Thursday, November 3, 2016

Myanmar Institute of Gender Studies(MIGS) မှ Project Assistant ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိသူနှင့် လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်


၂၀၁၆ - ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့  မွန်းလွဲ(၁၂း၄၅)အချိန်တွင် Myanmar Institute of Gender Studies(MIGS) မှ (Projet Assistant) ကိုကျော်ထက်အောင်က “အမျိုးသမီးနှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးသင်တန်းလိုအပ်ချက်စစ်တမ်း” ကောက်ယူနိုင်ရန်အတွက် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊        အတွင်ရေးမှူး(၃) ဦးခွန်တင်ထွဋ် နှင့် လာရောက်တွေ့ဆုံခဲ့ပါသည်။
အဆိုပါတွေ့ဆုံရာတွင် “ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ အမျိုးသမီးနှင့်လုံခြုံရေး၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဆုံးဖြတ်ချက်များ နှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာမူဘောင်”   စသည့်အချက်များပါဝင်သော စစ်တမ်းများကောက်ယူနိုင်ရန်အတွက် လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်ယွေးယဲင်
ခမ်းစန္တာ;ဟေ့,

Powered by Blogger.