Thursday, July 4, 2019

တောင်ကြီးမြို့တွင် ပအိုဝ်းဒေသအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလှိုင်လ (၄) ရက်


မြန်မာနိုင်ငံအစိုးရ - SECO UN-Trade Cluser Fund တို့ ပူးပေါင်းဆောင်ရွက်သည့် ကုန်သွယ်ရေးနှင့်ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည်မြှင့်တင်ရေးစီမံကိန်း ပအိုဝ်းဒေသအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို ၂၀၁၉-ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲမှာ နိုင်ငံတကာအကြံပေးပုဂ္ဂိုလ်များအား ကက္ကူတွင် ညအိပ်ခွင့်ပြုရန် တောင်းဆိုခြင်းကိစ္စ၊ ကက္ကူအတွင်းရှိ အခြားသော ခရီးသွားသူများ၏ ဆွဲဆောင်နိုင်သော နေရာအကြောင်းများ၊ ဒေသတွင်း ထုတ်ကုန်မြှင့်တင်ရေးနှင့် ဒေသခံပြည်သူလူထု ပါဝင်နိုင်ရေးနှင့်ပတ်သက်ပြီး ခရီးစဉ်ရှာဖွေရေး၊ ကျေးရွာများမှ လိုအပ်သော အချက်အလက်များ စုဆောင်းခြင်း စတဲ့အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

၎င်းဆွေးနွေးပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်၊ CITPAR ၊ GIC တို့မှ တာဝန်ရှိသူများက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခွန်မျင်မိုရ်


Powered by Blogger.