Tuesday, October 2, 2018

စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အနာဂတ်တွင် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ “အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်း'' သင်ကြားပို့ချ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်





ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ပင်ဖြစ်စံပြကျေးရွာ၊ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးရုံးတွင် “အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်း'' ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနနှင့် ရပ်စောက်မြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)တို့ပူးပေါင်း၍ ၂၀၁၈-ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

နံနက် ၉း၀၀ အချိန်တွင် သင်တန်းအခန်းအနားကို စတင်ရာ သင်တန်းသို့ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်စံပြကျေးရွာရှိ ဒေသခံသမာဓိပုဂ္ဂိုလ်လူကြီး(၆)ဦး၊ သင်တန်း သူသင်တန်းသား(၂၉)ဦးအပါအဝင် စုစုပေါင်း(၃၅)ဦးခန့်တက်ရောက်ပြီး ရပ်စောက် မြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဥက္ကဌ ဦးခွန်စံသိန်းမှ အဖွင့်အမှာစကား ပြောကြားရာ တွင် “ယခုသင်တန်းသို့တက်ရောက်လာသည့် သင်တန်းသူသင်တန်းသား များသည် ကိုယ်ပိုင်လုပ်ငန်းကြီးငယ်မဟူလုပ်ကိုင်နေသောသူများဖြစ်သည့်အလျောက် ဒီကနေ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိမှ သင်တန်းနည်းပြများမှ လာရောက်ဆွေးနွေးဖလှယ်ပေးမည့် အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် တက်ရောက်လာကြသည်ဟုယုံကြည်ပါသည်။ ယခုသင်တန်းသည် အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ပါသော်လည်း သင်တန်းသူသင်တန်းအနေဖြင့် ပေါ့ပျက်ပျက်ဟု မှတ်ယူခြင်းမပြုကြပဲ မိမိနှင့်ကိုက်ညီမှုရှိသော သင်ခန်းစာများနှင့် အသိပညာ အတတ်ပညာဗဟုသုတများကို ရနိုင်သလောက်ယူတတ်စေလိုပြီး ယခုသင်တန်းကို တန်ဖိုးထားကာ အပြန်အလှန်လေးစားမှုရှိရှိဖြင့် အချိန်ပြည့် မပျက်မကွက် သင်တန်းကာလပြီးဆုံးသည်အထိ တက်ရောက်ကြပါရန်”စသည်ဖြင့် ပြောကြား သွားခဲ့ပါသည်။

ဆက်လက်ပြီး သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းရင်းကို ရပ်စောက်မြို့နယ်၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO) အတွင်းရေးမှူး ဦးခွန်သန်းဝင်းမှ “ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ အသိမိတ်ဆွေနှင့်တွေ့ဆုံရာမှ ၎င်းမိတ်ဆွေသည် ယခုအတောအတွင်းတွင် ပအိုဝ်းရပ်ရွာဒေသများသို့ စွမ်းရည်မြှင့်သင်တန်း၊ ခေါင်းဆောင်မှုသင်တန်း၊ အခြေခံအစာအာဟာရသင်တန်းနှင့် အခြေခံစီးပွားရေး သင်တန်း စသည့်သင်တန်းများကို သွားရောက်ပိုချသင်ကြားပေးလျက်ရှိကြောင်း စသည်ဖြင့်စကားစပ်မိရာ မိမိတို့ရပ်စောက်မြို့နယ် ပင်ဖြစ်ဒေသတွင် အထက်ပါ သင်တန်းများ ဖွင့်လှစ်မှုအားနည်းနေသေးသည်ကိုတွေးမိရာ မိမိတို့ဒေသတွင် သင်တန်း များဖွင့်လှစ်နိုင်မည်ဆိုပါက ဒေသခံပြည်သူများအတွက် အသိအမြင် ဗဟုတများ ပိုမိုရရှိလာပြီးအကျိုးရှိမည်ဟုထင်ကာ ယခုအခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ယခုမိမိတို့ဒေသတွင် စီးပွားရေးလုပ်ငန်းရှင်များ ပိုမို ပေါ်ပေါက်လာစေရန် ရည်ရွယ်ကြောင်း၊ လုပ်ငန်းရှင်များအတွက်လည်း  မိမိတို့၏ လုပ်ငန်းများပိုမိုတိုးတက်ကောင်းမွန်လာအောင် မိမိတို့လုပ်ငန်းနှင့် ကိုက်ညီအပ်စပ်မှုရှိ သော သင်ခန်းစာဗဟုသုတများကို အပြန်အလှန်ဆွေးနွေးကြပြီး ရယူနိုင်ကြပါစေ ကြောင်းနှင့် မိမိ၌ရှိနှင့်ပြီးသား အရည်အချင်းနဲ့ ဒီသင်တန်းမှရရှိလာမည့် အသိပညာ ဗဟုသုတနဲ့ပေါင်းစပ်ပြီး မိမိတို့အတွက်၊ ရပ်ရွာ၊ လူထု၊ လူမျိုးနှင့်နိုင်ငံအတွက် အသုံးတည့်မည့်အရာများ၊ မှတ်သားသင့်မှတ်သားထိုက်သည့် အရာများကို မှတ်သားပြီး လက်တွေ့မှာ အကျိုးရှိရှိအသုံးချနိုင်အောင်ဆိုပြီး ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု” ပြောကြား သွားခဲ့ပါသည်။

ထို့နောက် သင်တန်းနည်းပြ ခွန်ထက်အောင်မှ မိမိတို့အနေဖြင့် အမျိုးသားရေး တာဝန်ကို ထမ်းဆောင်နေသည်အလျောက် ယခင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ(၃)မြို့နယ်အတွင်းရှိ ဒေသများတွင် ဒေသခံပြည်သူများအတွက် အသိပညာ အတတ်ပညာစွမ်းရည်များ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ အမြင်ဖွင့်သင်တန်းများ ဖွင့်လှစ်ပိုချပေးလျှက်ရှိရာ ယခုနောက်ပိုင်းတွင် အခြားမြို့နယ်အတွင်းရှိ ပအိုဝ်းဒေသ များသို့ ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်ပို့ချပေးနိုင်ရန်ရည်ရွယ်ပြီး ဒေသခံတာဝန်ရှိပုဂ္ဂိုလ် များနှင့် ဆက်သွယ်ညှိနှိုင်းရာမှ ဒေသခံများ၏လိုအပ်ချက်နှင့်ကိုက်ညီသော သင်တန်းကို လာရောက်ဖွင့်လှစ်ပို့ချပေးရခြင်းဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာဘာသာရပ်များကို အကျဉ်းချုပ် ရှင်းလင်းပြောကြားပြီးနောက် နံနက် (၁၀း၃၀)နာရီ အချိန်တွင် သင်တန်းကို စတင်ခဲ့ ပါသည်။

အဆိုပါသင်တန်းကို ၂၀၁၈-ခုနှစ်၊ အောက်ဘာလ(၂)ရက်နေ့မှ (၄)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် အကယ်၍ အခြားမြို့နယ်ဒေသများ တွင်လည်း အထက်ပါသင်တန်းများကို လာရောက်ဖွင့်လှစ်သင်ကြားပို့ချစေလိုပါက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆက်သွယ် ညှိနှိုင်းနိုင်ပါကြောင်း သတင်းရရှိပါသည်။

ခွန်ကတောင်လေ
ခမ်းစန္တာ;ဟေ့,
Powered by Blogger.