Myanmar Instutute of Gender Studies အဖွဲ့မှ Executive Director ဒေါ်ခင်မမမျိုးသည် ကျားမရေးရာနှင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဒိုင်ယာလော့ခ်ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်၍ ဒီကနေ့ ၂၀၁၇ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ တာဝန်ရှိသူများ ဖြစ်သော ရုံးအဖွဲ့မှူးစောခွန်ကျော်ဝင်းနှင့် ဌာနဆိုင်ရာလူငယ်များကို လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ဇူလိုင်လ(၂၄)ရက်နေ့၊ တောင်ကြီးတွင် (မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရေးပါသော လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာ သဘောတရားနှင့် အမြင်များကို ဖလှယ်ခြင်း၊ ကဏ္ဍစုံပါဝင်ပတ်သက်သူများအနေဖြင့် တစ်ဖက်တစ်လှမ်းမှ ဗဟုသုတဖြန့်ဖြူးမှူများရှိလာစေခြင်း၊ ကျား/မရေးရာနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ အမျိုးသမီးတို့၏အသံများကို မြှင့်တင်ခြင်းနှင့် ဦးစားပေးလုပ်ဆောင်သင့်သော လုပ်ငန်းစဉ်များကို သဘောတူညီချမှတ်နိုင်စေရန် ဆောင်ရွက်ခြင်းစသည့် ရည်ရွယ်ချက်များဖြင့်) ပြုလုပ်သော ကျားမရေးရာနှင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဒိုင်ယာလော့ခ်ဆွေးနွေးပွဲရလဒ်တွင် ပါဝင်သော အမျိုးသားများနှင့် အမျိုးသမီးတွင် မတူညီသော လုံခြုံရေးလိုအပ်ချက်များ၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရာတွင် အမျိုးသမီးပါဝင်မှုနှင့် အမျိုးသမီးကိုယ်စားပြုမှုများ၊ အမျိုးသားနှင့်အမျိုးသမီး အတူတကွ ပူးပေါင်းလုပ်ဆောင်လိုမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် MIGSအဖွဲ့မှ ထပ်မံသိရှိလိုသော PNO၏ သမိုင်းကြောင်းများ၊ ဖွဲ့စည်းပုံများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ချက်များကို ရုံးအဖွဲ့မှူးစောခွန်ကျော်ဝင်းမှ ရှင်းလင်းပြောကြားကာ အဆိုပါ ဆွေးနွေးမှုတွင် PNO ဗဟိုဌာနရုံးမှ စီမံရေးရာဌာန ခွန်ကျော်အေး၊ စည်းရုံးရေးဌာနမှ နန်းခမ်းဗွာ ၊ လွှတ်တော်ရေးရာဌာနမှ နန်းအေးနု၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ နန်းတင်ရွှေဦးတို့ပါရှိကြောင်း သိရှိရသည်။
နဂါ့ခွန်
Like On Facebook
Follow On Twitter
Subscribe On RSS