Monday, November 24, 2014

ပအိုဝ်းကိုယ်ပိုင် အုပ်ချူပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ PNA-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ကွပ်ကဲးရေးမှူး ဦးခွန်လာ တို့ ပအိုဝ်းအမျိုးသားအဖွဲ့ချူပ် (PNO) ဗဟိုဌာနချူပ်ရုံးရှိ ရုံးဝန်ထမ်းများနှင့် လာရောက်တွေ့ဆုံဆွေးနွေးခြင်း

 တောင်ကြီး၊ ၂၀၁၄-ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်


၂၀၁၄-ခုနှစ်၊ နိုဝင်ဘာလ ( ၂၄ ) ရက်၊ တနင်္လာနေ့ တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချူပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ PNA-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ကွပ်ကဲးရေးမှူး ဦးခွန်လာ တို့ ပအိုဝ်းအမျိုးသားအဖွဲ့ချူပ် (PNO) ဗဟိုဌာနချူပ်ရုံးရှိ ရုံးဝန်ထမ်းများနှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပထမဦးဆုံးအနေဖြင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချူပ်ရုံးရှိ ၀န်ထမ်းအသစ်များ မိမိကိုယ် မိမိ မိတ်ဆက်ပြီး၊ သက်ဆိုင်ရာဌာန(ခွဲ)အသီးသီးမှ ၀န်ထမ်းများက လက်ရှိ လုပ်ဆောင်ပြီးခဲ့သော လုပ်ငန်းများ၊ ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းများနှင့် လိုအပ်သည်များကို တင်ပြခဲ့ပါသည်။ ဆက်လက်၍ တင်ပြခဲ့သော အကြောင်းအရာများကို PNA-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ကွပ်ကဲးရေးမှူး ဦးခွန်လာ မှ လုပ်ငန်းနှင့်ဆိုင်ရာ အကြောင်းအရာများကိုပြောကြားခဲ့ပြီး၊ သက်ဆိုင်ရာဌာန(ခွဲ)အသီးသီးမှ တင်ပြချက်များ အပေါ် ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချူပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင် မှ နိုင်ငံရေး ပြောင်းလဲနေမှု အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ရုံးဝန်ထမ်းများအာ အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
 
ခွန်အောင်မျိုးဦး
Powered by Blogger.