တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၃) ရက်
၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဟိုပုံးမြိုနယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူး၍ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စု ခြံထီကျေးရွာတွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လက်သမား၊ ပန်းရန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက် နံနက် (၁၀) နာရီအချိန်တွင် မူလတန်းကျောင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းကိုမှ သင်တန်းဖွင့်အမှာစကားပြောကြားပြီးနောက် လက်သမား၊ ပန်းရန်သုံးပစ္စည်းများ ပေးအပ်ပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းကိုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်တို့မှ လက်သမား၊ ပန်းရန်သုံးပစ္စည်းများကို ပေးအပ်ရာ တက်ရောက်လာသော သင်တန်းသားမျာက အသီးသီးလက်ခံရယူခဲ့ကြပါသည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေး ဦးစီးမှူး တို့နှင့် ကျေးရွာ တာဝန်ရှိသူများက လက်တွေ့သင်တန်းပေးတည်ဆောက်မည့် အဆောက်အအုံအား ပန္နက်ရိုက်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါသင်တန်းကို စငေါကျေးရွာအုပ်စု ခြံထီကျေးရွာမှ သင်တန်းသား (၄၀) ဦး တက်ရောက်ကာ စာတွေ့လက်တွေ့ သင်ကြားပြီး၊ သင်တန်းကာလမှာ (၃၀-၇-၂၀၁၅)မှ (၃-၈-၂၀၁၅) ရက်နေ့အထိ ပို့ချသွားမည်ဖြစ်ပြီး ကျေးရွာဒေသခံများမှ တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင်စားသောက် နိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
နန်းဦးခမ်း(ဟိုပုံး)
Like On Facebook
Follow On Twitter
Subscribe On RSS