Monday, March 2, 2015

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် အောင်ချမ်းသာစေတီ ထီးတော်တင်ပွဲ ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မတ်လ (၂) ရက်



၂၀၁၅ခုနှစ်၊ မတ် (၂) ရက်၊ တနလာင်္နေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ကန်ကြီးရပ်ကွက်၊
ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် အောင်ချမ်းသာစေတီ
ထီ:တော်တင်ပွဲကိုပြုလုပ်ကျင်းပခဲ့ပါသည်။ အောင်ချမ်းသာစေတီတော်ကြီးသည်
 ဒေါက်တာရှိန်း(ရန်ကုန်)နှင့်မိဘပြည်သူများ မတည်၍ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို)
 ဥက္ကဌဦးခွန်ဝင်းကိုနှင့်ဒု-ဥက္ကဌဦးခွန်မင်းကျော်တို့ ဦးဆာင်ပြီး ၂၀၁၃-ခုနှစ်၊
ပအိုဝ်းအမျိုးသားပွဲတော်နေ့တွင် စတင်အုတ်မြစ်ချခဲ့ပါသည်။

အောင်ချမ်းသာစေတီတော်ကိုဗုဒ္ဓသာသနာထွန်းကားစေရန်နှင့်မိဘပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရန်
ရည်ရွယ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်မှ စွယ်တော်များ၊သီရိလကာင်္နိုင်ငံမှ စွယ်တော်ပွားများနှင့်
 မြတ်စွာဘုရား၏ စံတော်ရှင်များဖြင့် တည်ထားကိုးကွယ်ထား ခြင်းဖြစ်သည်။
 အောင်ချမ်းသာစေတီတော်၏ ဥာဏ်တော်အမြင့်မှာ (၁၀၈) ပေ ရှိကြောင်းသိရှိရပါသည်။

ခွန်ထင်းလေအောင်း

   
Powered by Blogger.