ့ၾကသည္။

ပအိုဝ္းအမ်ိဳးသားမ်ား၏ ဒုတိယေတာ္လွန္ေရးကို ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရး အဖြဲ႕ခ်ဳပ္ (ပအလဖ) အမည္ျဖင့္ ၁၉၅၀-ခုႏွစ္တြင္ ဗိုလ္ခ်ဳပ္ခ်န္ဇုံႏွင့္ ဗိုလ္ဟိန္ေမာင္တို႔ဦးေဆာင္ၿပီး ျပည္နယ္အစိုးရႏွင့္ ပထမအႀကိမ္ ၿငိမ္းခ်မ္းေရးကို ရယူခဲ့ပါသည္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဗိုလ္ခ်ဳပ္ခ်န္ဇုံ ဦးေဆာင္ေသာ ပအိုဝ္းေတာ္လွန္ေရးအဖြဲ႕သည္ ၁၉၅၈-ခုႏွစ္၊ ေမလ(၅)ရက္ေန႔တြင္ နိုင္ငံေတာ္အစိုးရႏွင့္ ဒုတိယအႀကိမ္ အလင္းဝင္ေရာက္ၿပီး ၿငိမ္းခ်မ္းေရး ရယူခဲ့ပါသည္။ ၁၉၅၉-ခုႏွစ္တြင္ ပေဒသရာဇ္စနစ္ဆိုးမ်ား အၿပီးအပိုင္ခ်ဳပ္ၿငိမ္းၿပီး ေနာက္ ၁၉၆၆-ခုႏွစ္တြင္ ပအိုဝ္းအမ်ိဳးသားေတာ္လွန္ေရးအဖြဲ႕သည္ ပအိုဝ္းေဒသလုံျခဳံေရးႏွင့္ ရပ္ရြာေအးခ်မ္းသာယာေရး၊ ေဒသဖြံ့ၿဖိဳး တိုးတက္ေရးအတြက္ မသမာသူလူတစ္စု၏ ဝင္ေရာက္စြတ္ဖက္ ေႏွာက္ယွက္မႈေၾကာင့္  ထိုေဘးရန္ကို ျပန္လည္တြန္းလွန္ ခုခံတိုက္ခိုက္နိုင္ရန္အတြက္ လက္နက္ကိုင္စြဲၿပီး အၾကမ္းဖက္သမားမ်ား ပေပ်ာက္ေရး ေတာ္လွန္ေရးကို ျပန္လည္စတင္ခဲ့ၾကပါသည္။

ပအိုဝ္းအမ်ိဳးသားမ်ား ဦးေဆာင္ေသာ ၿငိမ္းခ်မ္းေရးအဖြဲ႕သည္ ၁၉၆၇-ခုႏွစ္တြင္ နိုင္ငံေရး အေျပာင္းအလဲေၾကာင့္ ေခါင္းေဆာင္အခ်ိဳ႕ အဖမ္းခံခဲ့ရၿပီး ေတာတြင္းက်န္ရွိေနေသာ ဗိုလ္ခ်ဳပ္စံသိန္း ဦးေဆာင္ေသာ ပအိုဝ္းေခါင္းေဆာင္အခ်ိဳ႕ႏွင့္ ရွမ္းျပည္ေတာ္လွန္ေရး တပ္မေတာ္တို႔ပူေပါင္းၿပီး ဗကပတပ္ မ်ားကို တိုက္ထုတ္ခဲ့ပါသည္။

အထက္ပါ ပအိုဝ္းအမ်ိဳးသားမ်ား၏ ေတာ္လွန္ေရးအေၾကာင္းကို ျပန္လည္စိစစ္ရာတြင္ အမ်ိဳးသားနိုင္ငံေရး အတြက္သာျဖစ္ၿပီး သူတစ္ပါးတို႔အား ရန္လိုျခင္း၊ နိုင္ထက္စီးနင္းလိုျခင္းမပါပဲ ထာဝရၿငိမ္းခ်မ္းေရး၊ တန္းတူညီမၽွေရးႏွင့္ ေဒသဖြံ့ၿဖိဳးတိုးတက္ေရးတို႔ကို အဓိကထားၿပီး ေတာ္လွန္ေရးလုပ္ခဲ့သည္ကို စာဖတ္သူ တိုင္း ေဝဖန္သုံးသပ္နိုင္မည္ျဖစ္သည္။

