တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် DYNAMICWEB SOLUTIONS ASIA PTE.LTD ကုမ္ပဏီတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ၊ လူငယ်လူရွယ်များအတွက် ရည်ရွယ်ကာ “eBusiness အလုပ်အကိုင်အခွင့်အလမ်းအကြောင်းနှင့် ဆော့ဝဲလ်ဖြင့် စွမ်းရည်များကို ဖြည့်ဆည်းမြှင့်တင်ခြင်း ဟောပြောဆွေးနွေးပွဲ”ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ရာ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။
ဟောပြောဆွေးနွေးပွဲအစီအစဉ်
နေ့ရက်နှင့်အချိန် - ၅.၁၁.၂၀၁၉ (အင်္ဂါနေ့)၊ မွန်းလွဲ(၁:၀၀)နာရီမှ မွန်းလွဲ(၃:၀၀)နာရီအထိ။
နေရာ - အစည်းအဝေးခန်းမ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး၊ အမှတ်(၁၈)၊ အနောက်မြို့ပတ်လမ်း၊ စျေးပိုင်းရပ်၊ တောင်ကြီးမြို့။
ဉီးဆောင်ဟောပြောဆွေးနွေးသူ -
(၁) Puspak Patro (CEO, Asia Pacific, dynamicWEB)၊
(၂) ပါမောက္ခ ဒေါက်တာနန်းစောကလျာ (တောင်ကြီးကွန်ပျူတာတက္ကသိုလ်)။
ဟောပြောဆွေးနွေးမည့် အကြောင်းအရာ-
(၁) ရှမ်းပြည်နယ်ရှိ eBusiness အလုပ်အကိုင် အခွင့်အလမ်းများအကြောင်း
(၂) ဆော့ဝဲလ်ဖြင့် စွမ်းရည်များကို ဖြည့်ဆည်းမြှင့်တင်ခြင်း။
မှတ်ချက်။ ။ နေရာထိုင်ခင်းကြိုတင်ပြင်ဆင်မှု အဆင်ပြေစေရန် တက်ရောက်လိုသူများ အနေဖြင့် ကြိုတင်အမည်စာရင်းပေးသွင်းကြရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်သွယ်အမည်စာရင်းပေးသွင်းရန် - ၀၉ ၇၈၂၉၆၀၇၈၀ (နန်းစန်းစန်းဝင်း)
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး
Like On Facebook
Follow On Twitter
Subscribe On RSS