တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်
၂၀၁၇ခုနှစ်၊ သြဂုတ်လ (၁၀)ရက်၊ ကြာသပတေးနေ့ နံနက်(၁၀း၃၀) အချိန်တွင် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် Business Management Foundation Program အတွက် (၁၀၀%)ပညာသင်ဆုအတွှက် လျှောက်ထားသူများအား လူတွေ့မေးမြန်းခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ဤသင်တန်းကို PS Business School မှသင်ကြားပေးသွားမည်ဖြစ်ပြီး သင်ကြားမည့်ဘာသာရပ်များမှာ (1) Academic English (2) The Business Environment (3) Introduction to Marketing (4) Business Communication (5) Starting a Small Business (6) Study Skills တို့ဖြစ်သည်။ သင်တန်းကာလမှာ သြဂုတ်လ(၁၄)မှ နိုဝင်ဘာလ(၃၀)ရက်နေ့အထိဖြစ်သည်။
ထိုသင်တန်းအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)သို့ လာရောက်လျှောက်ထားသူ(၆)ဦးရှိပြီး၊ ယနေ့တွင်လည်း လာရောက်ဖြေဆိုသူ စုစုပေါင်း (၆) ဦးရှိကြောင်း၊ ၄င်းဖြေဆိုသူများမှ အရည်အချင်းပြည့်မီသူတစ်ဦးကို ရွေးချယ်စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
နန်းတဆံထီ
Like On Facebook
Follow On Twitter
Subscribe On RSS