Saturday, June 9, 2018

အကြိုအခြေခံ မီးသတ်သင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၉) ရက်









တောင်ကြီးမြို့ရှိ၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းခန်းမတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)နှင့် ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့နှင့်ပူးပေါင်းကာ ပြုလုပ်သည့် အကြိုအခြေခံ မီးသတ်သင်တန်းကို ယနေ့၂၀၁၈၊ ဇွန်လ(၉)ရက်၊ နေ့လည်(၁)နာရီတွင် သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယကကြီး ဖြားတန်အောင်ခမ်းထီမှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းဦးနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး သင်တန်းထူးချွန်ဆုရ ခွန်ကျော်သိန်းထွန်းအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပေးပြီး သင်တန်းဆရာများအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့နောက် ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့်ခရိုင်မီးသတ်ဦးစီးမှူးတို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်းသားများမှ သရုပ်ပြသခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့ကြောင်း သိရပြီး ဤသင်တန်းကို သင်တန်းသား(၆၅)ဦး တက်ရောက်ကာ ဇွန်လ(၄)ရက်နေ့မှ စတင်ပြီး သင်ကြားပေးခဲ့ကြောင်းသိရသည်။ သင်တန်းဆင်းပွဲသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဥက္ကဋ္ဌ  ဖြားခွန်စံလွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုနှင့် အခြား ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခွန်ဓဇ


Powered by Blogger.