နှစ်စဉ် ကျင်းပလျက်ရှိသော ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF)ဖလား အလွတ်တန်း (Open)နှင့် ကန်တော်ကြီးဒေသ ဥက္ကဌဖလား အွိုင်;အရန်;၊ နောင်ကား ဘောလုံးပြိုင်ပွဲကြီး၌ ယခုနှစ်အတွင်း ဘောလုံးပြိုင်ပွဲအပြင် ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများပါ ထည့်သွင်းသွားမည် ဖြစ်ကြောင်း (၁၀-၁၁-၂၀၁၆)ခုနှစ်တွင် ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရ သိရှိရသည်။
အဆိုပါ အစည်းအဝေးတွင် နောင်ကားဘောလုံးပြိုင်ပွဲဖြစ်မြောက်နိုင်ရေးအတွက် ပြိင်ပွဲကျင်းပရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဘောလုံးပွဲ လုံခြုံရေးကိစ္စများ၊ ပြိုင်ပွဲဝင်ကြေး ကိစ္စရပ်များ၊ ပြိုင်ပွဲကျင်းပမည့် နေ့ရက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ နောင်ကားဘောလုံးပြိုင်ပွဲကြီးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြို့နယ်အဆင့် ပထမဆုကို ကျပ်သိန်း(၂၀)၊ ဒုတိယဆုကို ကျပ်(၁၅)သိန်း သော်လည်းကောင်း၊ အွိုင်;အရန်;အတွက် ပထမဆုကို ကျပ်(၁၅)သိန်း၊ ဒုတိယဆုကို ကျပ်(၁၀)သိန်း သော်လည်းကောင်း၊ ဘော်လီဘော ပြိုင်ပွဲအတွက် ပထမဆုကို ကျပ်(၅)သိန်း၊ ဒုတိယဆုကို ကျပ်(၃)သိန်း သော်လည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် ပထမဆုကို ကျပ်(၂)သိန်း၊ ဒုတိယဆုကို ကျပ်(၁)သိန်း သော်လည်းကောင်း ချီးမြှင့်ပေးသွားမည်ဟု သိရသည်။
ဤကဲ့သို့ ဘောလုံးပြိုင်ပွဲကို ကျင်းပရခြင်းမှာ ပအိုဝ်းလူမျိုးအချင်းချင်း ချစ်ကြည်မှုနှင့် စည်းလုံးမှု ရရှိစေရန်၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်မှုရရှိစေရန်နှင် ပအိုဝ်းဒေသ အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပခြင်း ဖြစ်ကြောင်း သိရှိရသည်။
နဂါ့ခွန်
Like On Facebook
Follow On Twitter
Subscribe On RSS