Wednesday, December 3, 2014

ရှမ်းပြည်နယ်သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်းဆွေးနွေးပွဲ

တောင်ကြီး၊ ၂၀၁၄- ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်


 ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက် ကုလသမဂ္ဂဖွံ့ဖြိုးမူအစီအစဉ် UNDP နှင့် ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်များရှိသတင်းမီဒီယာအဖွဲ့အစည်းများ၊ တောင်ကြီးမြို့ပေါ်ရှိ သတင်းမီဒီယာအဖွဲ့အစည်းများ ပူးပေါင်းကျင်းပသော ရှမ်းပြည်နယ်အတွင်းသတင်းမီဒီယာဖွံ့ဖြိုးရေး စကားဝိုင်းဆွေးနွေးပွဲကို တောင်ကြီးမြို့ပေါ်ရှိ ချယ်ရီကွင်းဟိုတယ်အတွင်း အခမ်းအနားဖွင့်လှစ် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
အခမ်းအနားသို့ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်များမှ သတင်းမီဒီယာ အဖွဲ့အစည်းများ တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စိုးစိုးထွန်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး  (Area Office Coordinator UNDP/Shan State) မှ ဦးမြတ်သူ နူတ်ခွန်းဆက် စကားပြောကြားကာ၊ သတင်းမီဒီယာမှ ကိုယ်စားလှယ် ဒေါ်မြ၀န်းရံ ( ပဲ့တင်သံ၊ရန်ကုန်တိုင်းသတင်းဂျာနယ်) မှ ကြိုဆိုနူတ်ဆက် စကားပြောကြာပြီး၊ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်နှင့် မျှော်မှန်းရလဒ်များကို တင်ပြဆွေးနွေးပြီး မှတ်တမ်းတင် ဓာတ်ပုံများရိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ဆွေးနွေးပွဲတက်ရောက်လာသူများမှ ရှမ်းပြည်နယ်အတွင်း သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပက်သက်၍ လိုအပ်ချက်များ၊ အခွင့်အလမ်းများပေါ်တွင် အသိအမြင်ချင်း ဖလှယ်နိုင်ရန်နှင့် ရှေ့ ဆက်ဆောင်ရွက်သင့်သည့်နည်းလမ်း၊ လုပ်ငန်းစဉ်များကိုဆွေးနွေး အကြံပြုနိုင်ရန်၊ ရှမ်းပြည်နယ်တောင်ပိုင်း မီဒီယာကွန်ရက်ကို ဖွဲ့စည်းခြင်းဖြင့် ၎င်းတို့၏ ပိုမိုကောင်းမွန်သောပေါင်းစည်းအားဖြင့် အချင်းချင်းကြားတွင် သတင်းအချက်အလက်များလွယ်ကူစွာ မျှဝေနိုင်ရန် နှင့် တွေ့ဆုံဆွေးနွေးပွဲမှတဆင့် ဒေသတွင်းရှိ အစိုးရဌာနများ၊ လွှတ်တော် နှင့် သတင်းမီဒီယာ အဖွဲ့အစည်းများကြားတွင် ယုံကြည်မူတိုးမြင့်လာစေရန် စသည်တို့ဖြစ်သည်။
၎င်းဆွေးနွေးပွဲရလဒ်များနှင့် သဘောထားထုတ်ပြန်ကြေညာချက်များမှာ-
၁။ ရှမ်းပြည်နယ်အတွင်း သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်မူ ရရှိရေးအတွက် သတင်းသမားအချင်းချင်း ပေါင်းစည်းလုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း
၂။ ရှမ်းပြည်နယ်အတွင်း ပြည်သူ့ဝန်ဆောင်မူ သတင်းမီဒီယာ အမှန်တကယ် ပွင့်လင်းလွတ်လပ်မူ ရစေရန် ဌာနဆိုင်ရာများ၊ အရပ်ဘက် လူမူအဖွဲ့အစည်းများနှင့် ချိတ်ဆက်သတင်းရယူမူ လွယ်ကူရန် လိုအပ်ကြောင်း
၃။ စကားဝိုင်းဆွေးနွေးပွဲမှ ရှမ်းပြည်နယ်တောင်ပိုင်း မီဒီယာ ကွန်ရက် ဖွဲ့စည်းခြင်းဖြင့် သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်
၎။ ဖွဲ့စည်းထားသော ကွန်ရက် နှင့် ပြည်နယ်အစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာ အရပ်ဘက်လူမူ အဖွဲ့အစည်း အသီးသီးအကြား အသိအမှတ်ပြု အားပေးမူ ရယူသွားရန်
၅။ ကွန်ရက်သည် ရှေ့လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်သွားရန်
၆။ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် ပုံနှိပ်မီဒီယာ နှင့် အသံလွှင့်မီဒီယာများပေါ်ထွက်လာစေရန် ကြိုးပမ်းအားထုတ်သွားရန် စသည်တို့ ဖြစ်ကြောင်းသိရှိရပါသည်။
ဆက်လက်၍ ညနေ (၆) နာရီခွဲတွင် ချစ်ကြည်ရင်းနှီးစွာ အတူတကွ ညစာစားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိပါသည်။

ခွန်အောင်မျိုးဦး
Powered by Blogger.