Wednesday, July 10, 2013
ပအိုဝ်းအမျိုးသားအဖွဲ့ အစည်းများ မြန်မာနိုင်ငံအောက်ပိုင်း ပအိုဝ်းအမျိုးသားရှိရာဒေသများသို့ သွားရောက် ရုံးသစ်တိုးချဲ့ ဖွင့်လှစ်
သက္ကရာဇ်၂၀၁၃ - ခု၊ ဇူလိုင်လ(၈) ရက်၊ ခွန်မေးလို့ (တောင်ကြီး)၊
ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်ဗဟို(ပီ အင်န်အို-ဗဟို)မှ ဟိုပုံးမြို့ နယ်ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်း ဖေ၊  အမျိုး သားလွှတ်တော်ကိုယ်စား လှယ် ဦးနေ၀င်းထွန်း၊ ပင်လောင်းမြို့  နယ် ပြည်သူ့  လွှတ်တော်ကိုယ်စား လှယ် ဦးခွန်မောင်သောင်း၊ ပအိုဝ်းစာ ပေ နှင့်ယဉ်ကျေးမှု ဗဟို(စာ/ယဉ် ဗဟို) ဒု-ဥက္ကဌ ဦးခွန် တင်မောင်နှင့် ဒု-ဥက္ကဌ ဦးခွန်မင်းကျော်၊ ပအိုဝ်းအမျိုးသမီးရေးရာအဖွဲ့ ၊ ပအိုဝ်းမော်အဖွဲ့ ၊
                           လမ်းခုလတ်တွင် လာရောက်ကြိုဆိုသည့် ပအိုဝ်းလူငယ်များ
                                        (ဓါတ်ပုံ - ခွန်မေးလို့ ၊ တောင်ကြီး)
 ပအိုဝ်းတိုင်းရင်း ဆေးဆရာများအဖွဲ့ ၊ ပအိုဝ်းလူငယ် ကွန်ယှက်အဖွဲ့ ၊ ပအိုဝ်းဒေသ လူငယ်များ စွမ်းရည်  မြင့်တင်ရေးသင်တန်းနည်းပြဆရာ ဆရာမများအဖွဲ့ ၊ ပအိုဝ်းဥပဒေအဖွဲ့ ၊ ပအိုဝ်းဂီတ သုခုမအနုပညာရှင်များအဖွဲ့  ၊ ပအိုဝ်း သွေးလှူရှင်အဖွဲ့ ၊ စသည့်ပအိုဝ်းအမျိုးသားအဖွဲ့ အစည်းများသည် သက္ကရာဇ် ၂၀၁၃ - ခု၊ ဇူလိုင်လ(၄)ရက်၊ နံနက်(၈း၃၀)နာရီအချိန်တွင် တောင်ကြီးမြို့နှင့်    နေပြည်တော်မှထွက် ခွာခဲ့ကြရာ၊ မွန်းလွဲ(၁) နာရီအချိန်တွင် ကျိုက်ထိုမြို့ သို့ ရောက် ရှိခဲ့ပြီး၊ ကျိုက်ထိုမြို့ တွင် သထုံမြို့ နယ် ပီအင်န်အိုဗဟိုဋ္ဌာနခွဲ ဥက္ကဌ ဦးခွန်တင်ရွှေနှင့်အဖွဲ့ သားများ၊ သထုံခရိုင် ပအိုဝ်းစာ/ယဉ် ဥက္ကဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ သားများမှ လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။ ထို့ နောက်၊ ပအိုဝ်းအမျိုးသားအဖွဲ့ သည် မွန်းလွဲ(၂)နာရီတွင် ဘီးလင်းမြို့ သို့ ထွက်ခွာ ခဲ့ ကြပြီး၊ ခဲမောက်ကျောင်း၊ ဘီးလင်းမြို့ နယ်၊ သထုံခရိုင်၊ မွန်ပြည်နယ်ရှိ(စင်္ကာပူ) ဆရာ တော် မဟာသဒ္ဓမ္မဇောတိကဓင်ဘဒ္ဒ န္တစန္ဒ၀ံသ၏သြ၀ါဒကို ခံယူခဲ့ကြသည်။
