ရန်ကုန်၊ ၂၀၁၄ ခုနှစ်၊ မေလ (၂၁ ) ရက်
ယနေ့မနက် မြန်မာစံတော်ချိန် ( ၉း၁၅ ) နာရီအချိန်တွင် စင်္ကာပူလေကြောင်းလိုင်းမှ ဂျက်လေယာဉ်တစ်စီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်စဉ် လမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှ ဖော်ပြခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရမှု တစုံတရာ ဖြစ်ပွားမှု မရှိခဲ့ကြောင်းလည်း အဆိုပါသတင်းဌာနမှ လေဆိပ်တာဝန်ရှိသူများ ပြောကြားချက်အား ကိုးကားဖေါ်ပြခဲ့သည်။
စင်္ကာပူမှ ခရီးသည် ၂၅၂ ဦး နှင့် လေယာဉ်ဝန်ထမ်း ၁၃ ဦး ကို တင်ဆောင်လာသည့် အဆိုပါလေယာဉ်သည် ရန်ကုန်လေဆိပ်သို့ ဆင်းသက်စဉ် လမ်းချော်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မတော်တဆမှုကြောင့် လေဆိပ်ကို နာရီဝက်ခန့် ပိတ်ထားခဲ့ပြီး လေယာဉ်ကို လေယာဉ်ရပ်နားစခန်းသို့ ဆွဲယူသွားခဲ့ကြောင်း သိရသည်။
စင်္ကာပူသို့ အဆိုပါလေယာဉ်နှင့် လိုက်ပါမည့် ခရီးသည်များအား အခြားလေယာဉ်တစီးသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။ မတော်တဆမှု အကြောင်းအရင်း ဖြစ်စဉ်အား စုံစမ်းစစ်ဆေးမည့် စင်္ကာပူအင်ဂျင်နီယာများ ယနေ့ညနေပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိနိုင်ကြောင်းလည်း သိရှိရပါသည်။
ကိုးကား - Global Post
ခွန်ခမ်းမြတ် ( စန္တာ;ခမ်း )
Like On Facebook
Follow On Twitter
Subscribe On RSS