ဓါတ်ပုံ - ခွန်စိန်မင်း
တောင်ကြီး၊ နိုဝင်ဘာ၊ ၂၀၁၃၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၁၂) ရက်၊ (14.11.2013) ရက်နေ့တွင် ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စု ပန်လျမ်းဘုန်းတော်ကြီးကျောင်းတွင် (၄၀) ကြိမ်မြောက် ဘုံကထိန်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဘုံကထိန်ပွဲသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယက၊ ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဖြားတန်အောင်ခမ်းထီ နှင့် မိသားစုတို့မှ လှူဖွယ်ပစ္စည်း အစုစုတို့ဖြင့် အနုမောဒနာ တရားတော်နာယူပြီး ရေစက်ချအမျှပေးဝေသွားကြောင်း သိရှိရပါသည်။
ပတ်ဝန်းကျင် အနီးအနားကျေးရွာများမှလည်း ပဒေသာပင်များဖြင့် ဘုံကထိန်ပွဲ ပါဝင်ဆင်နွှဲလှူဒါန်း သွားခဲ့ကြောင်း သိရှိရပါသည်။
ခွန်မျိုးထွန်း
ဓါတ်ပုံ - ခွန်စိန်မင်း
Like On Facebook
Follow On Twitter
Subscribe On RSS