Tuesday, July 10, 2018

(၆)လမှ (၂)နှစ်အထိကလေးများ ဖွံ့ဖြိုးကြီးထွားဖို့ ကျွေးမွေးပြုစုကြပါစို့

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလှိုင်လ (၁၁) ရက်


ပြီးခဲ့သည့်လတွင် မှန်ကန်သော ကျွေးမွေးပြုစုနည်းဖြင့်( ၆)လအောက်ကလေးများကို ပြုစုစောင့် ရှောက်ခြင်းဆိုသည့် ဆောင်းပါးကို ရေးသားခဲ့ပြီးဖြစ်ပါသည်။ ထိုဆောင်းပါးတွင် (၆)လအောက်ကလေး များကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ကြောင်း၊ မိခင်ဝမ်းမှ မွေးဖွားလာသည်နှင့် နို့ဦးရည်ကို တစ်နာရီအတွင်း တိုက်ကျွေးသင့်ကြောင်း၊ မိခင်နို့သည်မွေးစမှ (၆)လအထိကလေးအတွက် လုံလောက်သော အာဟာရဓါတ်ရရှိနိုင်ကြောင်းနှင့် အခြားသော ဖြည့်စွက်အစားအစာများကို ကျွေးမွေးလျှင် ကလေးအတွက် ပို၍ပင်အန္တရာယ်ဖြစ်စေနိုင်သည့်အကြောင်းကို ရေးသားခဲ့ပြီးဖြစ်ပါသည်။ ယခုတစ်ပတ် တွင် ၆လမှ ၂နှစ်အရွယ် ကလေးများကို မည်ကဲ့သို့ကျွေးမွေးပြုစုရမည်ကို အဓိကရေးသား တင်ပြမည်ဖြစ်ပါသည်။ ဤဆောင်းပါးကို မိမိတက်ရောက်ခဲ့သော သင်တန်းမှ ရရှိသည့် အချက်အလက်များ၊ ဗဟုသုတများနှင့် အတွေ့အကြုံများအပေါ်အခြေခံ၍ မိခင်လောင်းဖြစ်လာမည့် သူများနှင့် ကလေးပြုစုစောင့်ရှောက်နေသော မိခင်များကို သိစေလို၍ ထပ်မံရေးသားရခြင်းဖြစ်ပါသည်။

မိခင်နို့ရည်သည် (၆)လမှ(၁၁)လ အရွယ်အထိ ကလေးများလိုအပ်သော စွမ်းအင်ထက်ဝက်ကိုသာ ပေးနိုင်မည်ဖြစ်သည်။ တစ်နည်းဆိုရသော် မိခင်နို့ရည်သည် (၆)လမှ (၁၁)လကြားအရွယ်ကလေး များလိုအပ်သည့်အာဟာရဓါတ် (၆၀%)ကိုသာပေးနိုင်မည်ဖြစ်ပါသည်။ ကျန်ထက်ဝက်ကို အခြား ဖြည့်စွက်စာနှင့် အာဟာရရရှိသော အစားအစာကျွေးမွေးမှသာ ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် (၁၂)လမှ (၂)နှစ်အရွယ်လေးငယ်များအတွက် မိခင်နို့ရည်သည် လိုအပ်သော အာဟာရဓါတ်(၄၀%)ကိုသာ ပေးနိုင်သည်။ အာဟာရဓါတ်သည် (၆)လအထက်ကလေးအတွက် လုံလောက်သော သံဓါတ်နှင့် ဗီတာမင်အေပါဝင်မှုမရှိသည့်အတွက် အခြားအာဟာရရှိသော အစားအစာများကိုစားသုံးမှသာ လိုအပ် သော အာဟာရဓါတ်ကိုရရှိမည်ဖြစ်သည်။ (၆)လအထက်ကလေးအရွယ်မှစ၍ အစာ(၃)အုပ်စုမှ အခြား အစားအစာများကို စားသုံးရန်နှင့် အစာချေရန် အဆင်သင့်ဖြစ်ပြီဖြစ်သည်။

