Thursday, February 22, 2018

စည်ကားသိုက်မြိုက်စွာ ကျင်းပသည့် ပန်းတင်ဗော်ရတနာတောင်ပေါ် ရွှေစရံဆုတောင်းပြည့်စေတီတော်ဘုရားထီးတင်ပွဲ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်








လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ဆဟောင်းကျေးရွာအုပ်စု၊ ပန်းတင်ဗော်ရတနာတောင်ပေါ် ၌ တည်ထားကိုးကွယ်တော်မူအပ်သော ရွှေစရံဆုတောင်းပြည့်စေတီတော်ဘုရားထီးတင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် တင်လှူပူဇော်ခဲ့ပါသည်။

အဆိုပါစေတီတော်မြတ်ကြီး၌ ရဟန်းသံဃာတော်များ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်စင်ဖါအောင်ခမ်းထီ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်၊ ဟိုမိန်းဌာနေပြည်သူ့စစ် ဥက္ကဋ္ဌ ဦးမဟာဂျာ၊ မျင်းမိုရ်ခမ်း ဒု - ခမ်းဗွေ ဖြားဆရာယဲုင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးအဖွဲ့ နာယက ဖြားကန်စစ် နှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံမိဘပြည်သူများ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တက်ရောက်လာသူများသည် စေတီတော်အထွတ်တွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ဌက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် ဌာပနာတော်များကို ပင့်ဆောင်၍ စေတီတော်အားလက်ယာရစ် လှည့်လည်ပူဇော်ကြပြီး မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်တွင် တင်လှူပူဇော်ခဲ့ပါသည်။

ထို့နောက် သံဃာတော်ဆရာတော်ထံ တရားတော်နာယူကာ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်စင်ဖါအောင်ခမ်းထီက ရေစက်ချအမျှပေးဝေတော်မူခဲ့ကြောင်းသိရသည်။ စေတီတော်မြတ်ကြီး ထီးတင်လှူပွဲကို ပအိုဝ်းအမျိုးသားဇာတ်သဘင် " အောင်းမာဃ" အဖွဲ့များသည်လည်း တက်ရောက်လာသည့် ထီးတင်ပွဲမိဘပြည်သူများနှင့်အတူ ဖျော်ဖြေပေးခဲ့ကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.