Saturday, June 23, 2018

Hopone's Pa-O Students Group မှ တိလုံအုပ်စု ဟွေးလုံကျေးရွာနှင့် ဟိုဟွေးကျေးရွာ ကျောင်းသားကျောင်းသူများအတွက် စာရေးကိရိယာများသွားရောက်လှူဒါန်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ  (၂၃) ရက်








Hopone's Pa-O Students Group (HPPSG)သည် ၂၀၁၈ ခုနှစ် ၊ ဇွန်လ (၂၂)ရက်နေ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် တိလုံအုပ်စု ဟွေးလုံကျေးရွာ နှင့် ဟိုဟွေးကျေးရွာ စာသင်ကျောင်းများတွင် စာအုပ်၊ ခဲတံ၊ ဘောပင် နှင့် လွယ်အိတ်များ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရှိရသည်။

အဆိုပါ Hopone's Pa-O Students Group (HPPSG) အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ၊ဇွန်လ (၂)ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဒေသဦးစီးခန်းမ ဟိုပုံးမြို့တွင် ဒေသအတွင်းမှာရှိသည့် ပညာတတ်လူငယ်များစုစည်းပြီး ဆုံစည်းပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ရာမှ Hopone's Pa-O Students Group (HPPSG) အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြောင်းလည်း သိရှိရသည်။

ထိုသို့ ဆုံစည်းပွဲတွင် ပအိုဝ်းပိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဌ၊  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး၊ ဟိုပုံးမြို့နယ် ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့ဥက္ကဌ၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN)၊ ဟိုပုံးပအိုဝ်းအမျိုးသမီးများအဖွဲ့ (PWO)၊ ဟိုပုံးပအိုဝ်းအနုပညာအဖွဲ့၊ CSOအဖွဲ့အစည်းများ တောင်ကြီး ၊ ဆီဆိုင် ၊ ပင်လောင်း ၊နောင်တရား ၊ လူငယ်ကိုယ်စားလှယ်များ နှင့် ရပ်မိရပ်ဖများ တက်ရောက်အားပေး ခဲ့ကြောင်းလည်း သိရှိရသည်။ အဆိုပါ ဆုံစည်းပွဲတွင် Group တစ်ခု ဖွဲ့စည်းနိုင်ခဲ့သည့် အကျိုးရလဒ်ကြောင့် ခုလိုမျိုး လုပ်ကိုင်နိုင်တာဖြစ်ပြီး ဒီနေ့ ကျွန်တော်တို့သွားခဲ့သည့် ဒေသကျေးရွာမှာဆိုရင် လမ်းပန်းဆက်သွယ်ရေးတော်တော်ခက်ခဲသည့်နေရာ နောက်ပြီး အခြားအဖွဲ့အစည်းတွေ၊ NGO၊ INGO တွေ သွားရောက်လှူဒါန်းတာမျိုး သိပ်မတွေ့ရသေးသည့် နေရာလို့ပြောလို့ရတာပေါ့နော် အဲကြောင့် ကျွန်တော်တို့ Groupမှ ဟိုပုံးမြို့နယ်အတွင်းမှာရှိသည့် အုပ်စုအများထဲကမှ တိလုံအုပ်စု ဟွေးလုံကျေးရွာ(အ-မက)နှင့်ဟိုဟွေးကျေးရွာ(အ-မ-က) ဒီနှစ်ရွာကို ရွေးချယ်ခဲ့ပြီးတော့ စုပေါင်းသွားရောက်လှူဒါန်းခဲ့ပြီး နှစ်ရွာပေါင်း ကျောင်းသားဦးရေ ၁၀၀ ကျော်လောက် ရှိကြောင်း" HPPSG အဖွဲ့ ညှိနှိုင်းရေးမှူး ခွန်အောင်မြင့်က ပြောကြားခဲ့သည်။

HPPSG အဖွဲ့ညှိနှိုင်းရေးမှူး (၁) ခွန်ထွန်းဖြူမှ ကျန်ရှိသည့် ကျေးရွာအုပ်စုတွေမှာလည်း သွားဖို့အစီအစဉ်ရှိပြီး ရာသီဥတု အခြေအနေကို ကြည့်ပြီးတော့မှ ဆက်လက်သွားနိုင်အောင် စီစဉ်မှာဖြစ်ပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေ့ကျွန်တော်တို့ သွားခဲ့သည့်ရွာက တော်တော်ဒုက္ခရောက်ခဲ့ပါတယ် လမ်းတော်တော်ဆိုးတယ် မိုးလည်းရွာဆိုတော့ တချို့ဒေသမှာ လမ်းမကောင်းဘူးလို့ပြောတဲ့အချိန်မှာ ဒီဘက်ရွာမှာက လမ်းကိုမရှိသေး တာလို့ ပြောရမည့်အနေအထားမှာရှိတာပေါ့ လူသွားလမ်းလေးပဲရှိတာပေါ့ ကျွန်တော်တို့ အဖွဲ့ကလည်း တဘက်မှာ ဒေသန္တရဗဟုသုတ ရရှိအောင်၊ ဟိုပုံးမြို့နယ်အတွင်းမှာရှိသည့် ကျေးရွာဒေသအခက်အခဲတွေ လမ်းပန်း ဆက်သွယ်ရေးကအစပေါ့ ဒါတွေကို လေ့လာချင်တဘက်နဲ့ စုပေါင်းပြီး သွားရောက်လှူဒါန်းဖြစ်တာပါ စုပေါင်းပြီး ရွေးချယ်ခဲ့သည့် ကျေးရွာဖြစ်သောကြောင့် အခက်အခဲရှိတယ်ဆိုမယ့် ရပ်ရွာလူကြီးတွေ ကျောင်းဆရာ၊ ဆရာမတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး ကျောင်းသူကျောင်းသား ကလေးငယ်တွေ ပြုံးပျော်ရွှင်တာကိုမြင်ရတော့ ပင်ပန်းရလည်းကျိုးနပ်ပါတယ် ပျော်လည်းပျော်ပါတယ်" ဟု ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ Hopone's Pa-O Students Group (HPPSG)သည် ဒေသအတွင်းမှာရှိသည့် လူငယ်အချင်းချင်း ချိတ်ဆက်မှုအားကောင်းပြီး ပညာရေး၊ အလုပ်အကိုင်အခွင့်အရေး၊ လူငယ်အခွင့်အရေးများကို အချင်းချင်း ဖလှယ်နိုင်စေနှင့် ဒေသအကျိုးအတွက် လူမျိုးဘသာသာသနာအတွက် စသဖြင့် ခေတ်ပညာတတ် လူငယ်တွေ အနေနဲ့ တဘက်တလှမ်းကနေ စုပေါင်းပါဝင်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၎င်းဆုံဆည်းပွဲကို နှစ်စဉ်ကျင်းပ နိုင်ရန်လည်း ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခွန်ခမ်းထီ

Powered by Blogger.