    ထို့ နောက်၊ အဆိုပါပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးများသည် နောင်ကုလားကျေး ရွာ၊ ပအိုဝ်းအမျိုး သားအဖွဲ့ ချုပ်(ပီအင်န်အို)ရုံးခွဲ သထုံမြို့ နယ်သို့ရောက်ရှိခဲ့ကြသည်။ ပီအင်န်အိုနှင့် ဗဟိုစာ/ယဉ်မှ ပအိုဝ်းအမျိုးသားခေါင်းဆောင်များသည် သံထုံမြို့ ရှိ ပီအင်န်အို ကိုယ်စားလှယ်များ၊ စာ/ယဉ်မှပအိုဝ်းအမျိုးသားခေါင်းဆောင်များ၊ သံထုံ မြို့ နယ်မှ ပအိုဝ်း မိဘပြည်သူ ရပ်မိရပ်ဖ များနှင့်တွေ့ ဆုံ၍ ပအိုဝ်းအမျိုးသားတို့ ၏အနာဂါတ် ရှေ့ လုပ်ငန်း များကို တိုင်ပင်ဆွေးနွေးခဲ့ ကြသည်။
ပအိုဝ်းစာ/ယဉ်ရုံးနှင့် ပီအင်န်အိုရုံးဆိုင်းဘုတ်ဖွင့်ပွဲသို့ တက်ရောက်လာသည့် ပအိုဝ်းအမျိုးသားရဟန်းသံဃာတော်များနှင့်တက်ရောက်လာသည့်ရပ်မိရပ်ဖများ
(ဓါတ်ပုံ - ခွန်မေးလို့ ၊ တောင်ကြီး)
    ည(၀ရး၀၀)နာရီအချိန်တွင် တောင်ပေါ်နှင့်မြေပြန့် ပအိုဝ်းများတွေ့ ဆုံဆွေးနွေးပွဲတွင် ခဲမောက်ကျာင်း၊  ဘီးလင်းမြို့ နယ်၊ (စင်္ကာပူ)ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓင် ဘဒ္ဒ န္တစန္ဒ၀ံသမှ အဖွင့်သြ၀ါဒ မိန့် ကြားခဲ့သည်။ ဆရာတော်မှ ပအိုဝ်းအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးအတွက်၊ တောင်ပေါ်မြေပြန့် ပအိုဝ်းတို့ ညီညီညွတ်ညွတ်စုပေါင်းကြိုးစား ကြရန်လိုကြောင်း၊ ခေါင်းဆောင်များမှ မေတ္တာရှိရှိ အနစ်နာခံ၍ ပအိုဝ်းအမျိုးသားလူငယ်များ ကို ဦးဆောင်ရန်လိုကြောင်း၊ လူငယ်များမှလည်း ဦးဆောင်နိုင်အောင် ကြိုးစားရန်လို ကြောင်း၊ သတိဝီရိယရှိရှိ အမျိုးသားအတွက် စိတ်ဓါတ်မြှင့်တင်ရန်လိုကြောင်း၊ ဆရာတော် မှ အထူးမှာကြားခဲ့ပါသည်။
စင်္ကာပူဆရာတော် မဟာသဒ္ဓမ္မဇောတိကဓင် ဘဒ္ဒ န္တစန္ဒ၀ံသမှ အဖွင့်သြ၀ါဒမိန့်  ကြားစဉ်၊
(ဓါတ်ပုံ - ခွန်မေးလို့ ၊ တောင်ကြီး)
    ထို့ အပြင်၊ အခမ်းအနားတွင် ပင်လောင်းမြို့ နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းမှ စာပေနှင့်ယဉ်ကျေးမှုဖွံ့ ဖြိုးတိုးတက်အောင်လုပ်ဆောင်ကြရန်လို ကြောင်း၊ ဘာသာစကား၊ စာပေနှင့်ယဉ်ကျေးမှု ဓလေ့ထုံးစံမပျောက်အောင် ထိန်းသိမ်း ရန်လိုကြောင်း၊ စာပေနှင့်ယဉ်ကျေးမှုဖွံ့ ဖြိုးတိုး တက်အောင်လုပ်ဆောင်ကြသည့်အခါ တစ်ခြားလူမျိုးများကို မထိခိုက်မိအောင်သတိထားလုပ်ဆောင်ကြရန်လိုကြောင်း၊ ပြည် ထောင်စုမပြိုကွဲရေးနှင့်တိုင်းရင်းသားစည်း
လုံးညီညွှတ်မှုကိုအစဉ်ရှေ့ရှုဆောင်ရွက်ရန် လို ကြောင်း၊ ယခင်က ပအိုဝ်းအမျိုးသားနိုင်ငံရေးမျက်စိကိုဖွင့်ပေးခဲ့သော အောက်ပြည် ဇာတိ ဖြစ်သည့် ဖြားဗွာဦးလှဖေနှင့်ခေါင်းဆောင်ကြီးများကို ကျေးဇူးဆပ်သည့်အားဖြင့်၊ အောက်
 ပြည်အောက်ရွာတွင်နေထိုင်သည့် ပအိုဝ်းအမျိုးသားများအတွက် ကွက်လပ်များကို ဖြည့် ဆည်းပေးလိုကြောင်း ပြောကြားသွားပါသည်။