` နိုင္ငံေရး၏ေမၽွာ္မွန္းခ်က္ျဖစ္သည့္ ေဒသဖြံ့ၿဖိဳးတိုးတက္ေရး၊ နိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္း သာယာ ေရးကိုေရွးရႈေသာ ပအိုဝ္းေတာ္လွန္ေရးသည္ ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္ႀကီး ဦးေအာင္ခမ္းထီ ေခါင္းေဆာင္ၿပီး နိုင္ငံေရး၊ စစ္ေရးအေမၽွာ္အျမင္ရွိေသာ ေခါင္းေဆာင္ႀကီးငယ္မ်ားက ၁၉၉၁-ခုႏွစ္တြင္ နိုင္ငံေတာ္ႏွင့္အၿပီးအပိုင္ ၿငိမ္းခ်မ္းေရး ရယူကာ နိုင္ငံေတာ္၏ ရည္မွန္းခ်က္ျဖစ္သည့္ တိုင္းရင္းသား ေဒသမ်ား ၿငိမ္းခ်မ္းေရး၊ ပညာေရး၊ လူမႈေရး၊ စီးပြားေရး၊ က်န္းမာေရး၊ လမ္းပန္းဆက္သြယ္ေရး စသည့္လုပ္ငန္းမ်ားကို နိုင္ငံေတာ္အႀကီးအကဲမ်ား၏ လမ္းညြန္မႈ၊ ပံ့ပိုးကူညီမႈျဖင့္ ယေန႔ထိတိုင္ ေဒသခံ မိဘျပည္သူမ်ားႏွင့္ လက္တြဲကာ လက္ေတြ႕အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနၿပီျဖစ္သည္။

“ေတာ္လွန္ေရးမွသည္ဖြံ့ၿဖိဳးေရးဆီသို႔” ဆိုသည့္အတိုင္း မ်ိဳးခ်စ္စိတ္ဓါတ္ ရွင္သန္ထက္ျမက္ၾကသည့္ ေခါင္းေဆာင္ႀကီမ်ားႏွင့္ ရဲေဘာ္ရဲဘက္မ်ား၏ တိက်ေသာလမ္းညြန္မႈ၊ မွန္ကန္ေသာဆုံးျဖတ္ခ်က္ေၾကာင့္ ပအိုဝ္းတိုင္းရင္းသား လူမ်ိဳးမ်ား၏ ေနထိုင္ရာအရပ္ေဒသမ်ားသည္ ၿပီးျပည့္စုံမႈ မဟုတ္ေသာ္ျငားလည္း ယခင္ကာလမ်ားထက္ ဖြံ့ၿဖိဳးတိုးတက္ကာ ေအးခ်မ္းစြာသြားလာ ေနထိုင္နိုင္ၿပီျဖစ္သည္။ “လူ႔အႀကိဳက္ နတ္မလိုက္နိုင္” ဟူေသာစကားပုံအတိုင္း လူသားတို႔ စိတ္ဆႏၵအလိုေလာဘသည္ ကုန္ဆုံးနိုင္မည္ မဟုတ္ေပ မိမိတို႔လူ႔ဘဝ ရတုံးရခိုက္အခ်ိန္ကာလတစ္ခုတြင္ ကိုယ္တိုင္ထမ္းေဆာင္ရမည့္ အမ်ိဳးသားေရး၊ နိုင္ငံေရး၊ လူမႈေရးမ်ားစြာရွိေနပါသည္။ ေခါင္းေဆာင္အဆက္ဆက္မ်ားကိုသာ အျပစ္တင္ေဝဖန္ၿပီး ကိုယ္ပိုင္ ရည္မွန္းခ်က္ေပ်ာက္ေနသူမ်ား တိုးပြားလာပါက အမ်ိဳးသားပန္းတိုင္ကို ေရာက္ရွိဖို႔ မဆိုထားဘိ ရရွိနင္း ေနၿပီးေသာ အခြင့္အေရးမ်ားကိုပင္ ျပန္လည္လက္လႊတ္ဆုံးရႈံးရတတ္ေၾကာင့္ကို သတိႀကီးစြာထားကာ အျမဲ တမ္းေတြးေတာ ဆင္ျခင္ရမည္ျဖစ္ပါသည္။

အရြယ္ေရာက္သူတိုင္းသည္ အားလုံးေခါင္းေဆာင္ပင္ျဖစ္ပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ မိမိတို႔ ေနထိုင္ရာ ေဒသအေလၽွာက္ အိမ္ေထာင္ေရး၊ စီးပြားေရး၊ ရပ္ေရးရြာေရးမ်ားသည္ ေတာ္လွန္ေရးဟုဆိုနိုင္ပါသည္။ မိမိတို႔က်ရာ အခန္းက႑မ်ားမွာ မ်ိဳးခ်စ္စိတ္ရွိသူတိုင္း ပိုင္ပိုင္နိုင္နိုင္ ဦးေဆာင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္နိုင္ၾကပါေစေၾကာင္း ဆႏၵျပဳရင္း အဆုံးသတ္လိုက္ရပါသည္။


ခြန္ေကာင္တန္

Powered by Blogger.