(၆)လနှင့် (၂၃)လကြားအရွယ် ကလေးငယ်များသည် မိခင်နို့အပြင် အခြားအာဟာရရရှိသော အစားအစာအမျိုးမျိုးကို စားသုံးပါက ကြီးထွားမှုပို၍ မြန်ဆန်ပြီး ဖျားနာခြင်းနည်းပါးသွားပါသည်။ အစားအစာကျွေးခြင်းဆိုသည့်နေရာမှာ ကလေးကို အထူးအစားအစာကျွေးမွေးရန်မလိုအပ်ပါ။ မိမိတို့ မိသားစုဝင်များ စားသောက်သည့် အစားအစာကိုပင် ကလေးမျိုချသည့်အခါ လွယ်ကူစေရန် အစာကိုချေ၍ ပျော့အောင်ပြုလုပ်ပြီး ကျွေးနိုင်သည်။ အဖတ်များ စတင်စားချိန်တွင် လည်ချောင်းတွင် နင်စေမည့် အစာများကိုမကျွေးမိရန် သတိထားရမည်ဖြစ်သည်။ ဥပမာ - ကြက်သားတုံးများကျွေး သည့်အခါ နုတ်နုတ်စဉ်းခြင်းနှင့် သားငါးများမှ အရိုးများကိုဖယ်ရှားပေးရမည်။ ကလေးများ၏ အစာချေ စနစ်နှင့် အစာမျိုလမ်းကြောင်းသည် လူကြီးများကဲ့သို့ ဖွံ့ဖြိုးမှုမရှိသေးသည့်အတွက် အရွယ်ရောက် သူများထက် မကြာခဏကျွေးပေးရန် လိုအပ်ပြီး အစားအစာကျွေးမွေးသည့်အခါ အစာ(၃)အုပ်စု ပါရန်လည်း လိုအပ်ပါသည်။ အခြားအာဟာရမှုန့်များ၊ ဖော်မြူလာဖြင့် ပြုလုပ်ထားသော နို့မှုန့်များကို ကျွေးလျှင် ကလေးအတွက် ရေရှည်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေသည့်အပြင် မိသားစုအသုံးစရိတ်ကိုလည်း တိုးလာစေသည်။ နို့မှုန့်သည် တာရှည်ခံပစ္စည်းဖြင့် ပြုလုပ်ထားသည့်အပြင် အခြားမိမိတို့မသိနိုင်သည့် ဓာတုပစ္စည်းများနှင့် ပြုလုပ်ထားသောကြောင့် ကလေးအတွက် အစာအာဟာရကိုမရရှိနိုင်ပါ။ အာဟာရရှိ သောအစားအစာများကို ကျွေးမွေးမှသာ ကလေးငယ်များသည် လျင်မြန်စွာ ဖွံ့ဖြိုးကြီးထွားပြီး အာဟာရ ချို့တဲ့မှုမဖြစ်အောင် ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

နှစ်နှစ်အောက်ကလေးများကို အရွယ်ရောက်သူများထက်ဖြည့်စွက်စာကို အကြိမ်ရေပိုများစွာ ပိုကျွေးရမည်ဖြစ်ပြီး ကလေးအသက်အရွယ်ပေါ်မူတည်၍ ကျွေးမွေးရသည်။ မိခင်နို့တိုက်ကျွေးခြင်းကို ကလေး(၂)နှစ်အရွယ်(သို့) (၂)နှစ်ကျော်သည်အထိဆက်လက်တိုက်ကျွေးသင့်ပါသည်။ ထို့ပြင် ကလေး ငယ်ကို ဖြည့်စွက်စာကျွေးသည့်အခါ အတင်းမကျွေးဘဲ စိတ်ရှည်ရှည်ထားပြီး ၎င်းတို့အစာစားချိန်တွင် ပျော်ရွှင်အောင်ထားပြီး ၎င်းတို့အားချီးကျူးရပါမည်။ အစာမစားမီ သို့မဟုတ် အစာစားနေချိန်တွင် ရေအများအပြားမတိုက်သင့်ပါ။ အစားအစာစားခါနီးတိုင်း  အစာကျွေးမည့်သူကိုယ်တိုင်နှင့် ကလေး၏ လက်ကို ဆပ်ပြာဖြင့်ဆေးပေးရန်လိုအပ်ပါသည်။ ကလေး၏ ပန်းကန်ခွက်နှင့် အစားအစာများသည်လည်း သန့်ရှင်းဖို့ရန်လိုအပ်ပါသည်။ သို့မှသာ ညစ်ညမ်းမှုကို ရှောင်ရှားနိုင်မည်ဖြစ်၍ ရောပါပိုးမဝင်အောင် ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး ကလေးလည်းကျန်းမာမည်ဖြစ်သည်။

ထို့ကြောင့်ကလေးငယ်အား အနည်းဆုံး နှစ်နှစ်အရွယ်အထိ မိခင်နို့ကို ဆက်လက် တိုက်ကျွေး ရန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် မိခင်နို့ချိုသည် ကလေးငယ်အား ရောဂါဘယရန်မှ ကာကွယ်ပေးသည့်အပြင် မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်နှင့်ကလေးကြားဆက်ဆံရေးကိုလည်း အားကောင်းစေပါသည်။ (၂)နှစ်အောက်ကလေးများကို မှန်ကန်စွာ ပြုစုကျွေးမွေးမှုမရှိလျှင် ကလေးများ ဖွံ့ဖြိုးကြီးထွားမှု နောက်ကျသွားမည်ဖြစ်သည့်အတွက် အထူးခရုစိုက်ရန်လိုအပ်ပါသည်။ ဤသို့ဖြင့် (၆)လမှ (၂)နှစ်ကလေးများအား မှန်ကန်စွာ ကျွေးမွေးပြုစုပါက  အာဟာချို့တဲ့မှုကို ကာကွယ်ပေးပြီး လျင်မြန်စွာ ဖွံ့ဖြိုးကြီးထွားကာ မိမိတို့နိုင်ငံနှင့် လူမျိုးအတွက် အကျိုးပြုနိုင်သော အနာဂတ်မျိုးဆက်သစ် ကလေးများဖြစ်လာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

ခြဲုင်းမူးပေး(စန္တာခမ်း)


Powered by Blogger.