Wednesday, December 7, 2016

တိုက်ပွဲများ အမြန်ဆုံးရပ်ဆိုင်းရေးကို ရှမ်းပြည်နယ်အစိုးရမှ ဦးဆောင်၍ ငြိမ်းချမ်းရေးဆွေးနွေးပေးရန် ရှမ်းပြည်နယ်လွှတ်တော်ထံ အရေးကြီးအဆိုတင်သွင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်






၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်၊ ဗုဒ္ဓဟူးနေ့၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်ခန်းမတွင် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ကျင်းပပြုလုပ်ကြောင်း သိရှိရပါသည်။ ထိုအစည်းအဝေး သည် “ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ လှုမှုအကျိုးစီးပွား၊ အသက်အိုးအိမ်၊ စားဝတ်နေရေးများကို များစွာထိခိုက်သောကြောင့် တိုက်ပွဲများအမြန်ဆုံးရပ်ဆိုင်းရေးကို ပြည်ထောင်စုအစိုးရ၊ ရှမ်းပြည်နယ်အစိုးရမှ ဦးဆောင်၍ ငြိမ်းချမ်းရေး ဆွေးနွေးပေးရန်” အရေးကြီးအဆိုကို လွှတ်တော်ကလက်ခံဆွေးနွေးရန် သဘောတူကြောင်း၊ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ခမ်းမျင်းမိုရ်း

Powered by Blogger.