Friday, November 1, 2019

စီးပွားရေးလုပ်ငန်းရှင်များအတွက် “eBusiness အကြောင်း ဟောပြောဆွေးနွေးပွဲ” ဖိတ်ကြားလွှာ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်



ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် DYNAMICWEB SOLUTIONS ASIA PTE.LTD ကုမ္ပဏီတို့ ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းရှင်များအတွက် ရည်ရွယ်ကာ “eBusiness အကြောင်း ဟောပြောဆွေးနွေးပွဲ”ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ရာ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။

ဟောပြောဆွေးနွေးပွဲအစီအစဉ်

နေ့ရက်နှင့်အချိန် - ၅.၁၁.၂၀၁၉ (အင်္ဂါနေ့)၊ မနက်(၁၀:၀၀)နာရီမှ မွန်းတည့် (၁၂:၀၀)နာရီအထိ။

နေရာ - အစည်းအဝေးခန်းမ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး၊ အမှတ်(၁၈)၊ အနောက်မြို့ပတ်လမ်း၊ စျေးပိုင်းရပ်၊ တောင်ကြီးမြို့။

ဉီးဆောင်ဟောပြောဆွေးနွေးသူ -

(၁) Puspak Patro (CEO, Asia Pacific, dynamicWEB)၊

(၂) ပါမောက္ခ ဒေါက်တာနန်းစောကလျာ (တောင်ကြီးကွန်ပျူတာတက္ကသိုလ်)။

ဟောပြောဆွေးနွေးမည့်အကြောင်းအရာ -

(၁) eBusiness က အနာဂတ်ကို ဘယ်လိုတိုးတက်စေနိုင်လဲ

(၂) လေ့လာသင်ယူခြင်းမှ စွမ်းဆောင်ရည်ကို ဖြည့်ဆည်းမြှင့်တင်ခြင်းနှင့် တိုးတက်မှု။

မှတ်ချက်။ ။ နေရာထိုင်ခင်းကြိုတင်ပြင်ဆင်မှု အဆင်ပြေစေရန် တက်ရောက်လိုသူများ အနေဖြင့် ကြိုတင်အမည်စာရင်းပေးသွင်းကြရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်သွယ်အမည်စာရင်းပေးသွင်းရန် - ၀၉ ၇၈၂၉၆၀၇၈၀ (နန်းစန်းစန်းဝင်း)

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး
Powered by Blogger.