Thursday, March 26, 2020

တောင်ကြီးမြို့နယ်အတွင်းရှိ ကန်ကြီးရပ်ကွက်မှ သမိုင်းဝင်မွေတောက်ကက္ကူဘုရားအထိ လမ်းပိုင်း နှင့် ကျောင်းထို - နောင်ယာဆိုင်းလမ်းပိုင်းအား လမ်းအဆင့်မြင့်တင်ပေးပါရန်နှင့် ဆောင်ရွက်ပေး မည့် အစီအစဉ်နှင့် စပ်လျဉ်း၍ သိရှိလိုခြင်း။

တောင်ကြီး၊ မတ်လ (၂၆) ရက်


ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရှမ်းပြည် နယ်၊ မဲဆန္ဒနယ်အမှတ်(၉)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေမှ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကံကြီးရပ်ကွက်မှ လွယ်ကောင်း - နောင်ကား - ဝင်းယ - ဝါးလ - ဟမ်းဆီး - ကက္ကူဘုရားလမ်းပိုင်းနှင့် ကျောင်းထိုကျေးရွာအဝင်ရှိ ကက္ကူဘုရားလမ်းခွဲမှ နောင်ယာ ဆိုင်းကျေးရွာလမ်းဆုံထိ  လမ်းပိုင်းနှစ်ပိုင်းအား ဆောင်ရွက်ရန်ကျန်ရှိသည့် လက်ရှိ (၁၂)ပေအကျယ် ကတ္တရာလမ်းမှတစ်ဆင့် (၁၈)ပေအကျယ်လမ်းအဖြစ်သို့ ဆက်လက်ဆောင်ရွက်ပေးနိုင်ပါရန် ဒေသခံ ပြည်သူများနှင့် ၄◌င်းလမ်းကိုအသုံးပြုသည့် မိဘပြည်သူများကိုယ်စား ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့ပါသည်။

အဆိုပါ မေးခွန်းမေးမြန်းခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားရာ တွင် တောင်ကြီးမြို့အထွက် ကံကြီးရပ်ကွက်မှ သမိုင်းဝင်မွေတော်ကက္ကူဘုရားအထိ လမ်းပိုင်းနှင့် ကျောင်းထိုကျေးရွာအဝင်ရှိ ၄◌င်းဘုရားလမ်းခွဲမှ နောင်ယာဆိုင်းကျေးရွာလမ်းဆုံထိ  လမ်းပိုင်း တို့သည် ဆောက်လုပ်ဝန်ကြီးဌာန လမ်းဦးစီးဌာနပိုင် လမ်းများဖြစ်သော တောင်ကြီး - ဟမ်းဆီး - နောင်ယာဆိုင်းလမ်းပိုင်းနှင့် ကျောင်းထို - ကက္ကူလမ်းပိုင်းတို့ဖြစ်ပါသည်။

တောင်ကြီး - ဟမ်းဆီး - နောင်ယာဆိုင်းလမ်းပိုင်းသည် မိုင်တိုင်အမှတ် (၀/၀)မှ (၂၈/၀) အထိ လမ်းအရှည် (၂၈)မိုင်နှင့် ကျောင်းထို - ကက္ကူလမ်းပိုင်းသည် မိုင်တိုင်အမှတ် (၀/၀)မှ (၄/၅) အထိ လမ်းအရှည် (၄)မိုင် (၅)ဖာလုံတို့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းများဖြစ် ပါသည်။ (၃၀-၉-၂၀၂၀)ရက်နေ့ရှိ လမ်းအမျိုးအစားမှာ တောင်ကြီး - ဟမ်းဆီး - နောင်ယာဆိုင်း လမ်းတွင် (၁၈)ပေအကျယ် ကွန်ကရစ်လမ်း (၂)မိုင်၊ (၁၈)ပေအကျယ် ကတ္တလမ်း (၁၅)မိုင်(၇)ဖာလုံ နှင့် (၁၂)ပေအကျယ် ကတ္တရာလမ်း (၁၀)မိုင်(၁)ဖာလုံဖြစ်ပြီး ကျောင်းထို - ကက္ကူလမ်းတွင် (၁၂)ပေ အကျယ် ကတ္တရာလမ်း (၄)မိုင်(၅)ဖာလုံဖြစ်ပါသည်။

