Saturday, September 23, 2017

အထူးဒေသ (၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ခမ်း၊ နယ်း၊ အွိုင်း နှင့် ပဆျာကလိုဒေသရှိ မိဘပြည်သူတို့ တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်




 





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ပဆျာကလို ဘုန်တော်ကြီးကျောင်းတွင် အထူးဒေသ (၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ခမ်း၊ နယ်း၊ အွိုင်း နှင့် ပဆျာကလိုဒေသရှိ မိဘပြည်သူတို့ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဦးစွာပထမ ပဆျာကလို ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံမှ ငါးပါးသီလနှင့် သြ၀ါဒစကား ဆောက်တည်ခံယူပီးနောက် လွယ်မောတန်ဒေသ ဥက္ကဌ ဖြားအောင်သုခမှ အမျိုးဘာသာ သာသနာနှင့် သက်ဆိုင်သော အကြောင်းအရာများကို  ပြောကြားခဲ့ပါသည်။

ထို့နောက် ခွန်အိုးဗျုဟာ ဗျုဟာ (၂) ဗျုဟာမှူး ခွန်ကျော်ရဲလွင်က အမှာစကားပြောကြားပြီး စည်းကမ်း၊ မူးယစ်ဆေးဝါး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဒုဗျုဟာမှူး ခွန်မြအောင်က ပြောကြားခဲ့ပါသည်။

ဆက်လက်၍ PNA အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) စည်းရုံးရေးမှူး ဖြားခွန်ချစ်လယ်မှ ပအိုဝ်းတော်လှန်ရေး အဆက်ဆက် သမိုင်းကြောင်းများ၊ လက်ရှိ PNA လုပ်ရှားနေမှုများနှင့် ညီညွတ်ရေး အရေးကြီးသည့် အကြောင်းများကို ပြောကြားခဲ့ပြီး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး ၊ နိုင်ငံတကာ ဆက်ဆံရေးဌာန ဌာနမှူး ခွန်ကြည်မှ လွှတ်တော်နှင့် ၂၁-ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံအကြောင်းများ၊ သုတေသနနှင့် နည်းဗျုဟာရေှးဆွဲးရေးဌာန ဌာနမှူးခွန်ချစ်တင်မှ ဗဟိုဌာနချုပ်ရုံး ဖွဲ့စည်ပုံနှင့် ဌာနအသီးသီး လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။

ထိုတွေ့ဆုံပွဲသို့ ပဆျာကလို၊ လုံးဒါ၊ နောင်လွယ်၊ နာမွန် စသည့်ကျေးရွာများမှ ပြည်သူလူထု (၃၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ဓဇ

Powered by Blogger.