Wednesday, November 29, 2017

နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ပင်လောင်း နတလသင်တန်းကျောင်းရှိ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်






ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသလိုအပ်ချက်များ သိရှိနိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့အရှေ့မြောက်ဘက်ရှိ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်ပေးထားသော နယ်စပ်ဒေသတိုင်းရင်းသားများ ဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံအားပေး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီင်္းဥက္ကဌ ဖြားခွန်စံလွင် တို့သည် ပင်လောင်းနတလကျောင်းတွင် တာဝန်ရှိသူနှင့် တွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီးက အမှာစကားပြောကြားပြီး ကျောင်းတွင်းရှိ  လိုအပ်သည်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းသား/သူ များကိုလည် အားပေးစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၎င်းနှင့် အဖွဲ့သည် ပင်လောင်းမြို့နယ်ရှိ ကျောက်ချောလမ်း ဘတ်ဂျတ်ဖြင့် ခင်းကျင်းနေသော လွယ်ဗျား-နမ့်ပါ-ထာမော့ ကတ္တရာလမ်း အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထိုခရီးစဉ်တွင် ဖြားခွန်စံလွင်သည် ပင်လောင်မြို့နယ်အတွင်းရှိ လိုအပ်နေသေးသော လမ်းတံတားများကို တင်ပြခဲ့ကြောင်း သိရပါသည်။

ခွန်ထင်းထို
Powered by Blogger.