Friday, August 18, 2017

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဗဟို ) ကျန်းမာရေးကူညီမှုအသင်း ပထမအကြိမ် ကြက်ခြေနီနှင့် ရှေးဦးသူနာပြုသင်တန်းအောင်ပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်

 






ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဗဟို) မှ ကျန်းမာရေးကူညီမှုအသင်း နှင့် ရှမ်း/တောင်ကြက်နေခြနီအသင်းတို့ ပူးပေါင်းပြီး ပထမအကြိမ် ကြက်ခြေနီနှင့် ရှေးဦးသူနာပြုသင်တန်းအောင်ပွဲကို သြဂုတ်လ (၁၈) ရက်၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးဖွံ့ရေး (ဒဲဉ်သီးဗွေ) ကွင်းတွင် ကျင်းပကြောင်းသိရသည်။

အဆိုပါအောင်ပွဲအခမ်းအနားသို့ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဗဟို) ဥက္ကဋ္ဌ ဖြားခွန်ဝင်းကို မှ အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ တွဲဖက်အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဠ် မှ ပြောကြားချက်မှာ ယခုလိုကြက်ခြေနီသင်တန်းနှင့် ရှေးဦးသူနာပြုသင်တန်းများသည် မိမိတို့မြို့နယ်၊ ကျေးရွာဒေသများအတွင်း သဘာဝဘေးအန္တရာယ်များကို ရှေးဦးသူနာပြုနည်းဖြင့် အရေးပေါ်ကုသနိုင်အောင်၊ ကျန်းမာရေးကိစ္စရပ်များ ကူညီနိုင်အောင်၊ အရေးပေါ်ကုသသည့်နည်းများ၊ မတော်တဆထိခိုက်ဒဏ်ရာရရှိသူများ ကုသသည့်နည်းလမ်းများ၊ လူနာသယ်ယူပို့ဆောင်ခြင်းနည်းလမ်းများ ၊ ပတ်တီးစည်းပုံစည်းနည်း နည်းလမ်းများ၊ စသည့်နည်းလမ်းများကို ကုသနိုင်အောင်သင်ကြားပေးနေကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရှမ်းပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဌဒေါက်တာလှအေးမှ အဖွင့်အမှာစကား ပြောကြားရာ တတ်ကျွမ်းသည့်ဆရာ/မများဖြင့် သင်ကြားပေးနေသောကြောင့် လက်တွေ့အပြင်မှာ တကယ်အသုံးပြုနိုင်သည်ကို ယုံကြည်မိပါကြောင်း၊ ရပ်ရွာဒေသပြန်ရောက်သည့်အချိန်တွင် ဆင့်ပွားပြန်လုပ်ပေးရန်လိုအပ်ကြောင်း၊ ပတ်ဝန်းကျင်ရှိထိခိုက်ဒဏ်ရာရရှိသူများသည်လည်း အချိန်မှီပြုစုကုသပေးနိုင်ရန် ကြိုးစားကြပါကြောင်း ပြောကြားခဲ့ပါသည်။

ယခုသင်တန်းသည် သြဂုတ်လ (၉) ရက်နေ့မှ သြဂုတ်လ (၁၈) ရက်နေ့အထိ (၁၀) ရက်သာသင်တန်းဖြစ်ပြီး ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ တောင်ကြီး၊ ကျောက်တလုံး၊ ပင်လုံမြို့နယ်များမှ သင်တန်းသူ/သား (၇၂) ဦးတက်ရောက်သင်ကြားကြောင်းသိရသည်။

အဆိုပါအခမ်းအနားများကို ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဗဟို) ဥက္ကဋ္ဌ ဖြားခွန်ဝင်းကို နှင့်အဖွဲ့များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ တွဲဖက်အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဠ် နှင့်အဖွဲ့များ၊ ရှမ်းပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဒေါက်တာလှအေး နှင့်အဖွဲ့များ၊ ပအိုဝ်းတိုင်းရင်းဆေးဆရာအဖွဲ့များ၊ သင်တန်းနည်းပြဆရာ/မများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.