တောင်ကြီး - ဟမ်းဆီး - နောင်ယာဆိုင်းလမ်းအား ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေ ကျပ်(၃၃၂.၀၆၃)သန်းဖြင့် (၆.၅)ဖာလုံလမ်းအား မူလ (၁၂)ပေအကျယ်မှ (၁၈)အကျယ် ကတ္တရာ လမ်းခင်းခြင်း (၂)ဖာလုံအား (၁၈)ပေအကျယ် ကတ္တရာထပ်ပိုးလွှာတင်ခြင်း (၁)မိုင်အား ကတ္တရာ လမ်း အနိမ့်အမြင့်ညှိ ရေပိတ်လွှာလောင်းခြင်း၊ တံတား(၁)စင်းအား အဝင်/ထွက် မြေညှိခြင်းနှင့် သာမာန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
ကျောင်းထို - ကက္ကူလမ်းအား ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေ ကျပ်(၅၉.၄၃၇) သန်းဖြင့် လမ်းတာဘောင်ချဲ့ခြင်း၊ ကျောက်တောင်မိုင်းခွဲ၍ လမ်းချဲ့ခြင်း၊ (၆၀၀)ပေရှိ ကျောက်စီ ရေမြောင်း တည်ဆောက်ခြင်း၊ သံကူကွန်ကရစ်ရေထုတ်ပြွန် (၂)စင်းတည်ဆောက်ခြင်းနှင့် သာမန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

တောင်ကြီး - ဟမ်းဆီး - နောင်ယာဆိုင်းလမ်းပိုင်းအား ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေ ကျပ်(၂၃၇၁.၈၅၆)သန်းဖြင့် (၂)မိုင်(၂)ဖာလုံအား မူလ (၁၂)ပေအကျယ်မှ (၁၈)ပေအကျယ် ချဲ့၍ ကတ္တရာထပ်ပိုးလွှာတင်ခြင်း၊ (၆)မိုင် (၇)ဖာလုံအား ကတ္တရာထပ်ပိုးလွှာတင်ခြင်း၊ (၈)မိုင်(၆)ဖာ လုံအား လမ်းအနိမ့်အမြင့်ညှိ၍ ရေပိတ်လွှာလောင်းခြင်း၊ သံကူကွန်ကရစ် ရေထုတ်ပြွန်(၂)စင်း တည် ဆောက်ခြင်း၊ တံတား(၇)စင်းအားချဲ့ခြင်း၊ (၅၉၀၀)ပေရှိ ကျောက်စီရေမြောင်းတည်ဆောက်ခြင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် အသိပေး/သတိပေး ဆိုင်းဘုတ်များ ပြုလုပ်တပ်ဆင် ခြင်းနှင့် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေလျာထား တင်ပြ တောင်းခံထားပြီးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကျောင်းထို - ကက္ကူလမ်း ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်လျားထားရန်ပုံငွေ ကျပ်(၁၁၈၂.၁၆၃)သန်းဖြင့် (၄)မိုင်(၅)ဖာလုံအား လမ်းတာဘောင်ချဲ့ခြင်း၊ ယာဉ်အန္တရာယ်၊ လမ်းအ န္တရာယ်ကင်းရှင်းစေရန် အသိပေး/သတိပေး ဆိုင်းဘုတ်များ ပြုလုပ်တပ်ဆင်ခြင်းနှင့် သာမန်ပြင် ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေလျာထား တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)
လွှတ်တော်ရေးရာဌာန
တောင်ကြီးမြို့

Powered by Blogger.