တက်ရောက်လာသည့် ပအိုဝ်းခေါင်းဆောင်များနှင့် နယ်စုံမှရပ်မိရပ်ဖများ၊
(ဓါတ်ပုံ - ခွန်မေးလို့ ၊ တောင်ကြီး)
    ဟိုပုံးမြို့ နယ်ပြည်သူ့  လွှတ်တော်ကိုယ်စားလှယ် ပီအင်န်အို-ဗဟို အတွင်းရေးမှူး ဦးခွန်သိန်းဖေမှ မိမိအမျိုးသားများစည်းစည်းလုံးလုံးဖြင့် ဒေသအကျိုး၊ အမျိုးသားအကျိုး၊         ပြည်နယ်အကျိုး၊   ပြည်ထောင်စုအကျိုးကို ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မှာကြားသွားပါသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်နေ၀င်းထွန်းမှ၊ လူငယ်များကိုအားပေး လိုသည့်အချက်မှာ ကံတရားကိုမစောင့်ဘဲ ကိုယ့်ကိုယ်ကို ကြိုးစားအားထုတ်ရန်လိုကြောင်း၊ ဒီမိုကရေစီ အခွင့်အလမ်း ရနေသည့်ကာလတွင် ပအိုဝ်းအမျိုးသားတို့ စည်းလုံးရန်နှင့် အမျိုးသား အကျိုးစီးပွား ထွန်းကားရေး၊ ယဉ်ကျေးမှုဖွံ့ ဖြိုးတိုးတက်ရေးအတွက် စုစုစည်းစည်း လုပ်ဆောင်ကြရန်လိုကြောင်း တိုက်တွန်းပြောကြား သွားပါသည်။ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးများသည် သထုံမြို့ တွင်တစ်ညတည်းခိုခဲ့ကြ သည်။
    မဲလကျောင်းဆရာတော် ဦးယောနိက (အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)မှ သြ၀ါဒမိန့် ကြားစဉ်
(ဓါတ်ပုံ - ခွန်မေးလို့ ၊ တောင်ကြီး)
    ဇူလိုင်လ(၅)ရက်၊ နံနက်(၇) နာရီအချိန်တွင်၊ သထုံမြို့ နယ်စာ/ယဉ်ရုံးကို လည်း ကောင်း၊ (၁၀) နာရီ အချိန်တွင် မြိုင်ကလေး ပီအင်န်အိုပါတီရုံးကိုလည်း ကောင်း၊ (၁၁)နာရီ အချိန်တွင် ဖားအံမြို့ ၊ ကော့ကျိုက် ပီအင်န်အိုပါတီရုံးကို ဖွင့်လှစ်အားပေးခဲ့ကြသည်။ ဇူလိုင်လ(၆)ရက်နေ့ တွင်၊    ကော့ကရိတ်မြို့
 ရေကျော်ကြီး  ပီအင်န်အိုပါတီရုံးကို သွားရောက်အား ပေးဖွင့်လှစ်ခဲ့ကြပါသည်။
ပီအင်န်အိုမှ ဟိုပုံးမြို့ နယ်ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ၊  လှိုင်းဘွဲ့ မြို့ နယ်ရှိ ပီအင်န်အိုပါတီရုံးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ်
(ဓါတ်ပုံ - ခွန်မေးလို့ ၊ တောင်ကြီး)
ပီအင်န်အိုပါတီရုံးဖွင့်ပွဲတွင် တက်ရောက်အားပေးပါဝင်ခဲ့ကြသည့် ပအိုဝ်းခေါင်းဆောင်များ၊ ဧည့်သည့်တော်များနှင့်ဒေသခံလူငယ်များ၊
(ဓါတ်ပုံ - ခွန်မေးလို့ ၊ တောင်ကြီး)
တောင်ပေါ်မှ မြေပြန့် သို့  သွားရောက် အားပေးဖျော်ဖြေနေကြသည့်
ပအိုဝ်းသုခုမအနုပညာရှင်များ၊
(ဓါတ်ပုံ - ခွန်မေးလို့ ၊ တောင်ကြီး)
Powered by Blogger.