Saturday, March 15, 2014

တောင်ကြီးမြို့၌ ကျင်းပသည့် (၆၅)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ ပွဲတော်သို့ ပေးပို့သော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ၏ သ၀ဏ်လွှာ

တောင်ကြီး၊ ၂၀၁၄ ခုနှစ် မတ်လ ၁၆ ရက်


သမိုင်းရှိသော လူမျိုးနွယ်တိုင်း အမျိုးသားနေ့ ကျင်းပသည်။ ပအိုဝ်းတိုင်းရင်းသား တို့သည် ရှည်လျားသော သမိုင်းစဉ် ရှိခဲ့သည်။ သမိုင်းစဉ် တစ်လျှောက်လုံးမှာလည်း ဖြူစင်သန့်ရှင်းသည်။ အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်သော မျိုးချစ်စိတ်ဓာတ် ပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြသည်။ ရိုးသားစွာ ၀မ်းစာရှာဖွေပြီး ရက်ရောစွာ လှူဒါန်းတတ်သော လူမျိုး၊ ကိုယ့်အမျိုးကိုယ် ကာကွယ်စောင့်ရှောက်ခြင်း မှအပ အခြားလူမျိုးအပေါ် ထိခိုက်စေတတ်ခြင်း မရှိသော လူမျိုးဖြစ်သည်ကိုက လေးစားဘွယ်ရာ ဖြစ်ပေသည်။ မိမိတို့၏ အစဉ်အလာကောင်း များကို ဆက်လက်ထိန်းသိမ်း ဆောင်ကြဉ်းနိုင် ပါစေကြောင်း ဆန္ဒမွန်ဖြင့် သ၀ဏ်လွှာ ပါးအပ်ပါသည်။



ဦးခင်အောင်မြင့်
ဥက္ကဋ္ဌ
အမျိုးသားလွှတ်တော်
Powered by Blogger.